3 September 2013

တောင်ကြီးမြို့၊ မြို့တော်ခန်းမမှာ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့်တွေ့ဆုံပွဲကျင်းပ


၂-၉-၂၀၁၃ရက်နေ့
 တောင်ကြီးမြို့၊ မြို့တော်ခန်းမမှာ ပြည်ထောင်စုလွှတ်တော်နာယကနှင့် တွေ့ဆုံပွဲအခမ်းအနား ကျင်းပခဲ့ပါတယ်. အခမ်းအနား သို့  တက်ရောက်လာသော အင်အားမှာ ပြည်ထောင်စုလွှတ်တော်နာယကနှင့်ဇနီး၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ဆင်ရေးအထူးအဖွဲ့မှူး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ၊ ပြည်ထောင်စုဝန်ကြီးဌာနမှ ဝန်ကြီး များ ဧည့်သည်တော်များ၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဌ၊ တရားလွှတ်တော်ဥက္ကဌ၊ ပြည်နယ်တရားသူကြီး ချုပ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ တိုင်းရင်းသား ရေးရာဝန်ကြီးများ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ပအိုဝ့်နှင့်ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဥက္ကဌများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်အဆင့်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ သတင်းမီဒီယာများ၊ ရပ်မိရပ်ဖများ စုစုပေါင်း တက်ရောက်သောအင်အားမှာ (၅၀၀)ကျော်ဖြစ်ပါတယ်။
ယင်းအခမ်းအနားတွင် နာယကကြီးနှင့် တက်ရောက်ပြည်သူ့ကိုယ်စားလှယ်များ လိုအပ်သည်များအား ပွင့်ပွင့်
လင်းလင်းတင်ပြပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။
HAK

No comments:

Post a Comment