တောင်ကြီးမြို့၊ဈေးပိုင်းရပ်ကွက်အတွင်းရှိ ခမ်းခုံရွှေဆိုင် ၌အမည်မသိ (လူမြင်လျှင်မှတ်မိ) အသက်(၅၀)ခန့်၊ အသားညို၊ အရပ်ပု၊ လျှာထိုး ဦးထုပ်ဆောင်းထားသူနှင့် အသက်(၄၀)ခန့်၊ အသားဖြူ၊ ၀/အရပ်မြင့် အမျိုးသမီးတို့ ၀င်လာပြီး ရွှေများအား လျှောက်ကြည့်ရင်းဖြင့် (၂၉၀၀ဝိ/-)တန် အသဲပုံနားကပ် ၀ယ်သဖြင့် ဘောက်ချာရေးရန် အမည်မေးရာ မနီနီဝင်းဟုပြောသဖြင့် ဘောင်ချာ ဖြတ်ပေးပြီးနောက် ၎င်းတို့ ထွက်သွားပြီးမှ မှန်ဘောင် အတွင်းခင်းကျင်းရန် စားပွဲ ပေါ်တင်ထားသော ရွှေလက်စွပ် အကွင်း လေးငါးဆယ်ခန့် မှာ ပျောက်ဆုံးကြောင်း သတိထားမိပြီး လိုက်လံရှာဖွေရာ မတွေ့ရတော့သဖြင့် ဈေးပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရဲစခန်းအား ဖြစ်စဉ်အားပြောပြ၍ တိုင်ချက်ဖွင့်ခဲ့ကြောင်းရဲတပ်ဖွဲ့မှလည်း တရားခံဖမ်းမိရေး အပြင်းအထန် ကြိုးစားစုံစမ်းလျှက်ရှိကြောင်း သတင်းရရှိပါသည်။
HAK
HAK

No comments:
Post a Comment