တောင်ကြီး စက်တင်ဘာ ၁
ရှမ်းပြည်နယ် မွေးမြူရေးနှင့်
ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်း ဦးစီးဌာန၊ မွေးမြူရေး အစားအစာနှင့်
နို့ထွက်ပစ္စည်း လုပ်ငန်းနှင့် ပျားလုပ်ငန်း ဦးစီးဌာနတို့၏
၂ဝ၁၃ ခုနှစ် ပထမခြောက်လပတ်
လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၈ နာရီခွဲက တောင်ကြီးမြို့
ပြည် နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌
ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ပြည်နယ်
စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလူးက အဖွင့်အမှာစကား
ပြောကြား သည်။ ထို့နောက် ပြည်နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ပြည်နယ်
ဦးစီးမှူး ဒေါက်တာ စိန်ဝင်းက မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၏
ရှမ်းပြည်နယ်အတွင်း ဝန်ထမ်းအင်အား ထားရှိမှုနှင့် ပြည်နယ် အတွင်း
လုပ်ငန်းဆောင်ရွက် ထားရှိမှု အခြေအနေ တို့ကိုလည်းကောင်း၊ ပြည်နယ်
ငါးလုပ်ငန်း ဦးစီးဌာန၊ ပြည်နယ် ပျားလုပ်ငန်းဌာန၊ မွေးမြူရေး အစားအ စာနှင့်
နို့ထွက်ပစ္စည်းလုပ်ငန်း ပြည်နယ် ဦးစီးမှူးများနှင့် ပြည်နယ်
မန်နေဂျာတို့က မိမိဌာန၏ လုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို
လည်းကောင်း ရှင်းလင်း တင်ပြကြရာ ပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေး
ဝန်ကြီး ဦးစိုင်းဆာလူးက လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်
သွားကြရန် လမ်းညွှန် မှာကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ပြည်နယ်
စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလူး၊
ပြည်နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ ပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာန၊
ပြည်နယ် ပျားလုပ်ငန်းဌာန၊ မွေးမြူရေး အစားအစာနှင့် နို့ထွက် ပစ္စည်းလုပ်ငန်း
ပြည်နယ် ဦးစီးမှူးများနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း၊ မြောက်ပိုင်း)
တို့မှ တွဲဖက် ပြည်နယ်မှူးများ၊ ခရိုင်/ မြို့နယ် ဦးစီးမှူးများ
တက်ရောက်ကြကြောင်း သိရသည်။
http://www.myawady.net.mm
No comments:
Post a Comment