တောင်ကြီး စက်တင်ဘာ ၁၁
ရှမ်းပြည်နယ် မူဆယ်မြို့ (၁ဝ၅)မိုင်
နယ်စပ် ကုန်သွယ်ရေး ဇုန်အထွက် မူဆယ် မောင်းတံဂိတ်တွင် ယမန်နေ့ မွန်းတည့် ၁၂
နာရီက တရားမဝင် သယ်ဆောင်လာသော မြွေမျိုးစုံ ဖမ်းဆီး ရမိခဲ့သည်။
ဖြစ်စဉ်မှာ မူဆယ် (၁ဝ၅) မိုင် နယ်စပ်
ကုန်သွယ်ရေး ဇုန်အထွက် မူဆယ် မောင်းတံဂိတ်တွင် လားရှိုးဘက်မှ ယာဉ်မောင်း
မင်းဇော်ဦး ၂၄ နှစ်(ဘ) ဦးကျင်အောင် မူဆယ်မြို့နေသူ မောင်း နှင်လာသော
ယာဉ်အမှတ် ၅ဂ/----- ဆပ်ဖ်အမျိုးအစား မော်တော်ယာဉ်သည် (၁ဝ၅) မိုင်စစ်ဆေးရေး
ဂိတ်တွင် စစ်ဆေးမှု မခံယူဘဲ ဖြတ်သန်း မောင်းနှင် လာသောကြောင့်
အကောက်ခွန်မှူး ဦးအောင်နိုင်ဌေး ဦးဆောင်သော အဖွဲ့က ရှာဖွေ စစ်ဆေးရာ
ယာဉ်ပေါ်တွင် မြွေမျိုးစုံ အရှင်၊ အသေ ၃၆၄ ကီလိုဂရမ်ခန့်ကို ရှာဖွေ
သိမ်းဆည်း ရမိခဲ့သည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ မင်းဇော်ဦး အား
မူဆယ်မြို့မရဲစခန်းမှ (ပ)၁၉၆/ ၂ဝ၁၃၊ တောရိုင်းအက် ၃၅(ဃ) အရ အမှုဖွင့်
အရေးယူ စစ်ဆေးလျက် ရှိကြောင်း သတင်း ရရှိသည်။
ww.myawady.net.mm/
No comments:
Post a Comment