
တောင်ကြီး စက်တင်ဘာ ၁
မြန်မာနိုင်ငံသို့ ဇွန်လနှင့် ဇူလိုင်လတွင် အာရှနိုင်ငံများမှ ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များ လည်ပတ်မှု ရှိခဲ့ပြီး
သြဂုတ်လ နှောင်းပိုင်းကာလများတွင် ဥရောပ
နိုင်ငံများမှ ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များပါ လာရောက် လည်ပတ်လျက်
ရှိကြောင်း ဧည့်လမ်းညွှန် တစ်ဦးထံမှ သိရသည်။
အဆိုပါ ကမ္ဘာလှည့် ခရီးသွားများသည်
ရှမ်းပြည်နယ် အတွင်းရှိ တောင်ကြီး၊ ညောင်ရွှေ၊ အင်းလေး၊ ပင်းတယ၊ မွေတော်၊
ကက္ကူ၊ ကလောနှီးဘုရား အစရှိသည့် အထင်ကရ နေရာများသို့ လည်ပတ်ကြပြီး
မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကြ သည်။ မြန်မာနိုင်ငံတွင် ယခုနှစ် ဒီဇင်ဘာလ
အတွင်း ကျင်းပမည့် အရှေ့တောင်အာရှ အားကစား ပွဲတော် ရှိသဖြင့် ကမ္ဘာလှည့်
ခရီးသွားများသည် တောင်ကြီး၊ ကလော၊ ညောင်ရွှေ၊ ပင်းတယ မြို့များရှိ ဟိုတယ်၊
မိုတယ်များ၌ တည်းခိုရန် ကြိုတင် စာရင်းပေးထားကြောင်း သိရသည်။
ထိုသို့ ကမ္ဘာလှည့် ခရီးသည်များ လာရောက်
လည်ပတ်မှု များပြားလာသဖြင့် ရှမ်းပြည်နယ် အတွင်းရှိ ဟိုတယ်နှင့်
ခရီးသွားလာရေး လုပ်ငန်းတို့တွင် ပိုမို အဆင်ပြေလာကြောင်းနှင့် ဟိုတယ်၊
မိုတယ် လုပ်ငန်းရှင် များအနေဖြင့် လုပ်ငန်းများ ပိုမိုတိုးချဲ့
ဆောင်ရွက်လျက် ရှိကြောင်း ဟိုတယ် လုပ်ငန်းရှင်များထံမှ သိရသည်။
http://www.myawady.net.mm
No comments:
Post a Comment