
ဝါရှင်တန် စက်တင်ဘာ ၁ဝ
တရုတ်နိုင်ငံ၏ ပထမဆုံး ပဉ္စမမြောက်
မျိုးဆက် ကိုယ်ပျောက် တိုက်လေယာဉ် ဖြစ်သည့် J-20 တွင် ရေဒါရှောင်
ကွင်းနိုင်သော နည်းပညာ ပါဝင်ကြောင်း အမေရိကန်နိုင်ငံ အခြေစိုက် စစ်ဘက်ရေးရာ
ဝက်ဘ်ဆိုက်၏ နည်းပညာပိုင်း
ဆိုင်ရာစာမျက်နှာတွင် ဖော်ပြထားသည် ဟု စက်တင်ဘာ ၁ဝ ရက် အင်တာနက်
သတင်းတစ်ရပ်အရ သိရသည်။ J-20 ကို အမေရိကန် လေတပ်၏ ပဉ္စမမျိုးဆက F-22
တိုက်လေယာဉ်နှင့် နှိုင်းယှဉ်ကြည့်သောအခါ ၎င်း၏အရွယ် အစားသည် ရေဒါဖြင့်
ရှာဖွေနိုင်လောက်အောင် ကြီးမားကြောင်း၊ လေယာဉ်၏ ဦးခေါင်းပိုင်းသည F-22
နှင့်တူကြောင်း၊ ၎င်း၏သွင်ပြင် ပုံသဏ္ဌာန်အားလုံး၊ အလေးချိန်နှင့် အင်ဂျင်
စွမ်းအားသည် F-15C လေယာဉ်နှင့် အနီးစပ်ဆုံး တူညီနေကြောင်း၊ ကိုယ်ထည် အလျား
၂ဝ မီတာ (၆၆ပေ) ခန့်ရှည်ပြီး တောင်ပံတစ်ခုလျှင် ၁၃ ဒသမ ၃ မီတာ (၄၄ ပေ)ရှည်
ကြောင်းနှင့် J-20 ၏ တောင်ပံအကျယ်အဝန်းသည် F-15 C နှင့် ပုံသဏ္ဌာန် တူပြီး
F-22 ထက် ၂၅ ရာခိုင်နှုန်း သေးငယ်ကြောင်း အဆိုပါ စာမျက်နှာတွင်
ဖော်ပြထားသည်။ J-20 ၏အင်ဂျင်ပါဝါမှာ လောင်စာပိုမို လောင်ကျွမ်းစေသော
ကိရိယာကိုဖွင့်ပြီး မောင်းပါက F-22 ၏ အင်ဂျင်ပါဝါထက်
ပိုမိုအားကောင်းသော်လည်း အဆိုပါ ကိရိယာကို ဖွင့်ပြီး မောင်းနှင်ပါက
လောင်စာဆီ အမြောက်အမြား သုံးစွဲရသောကြောင့် မိနစ် အနည်းငယ်သာ မောင်းနှင်
နိုင်ကြောင်း သိရသည်။
တရုတ်နိုင်ငံသည် အမေရိကန် လေတပ်၏ F-117
လေယာဉ်ကဲ့သို့ J-20 ကိုအနာဂတ် ဗုံးကြဲ တိုက်ခိုက်ရေး လေယာဉ် တစ်စင်းအဖြစ်
ပုံစံရေးဆွဲ ထားခဲ့ပြီး ထုတ်လုပ်မှု ပုံစံအဆင့်သို့ မရောက်မီ
၎င်း၏ပုံသဏ္ဌာန်နှင့် အရွယ်အစားကို ပြောင်းလဲမည်ဟု မျှော်လင့်ရကြောင်း အဆိုပါ
စာမျက်နှာတွင် သုံးသပ် ဖော်ပြထားသည်။ http://www.myawady.net.mm
No comments:
Post a Comment