2 September 2013

တောင်ကြီးမြို့ ကန်ရှေ့ရပ်ကွက် ရေထွက်ဦးလမ်းရှိ Classic ခန်းမ၌ Women Leadership Academy သင်တန်း ဖွင့်လှစ်

 
တောင်ကြီး စက်တင်ဘာ ၁
အမျိုးသမီး ခေါင်းဆောင်မှု အကယ်ဒမီ Women Leadership Academy သင်တန်းကို သြဂုတ် ၃ဝ ရက် နံနက် ၉ နာရီက ရှမ်းပြည်နယ် တောင်ကြီးမြို့ ကန်ရှေ့ရပ်ကွက် ရေထွက်ဦးလမ်းရှိ Classic ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် အမျိုးသမီး ခေါင်းဆောင်မှု အကယ်ဒမီ Women Leadership Academy သင်တန်း နည်းပြအဖွဲ့ ဒေါ်ရွှေရွှေစိန်လတ် (ဖန်တီးအိမ်)၊ ဒေါ်စန္ဒာသန့် (UNDP)၊ ဒေါ်ခင်ဇာနိုင် (UNFPA) နှင့် ဦးထွန်းထွန်းဦး (MSCM) တို့က နိုင်ငံတော် တည်ဆောက်ရေးတွင် အမျိုးသမီးများ အခန်းကဏ္ဍ၊ အမျိုးသမီး များအားနည်းမျိုးစုံဖြင့် ခွဲခြားထားမှု အားလုံး ပပျောက်ရေး သဘောတူစာချုပ် စသည့် ခေါင်းစဉ်များဖြင့် သင်ကြား ပို့ချခဲ့ကြသည်။ သင်တန်းကို သြဂုတ် ၃ဝ ရက်မှ စက်တင်ဘာ ၃ ရက် အထိ နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ် ပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။
http://www.myawady.net.mm

No comments:

Post a Comment