
ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့၏ အထင်ကရပွဲတော် ဖြစ်သော တောင်ကြီး တန်ဆောင်တိုင် ပွဲတော်တွင် ယခင်နှစ်များနှင့်မတူဘဲ ယခုနှစ်တွင် ပြိုင်ပွဲဝင်
မီးပုံးဒီဇိုင်း အမျိုးအစားသစ်များ
ထည့်ဝင်ယှဉ်ပြိုင် စေမည်ဖြစ်ကြောင်း တန်ဆောင်တိုင် မီးပုံးပြိုင်ပွဲ
ကော်မတီအဖွဲ့မှ ဥက္ကဋ္ဌ ဦးတင်ဝင်းက ပြောကြားခဲ့သည်။
အဆိုပါ တောင်ကြီးမီးပုံးပျံ
လွှတ်တင်ပြိုင်ပွဲတွင် ခြေမဲ့တိရစ္ဆာန် အရုပ်များ၊ ခြေနှစ်ချောင်းပါ
အရုပ်များ၊ ခြေလေးချောင်းပါ အရုပ်များမှာ ယခင်ပြု လုပ်နေကြဖြစ်သော
တောင်ကြီးမြို့မ ကွင်း၌ ကျင်းပမည်ဖြစ်ပြီး ယခုထည့်သွင်းမည့် မိသားစုပုံ၊
တိရစ္ဆာန် အရုပ်များကို ကွင်းသစ်၌ ကျင်းပမည်ဖြစ်ကြောင်း ၎င်းက
ထပ်မံပြောကြားခဲ့သည်။
အဆိုပါ မိသားစု မီးပုံးပျံအရုပ်များမှာ
ပြိုင်ပွဲဝင် စည်းမျဉ်းများ သတ်မှတ်ထားပြီး မီးပုံးပျံအရုပ်၏ အမြင့်မှာ
လေးပေမှ ခြောက်ပေအထိဖြစ်၍ မိမိကြိုက်နှစ်သက်ရာ ရှမ်းစက္ကူ၊
ဆီစိမ်စက္ကူတို့ဖြင့် ပြုလုပ်နိုင်ကြောင်း သိရသည်။ ယင်းမီးပုံးပျံများကို
လျှပ်စစ် မီးများဖြင့် အလှဆင်ရန် လိုအပ်ပြီး ယခင်မီးပုံးများနည်းတူ
စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ထားကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲကို ယခင်
၂ဝ၁၁ ခုနှစ်ကတည်းက ယှဉ်ပြိုင်စေရန် စီစဉ်ခဲ့ရာ ယခုနှစ်မှ စတင် အကောင်အထည်
ဖော်နိုင်ခြင်းဖြစ်ကြောင်း မီးပုံးပျံပညာရှင် ဦးတင်ဝင်းက ပြောကြားခဲ့သည်။
ထိုမီးပုံးပျံပြိုင်ပွဲကို ဖြစ်မြောက်စေရန် မီကိုကော်ဖီမစ်မှ အဓိက
ပံ့ပိုးကူညီမှု ပြုလုပ်ပေးမည် ဖြစ်ပြီး ပထမ၊ ဒုတိယ၊ တတိယနှင့် အခြားဆု
ငါးဆုပါဝင် ချီးမြှင့်မည် ဖြစ်ကြောင်း သိရသည်။
http://www.myawady.net.mm
No comments:
Post a Comment