
တောင်ကြီး စက်တင်ဘာ ၆
ရှမ်းပြည်နယ်၏ အထင်ကရ မြို့ကြီးဖြစ်သည့်
တောင်ကြီးမြို့ ကုန်ခြောက် သားငါးဈေးကြီးကို အဆင့်မြင့် ဈေးသစ်ကြီး
တည်ဆောက်တော့မည် ဖြစ်၍ ၄င်းဈေးတွင် ရောင်းချနေသည့် ဈေးသူ၊ ဈေး သားများ
အခက်အခဲ မဖြစ်စေရန် မြို့မဈေးကြီး မြောက်ဘက်ရှိ ကုန်သည်လမ်း
ဝဲ/ယာတို့ကို ယမန်နေ့ နံနက်ပိုင်းက သီဟဖွံ့ဖြိုးရေး ကုမ္ပဏီမှ
တာဝန်ရှိသူများက ယာယီဆိုင် ခန်းများ တည်ဆောက်ရန် အတွက် မြေနေရာ ချထားခြင်း၊
မြေကျင်းများ တူးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်။
''ဈေးသည်တွေ ရောင်းချဖို့ အဆင်ပြေအောင်
ယာယီဆိုင်ခန်း အနေနဲ့ ကုန်သည် လမ်းဝဲ/ယာ မှာ ဆိုင်ခန်းပေါင်း ၂၅၉ ခန်းနဲ့
ညဈေးတန်း၊ နာရီစင်ဘက်မှာ ၉၆ ခန်းကို တည်ဆောက် ပေးသွားမှာပါ'' ဟု ကုမ္ပဏီ
တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ကြောင်း သိရသည်။
http://www.myawady.net.mm
No comments:
Post a Comment