တောင်ကြီး စက်တင်ဘာ ၁၂
ရှမ်းပြည်နယ် တောင်ကြီးခရိုင်
အေးသာယာမြို့ စက်မှုဇုန် အနီးရှိ ရှမ်းရိုးမ မွေးမြူရေးဇုန် ရှင်းလင်းဆောင်
ခန်းမတွင် မွေးမြူရေးဆိုင်ရာ ဟောပြောပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲသို့ ရှမ်းပြည်နယ်
မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် Shwe Htut Khaung
Co., Ltd. နှင့် Animal Supplement & Pharmaceutical Co., Ltdတို့
ပူးပေါင်း၍ စက်တင်ဘာ ၁၇ ရက်တွင် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီ Dr.
Pasakorn Piyaram, Dr. Kesanee Kusrithepprathan နှင့် ပြည်နယ်
မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ပြည်နယ် ဦးစီးမှူးတို့က ချွဲရောဂါ
ထိန်းချုပ်ရေးနှင့် ကုသရေး နည်းလမ်းကောင်းများ အကြောင်း၊ ကုန်ကျစရိတ်
သက်သာစေသည့် ကြက်စာစပ်နည်းများ အကြောင်းကို ဟောပြောပေးမည် ဖြစ်ကြောင်း
သိရသည်။
အဆိုပါ ဟောပြောပွဲသို့ တောင်ကြီးခရိုင်ရှိ မြို့နယ်အသီးသီးမှ ကြက်မွေးမြူရေး လုပ်ငန်းရှင်များအား ဖိတ်ကြား ထားကြောင်း သိရသည်။
http://www.myawady.net.mm
No comments:
Post a Comment