
တိုကျို စက်တင်ဘာ ၂၇
ဂျပန်နိုင်ငံ ဖူကူရှီးမား ဒိုင်အိချီနျူကလီးယား စက်ရုံ၏ ရေအောက်စည်းရိုး တစ်ခုကို ပျက်စီးနေသည့် အနေ အထားဖြင့် တွေ့ရှိခဲ့ရသည်ဟု
တိုကျိုလျှပ်စစ်စွမ်းအင် ကုမ္ပဏီက စက်တင်ဘာ ၂၆ရက်တွင် ထုတ်ဖော်ပြောကြားသည်။
အဆိုပါ ရေအောက်စည်းရိုးကို ရေဒီယိုသတ္တိကြွ
ပစ္စည်းများ ယိုစိမ့်မှုကို ထိန်းချုပ်ရန် ဖူကူရှီးမားစက်ရုံ၏ ဓာတ်ပေါင်းဖို
အမှတ်(၅)နှင့် ဓာတ်ပေါင်းဖို အမှတ်(၆)တို့၏ အကြားတွင် တပ်ဆင်ထားခြင်း
ဖြစ်သည်ဟု သိရသည်။ စက်ရုံ၏ ရေအောက်စည်းရိုးတွင် ဖျက်ရာတစ်ခု ရှိနေသည်ကို
စက်တင်ဘာ ၂၆ ရက် နံနက်ပိုင်းက စက်ရုံအလုပ်သမား တစ်ဦးက
တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်း အစီရင်ခံစာများ၏ ဖော်ပြချက်အရ သိရသည်။
ယခုအချိန်တွင် ရေအောက်စည်းရိုး
ပျက်စီးမှုသည် ဓာတ်ပေါင်းဖို နှစ်ခုအပေါ် မည်သည့်ထိခိုက်မှု များ ဖြစ်ပေါ်စေ
နိုင်သည်ကို စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်းနှင့် ၎င်းစည်းရိုးကို မကြာမီ
အချိန်ကာလတွင် ပြင်ဆင်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း
တိုကျိုလျှပ်စစ်စွမ်းအင် ကုမ္ပဏီက ထုတ်ဖော်ပြော ကြားသည်။
http://www.myawady.net.mm
No comments:
Post a Comment