တောင်ကြီး သြဂုတ် ၃၁
ရှမ်းပြည်နယ် တောင်ကြီးမြို့ ပြည်နယ်
အမျိုးသမီးရေးရာ အဖွဲ့ရုံးခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက ဆင်ယင် ထုံးဖွဲ့မှု
သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပရာ ရှမ်းပြည်နယ် အမျိုးသမီးရေးရာ
အဖွဲ့နှင့် ပြည်နယ်မိခင်နှင့် ကလေး
စောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့နာယက ဒေါ်ဖြူဖြူညွန့်၊ ဥက္ကဋ္ဌ
ဒေါ်ကြည်ကြည်ဝေနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ် အမျိုးသမီး ရေးရာအဖွဲ့
ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သင်တန်း နည်းပြများနှင့် သင်တန်းသူများ တက်ရောက်
ကြသည်။ အခမ်းအနားတွင် ရှမ်းပြည်နယ် အမျိုးသမီးရေးရာ အဖွဲ့နှင့်
ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ
ဒေါ်ကြည်ကြည်ဝေက အဖွင့် အမှာစကား ပြောကြားပြီး ပြည်နယ် အမျိုးသမီးရေးရာ
အဖွဲ့နှင့်ပြည်နယ် မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့
လူနေမှုမြှင့်တင်ရေး အဖွဲ့တာဝန်ခံ ဒေါ်ခင်ချိုဝင်းက
သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး ရှမ်းပြည်နယ်
မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်ဖြူဖြူညွန့်က
သင်တန်းသို့ တက်ရောက်လာသော သင်တန်းသူများကို အားပေးစကား ပြောကြားသည်။
အဆိုပါ ဆင်ယင်ထုံး ဖွဲ့မှုသင်တန်းတွင် သင်တန်းသူ ၅ဝ ဦး ကို သင်ကြား
ပေးလျက်ရှိကြောင်း သိရသည်။
http://www.myawady.net.mm
No comments:
Post a Comment