
တောင်ကြီး စက်တင်ဘာ ၃
ရှမ်းပြည်နယ် ACLEM. Foundation (တောင်ကြီးဇုန်) အဖွဲ့မှ ဦးဆောင်၍
ယမန်နေ့ နံနက် ၈ နာရီက တောင်ကြီးမြို့
ကန်ကြီးရပ်ကွက်ရှိ မေတ္တာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ သွားရောက်ပြီး
ကျောင်းသား၊ ကျောင်းသူ ၁၆၅ ဦးတို့အား အဝတ်ထည့်ပုံးများ၊ စာရေးကိရိယာများ၊
ဖိနပ်များ၊ အမှိုက်ပုံးများ၊ ဖယောင်းကော်ဇောများ လှူဒါန်းခဲ့သည်။
ဆက်လက်၍ ACLEM. Foundation
(တောင်ကြီးဇုန်) အဖွဲ့မှ ကျောင်းသား၊ ကျောင်သူများအား တစ်ကိုယ်
ရေသန့်ရှင်းရေး၊ အမှိုက်များ စနစ်တကျ စွန့်ပစ်ရေး၊ အိပ်ရာ နေရာထိုင်ခင်း
သန့်ရှင်းရေး၊ သစ်ပင်စိုက်ပျိုးရာ တွင် ပြုစုခြင်း စသည်တို့ကို လက်တွေ့
ရှင်းလင်း ဟောပြောပေးကြပြီး ဧည့်လမ်းညွှန်များ (တောင်ကြီးဇုန်) အဖွဲ့နှင့်
မေတ္တာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ကျောင်းသား၊ ကျောင်းသူများနှင့် အတူ
သရက်၊ ထောပတ်၊ ကုက္ကို၊ ပနားမားငု၊ စိန်ပန်းပြာ၊ ကံ့ကော် စသည့်
ပျိုးပင်ပေါင်း ၂ဝဝ ကျော်ကို ကျောင်းပတ်ဝန်း ကျင်တွင် စိုက်ပျိုးခဲ့ကြောင်း
သတင်း ရရှိသည်။
http://www.myawady.net.mm
No comments:
Post a Comment