
လန်ဒန် စက်တင်ဘာ ၂၁
ဗြိတိသျှ သိပ္ပံပညာရှင်များသည် ကမ္ဘာ့လေထု၏
အစွန်အဖျား အတွင်း၌ သက်ရှိ အမှုန်များကို တွေ့ရှိခဲ့ပြီးနောက် လေထု အထက်လွှာ၌
ဂြိုဟ်သားများ နေထိုင်သည်ဟူသော ကိစ္စရပ်နှင့် ပတ်သက်သည့် ပထမဆုံးသော သက်သေ
အထောက်အထားများကို ပထမကြိမ် တွေ့ရှိခဲ့ သည်ဟု သိရသည်။
အထက်လေထု အတွင်း၌ အခြားဂြိုဟ်မှ သက်ရှိ
အမှုန်အမွှားများကို တွေ့ရှိခဲ့ရခြင်းသည် ယခင်က ယူဆထားခဲ့သည့်
အယူအဆများနှင့် လုံးဝဆန့်ကျင်ဘက် ဖြစ်နေသည့် အပြင် ဇီဝဗေဒနှင့် ဆင့်ကဲဖြစ်
စဉ်များ အပေါ်တွင် ယခင်က ယူဆထားသည့် အမြင်များကိုလည်း
ပြောင်းလဲပစ်ကြောင်း သိပ္ပံပညာရှင် တစ်ဦးဖြစ်သူ ပါမောက္ခ မီလ်တန်ဝိမ်း
ရိုက်တ်က ပြောကြားထားသည်။
လေထု အတွင်း၌ တွေ့ရှိခဲ့ရသည့်
အမှုန်များသည် ထူးဆန်းသည့် မျိုးစိတ်များ ဖြစ်ကြောင်း၊ ၄င်းတို့ကို
ကွန်ပျူတာပေါ်တွင် အကြီးချဲ့၍ ကြည့်ခဲ့ရာတွင် ၄င်းမျိုးစိတ်များတွင်
နှာခေါင်း ပေါက်နှစ်ေ ပါက် ပါရှိကြောင်း၊ ယင်းမျိုးစိတ်ကို
ဖန်သားပြင်ပေါ်တွင် တွေ့ရှိခဲ့ချိန်တွင် မယုံကြည် လောက်အောင်
ဖြစ်ခဲ့ရကြောင်း၊ ဂြိုဟ်သားများနှင့် ပတ်သက်၍ လွန်ခဲ့သော ၁၂ နှစ်အတွင်း
သုတေသန ပြုမှုများ လုပ်ဆောင် ခဲ့သော်လည်း ယခုကဲ့သို့သော တွေ့ရှိမှုကို
တစ်ကြိမ် တစ်ခါမျှ မတွေ့ရှိ ခဲ့ဖူးကြောင်း ဝိမ်းရိုက်တ်က ပြောကြားသည်။
ယင်းတွေ့ရှိမှုနှင့် စပ်လျဉ်း၍ သိပ္ပံပညာ ရှင်များက စစ်ဆေးမှုများ ဆက်လက်
ပြုလုပ်လျက် ရှိကြောင်း သိရသည်။
http://www.myawady.net.mm
No comments:
Post a Comment