
တောင်ကြီး စက်တင်ဘာ ၆
ရှမ်းပြည်နယ် တောင်ကြီးမြို့
သစ်တောရပ်ကွက် ရုံးကြီးလမ်းနှင့် သပြေလမ်းထောင့်ရှိ မြို့တော် ခန်းမ၌
ယမန်နေ့ နံနက် ၉ နာရီခွဲက SMART BUSIN-ESS GROUP မှ ဦးစီး ကျင်း ပသော
တောင်ကြီး ကုန်စည်ပြပွဲကြီးနှင့် အထူး ဈေးရောင်းပွဲတော် ဖ
ွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။ အခမ်းအနားသို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့
ရှမ်းပြည်နယ် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာနဝန်ကြီး၊ ရှမ်းပြည်နယ်
စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီးဌာန ဝန်ကြီး ဦးစိုင်းဆာလူး၊
ရှမ်းပြည်နယ် စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီးဌာန ဝန်ကြီး
ဦးအောင်ကျော်ညွန့်၊ SMART BUSINESS GROUP မှ ဝန်ထမ်းများ၊ ဒေ သခံ
ပြည်သူများနှင့် ဖိတ်ကြားထားသော ဧည့်သည် များတက်ရောက် ခဲ့ကြသည်။
ကုန်စည်ပြပွဲကြီးနှင့် အထူး
ဈေးရောင်းပွဲတော် ဖွင့်ပွဲ အခမ်းအနားကို TRADE FAIR 2013 (TAUNG GYI)
မုခ်ဦးရှေ့တွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ရှမ်းပြည်နယ် စီမံကိန်းနှင့်
စီးပွားရေး ဝန်ကြီးနှင့် SMART BUSINESS GROUP ဥက္ကဋ္ဌ
ဦးအောင်ဖုန်းမြင့်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးသည်။
ထို့နောက် ရှမ်းပြည်နယ် ဝန်ကြီးများနှင့်
ဧည့်သည်များက ပြပွဲအတွင်းရှိ ခင်းကျင်းပြသ ထားသော ဆိုင်ခန်းများကို
လှည့်လည် ကြည့်ရှု အားပေးခဲ့ကြသည်။
အဆိုပါ ကုန်စည်ပြပွဲကြီးနှင့် အထူး
ဈေးရောင်း ပွဲတော်ကြီးတွင် ကုမ္ပဏီပေါင်း ၄၁ ခု၊ ဆိုင်ခန်း ပေါင်း ၈ဝ
တို့မှ အီလက်ထရွန်နစ် ပစ္စည်းမျိုးစုံ၊ ကွန်ပျူတာ ဆက်စပ်ပစ္စည်း မျိုးစုံ၊
ကလေး လူကြီး အဝတ်အထည် မျိုးစုံ၊ စားသောက်ကုန် မျိုးစုံ၊ လူသုံးကုန်
ပစ္စည်းမျိုးစုံတို့ကို စက်တင်ဘာ ၅ ရက်မှ ၉ ရက်အထိ နံနက် ၉ နာရီမှ ည ၉
နာရီအထိ ကံစမ်းမဲ၊ ဖျော်ဖြေရေး အစီအစဉ်များနှင့် အတူ အထူးစည်ကား
သိုက်မြိုက်စွာ ဖွင့်လှစ် ရောင်းချလျက် ရှိကြောင်း သတင်း ရရှိသည်။
http://www.myawady.net.mm
No comments:
Post a Comment