လီမာ စက်တင်ဘာ ၂၇
ပီရူးနိုင်ငံရှိ မိုးသစ်တောတစ်ခုမှ တောခေါင်းတစ်ဦးသည် ဧရာမဖားကြီး တစ်ကောင်က ၎င်းထက် အရွယ်အစား ကြီးမားလှသော လင်းနို့ကို
အစာအဖြစ် မျိုချနေပုံ သဘာဝမြင်ကွင်းကို ဓာတ်ပုံရိုက်ယူ နိုင်ခဲ့သည်ဟု အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။
Cane Toad ဟုခေါ်သည့် အဆိုပါ ဖားများသည်
ဗဟိုအမေရိကနှင့် တောင်အမေရိက တို့တွင် ရှင်သန် ကျက်စား လေ့ရှိပြီး
အရွယ်အစား ကြီးမားကာ သားပေါက်အားကောင်းသည့် ဖားမျိုးစိတ်များ ဖြစ်သည်ဟု
သိရသည်။ ၎င်းတို့ သည်အစာအဖြစ် တိရစ္ဆာန် အသေကောင်များကိုလည်း စားသုံးသကဲ့သို့
ရှင်သန်နေသော တိရစ္ဆာန်ငယ်များ ကိုလည်း ဖမ်းယူစားသောက်တတ်သည့် ဖားမျိုးစိတ်
ဖြစ်သည်ဟု သိရသည်။
အရွယ်ရောက်ပြီး Cane Toad ဖားတစ်ကောင်သည်
ပျမ်းမျှအားဖြင့် ၁ဝ စင်တီမီတာမှ ၁၅ စင်တီမီတာ လုံးပတ် ရှိကာ ၂ ဒသမ ၆၅
တို့သည် အဆိပ်ဂလင်းများလည်း ရှိခြင်းကြောင့် ယခုအခါ အချို့ဒေသများတွင် Cane
Toad များကို ပိုးမွှား ရှင်းလင်းရေး တိရစ္ဆာန် တစ်မျိုးအဖြစ် သတ်မှတ်
အသုံးပြုကြသည်ဟု သိရသည်။
http://www.myawady.net.mm
No comments:
Post a Comment