24 September 2013

နမ့်ဆီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး သည် ဆေးပြား (၁၃၀)ကျော် ဖြင့် ဖမ်းဆီးရမိ

အင်္ဂလိပ် အစိုးရခေတ်က ဘိန်းအရောင်းအဝယ် အပေါ် အုပ်ချုပ်ရေးက မည်သို့ ကွပ်ကဲ စီစဉ်လေသည်မသိ။ လွတ်လပ်ရေး ရပြီးနောက် ရှမ်းပြည်နယ် အစိုးရခေတ် ကျင့်သုံးပုံကိုတော့ မီလိုက်သေးသည်။
နှစ်စဉ်နှစ်တိုင်း ရှမ်းပြည်နယ် အစိုးရသည် ဌာနချုပ် ရုံးစိုက်ရာ တောင်ကြီးမြို့၌ ဘိန်းလိုင်စင်များကို လေလံပစ်ပါသည်။ ထုံးစံအတိုင်း ငွေအမြောက် အမြား ပေးနိုင်သူ။ အဆက်အသွယ် ကောင်းသူများသာ လေလံရရှိကြ၏။ လိုင်စင်ရပြီး နောက်တစ်ဖန် ဘိန်းဝယ်ခွင့်၊ သယ်ယူခွင့် ပါမစ်လျှောက်ရသည်။ အစဉ်အလာအားဖြင့် ပြည်နယ် ဥက္ကဋ္ဌကြီးကိုယ်တိုင် ထုတ်ပေးလေ့ ရှိသည်။ ယင်းပါမစ် ရသူများသည် ဘိန်းဝယ်ရန်အတွက် ဘိန်းစိုက်ပျိုးရာ ကိုးကန့်နှင့် ဝနယ်များသို့ တက်လာတော့သည်။
ကွမ်းလုံ၊ ဟိုပန်၊ တာရွှီထန် (ဆင့်ကိုင်)ရှိ ဘိန်းပွဲစား များ၏ လက်ထဲ၌ ဘိန်းတောင်သူတွေ ထံမှ ကောက်ထားသော ဘိန်းများ သိုလှောင် ထားပြီး ဖြစ်သည်။ သို့ဖြစ်ရာ ဘိန်းလှောင်သူနှင့် ဘိန်းဝယ်သူတို့ အချင်းချင်း တွေ့ဆုံပြီး ဈေးတည့်ပါက အရောင်းအဝယ် ဖြစ်ပြီးသည့်နောက် သံလွင်၏ အနောက်ဘက်ကမ်းသို့ သယ်ယူရန် လိုသောအခါ ဒေသရှိ ခရိုင် အုပ်ချုပ်ရေးရုံးသို့ ပါမစ်ပြရပါမည်။ ပါမစ်၌ မည်သူအား မည်သည့် ဒေသသို့ ဘိန်းပိဿာချိန် မည်မျှအထိ ရှမ်းပြည်နယ်အတွင်း သယ်ယူခွင့် ပြုကြောင်း ပြည်နယ် ဥက္ကဋ္ဌ လက်မှတ်နှင့် ရုံးတံဆိပ်ပါပြီး ဖြစ်၏။ အချို့ပါမစ်ရှင် တရုတ်ကြီးများမှာ တစ်ဦးလျှင် ဘိန်းပိဿာ တစ်သောင်းခန့်ပင် ဝယ်ယူခွင့် ပြုထားကြောင်း တွေ့ရသည်။ 
စသည်ဖြင့် မြ၀တီအင်တာနက်စာမျက်နှာတွင်
 ဖော် ပြထားသည်ကို ဖတ်လိုက်ရပြီးနောက် နမ့်ဆီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး သည် ဆေးပြား (၁၃၀)ကျော်
ဖြင့် ဖမ်းဆီးရမိကြောင်း ၊ဖြစ်စဉ်မှာစက်တင်ဘာလ(၂၃)ရက်နေ့ ၊ ည(၁၀၀၀)အချိန်ခန့်တွင် တောင်ကြီးမြို့၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ တောင်ကြီးမြို့နယ်၊ နမ့်ဆီးကျေးရွာအုပ်စု၊နောင်ကာကယ်ကျေးရွာ၊ဘုန်းတော်ကြီးကျောင်းအတွင်းတွင် စောင့်ဆိုင်းနေစဉ်
နမ့်ဆီးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးထွန်းကြည်(၄၃)နှစ်၊ (ဘ)ဦးမြအောင်အား ရှာဖွေစစ်ဆေးခဲ့ရာ ပအိုဝ့်လွယ်အိတ်အတွင်းမှ အနက်ရောင်ပလပ်စတစ်ဖြင့် ထုတ်ထားသော WY စာတန်းပါ ပန်းရောင်စိတ်ကြွရှုးသွပ်ဆေးပြား (၁၃၅)ပြားအား ရှာဖွေသိမ်းဆည်းခဲ့ပြီး မြို့မရဲစခန်းမှ မယ(ပ)၁၅/၁၉(ဂ)/၂၀(ဂ)တို့ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်းသတင်းရရှိပါသည်။
HAK

No comments:

Post a Comment