11 September 2013

သုံးဘီးယာဉ်ကို ရှောင်တိမ်းရာမှ ယာဉ်တိမ်းမှောက် အမျိုးသားနှစ်ဦး သေဆုံး

 သုံးဘီးယာဉ်ကို ရှောင်တိမ်းရာမှ ယာဉ်တိမ်းမှောက် အမျိုးသားနှစ်ဦး သေဆုံး
မြစ်ကြီးနား  စက်တင်ဘာ  ၁ဝ
ကချင်ပြည်နယ်  မြစ်ကြီးနားမြို့ မြို့ပေါ်ရပ်ကွက် အတွင်း ယမန်နေ့က ဧရာဝတီ မြစ်ကမ်းနားလမ်းတွင် ရပ်ထားသည့်  ယာဉ်ကို တိမ်းရှောင် မောင်းနှင်ရာမှ လမ်းမြေသား ပဲ့ကျကာ  ယာဉ်မှာ ဧရာဝတီမြစ် အတွင်း ထိုးကျသွားပြီး ကားခေါင်းခန်းတွင် စီးနင်းသည့် ယာဉ်မောင်းနှင့် လိုက်ပါ စီးနင်းသူ တို့ သေဆုံးသွားခဲ့သည်။
ဖြစ်စဉ်မှာ ယမန်နေ့ ညနေ ၄ နာရီက မြစ်ကြီးနားမြို့ ကချင်စုရပ်ကွက် မြစ်ဖျားဧရာ စက်လှေဆိပ်(လဖဆိပ်)လမ်းတွင် တောင်မှမြောက်သို့ ကမ်းနားလမ်း အတိုင်း  မောင်းနှင်လာသော ၆က/-----ဖိုးဝှီး အမျိုးအစား ခဲရောင် မော်တော်ယာဉ်ကို   စိုးမိုးအောင်(ခ)အရှည်ကြီး မောင်းနှင်၍ ၎င်းနှင့်အတူ အိုက်ပန် အတူစီးကာ ယာဉ်နောက်ပိုင်းတွင်  စန်းမောင်၊ ကျော်သူလှိုင်၊ အောင်ကိုဝင်းနှင့် ကျော်ဘ(ခ) မင်းရန်သိန်းတို့ စီးလာသော မော်တော်ယာဉ်သည် စက်လှေဆိပ် အရောက်တွင် လမ်းဘယ်ဘက်  ရပ်တန့်ထားသော  သုံးဘီးယာဉ်ကို  ရှောင်တိမ်း မောင်းနှင်ရာမှ မြစ်ကမ်းဘေး မြေသား ပဲ့ကျကာ ဧရာဝတီမြစ် အတွင်း  ယာဉ်ပြုတ်ကျသွား ခဲ့ပြီး  ကားခေါင်းခန်းတွင် စီးနင်းသူ စိုးမိုးအောင်(ခ) အရှည်ကြီး  ၄၅  နှစ်နှင့်  အိုက်ပန် ၂၈ နှစ်တို့နှစ်ဦးမှာ  သေဆုံးသွားခဲ့ပြီး ယာဉ်နောက်ပိုင်း စီးနင်းသူ လေးဦးအား ရပ်ကွက်နေ ပြည်သူများ၏ ဝိုင်းဝန်း ကူညီမှုကြောင့်  အသက်ရှင်လျက် ကယ်တင် ရရှိခဲ့ကြောင်း  သိရသည်။
http://www.myawady.net.mm

No comments:

Post a Comment