တောင်ကြီးမြို့ စက်တင်ဘာလ (၇)ရက်
တောင်ကြီးမြို့တွင် ဆိုင်ကယ်အစီးရေများပြားလျှက်ရှိသည်မှာ ယခင်နှစ်များမှစတင်၍ ပိုမိုများပြားလာခဲ့ကာ ယခုအခါနိုင်ငံတော်မှ ကားတင်သွင်းခွင့်ပြုပြီးအချိန်မှစတင်၍ လိုင်စင်မဲ့၊ လိုင်စင်ရှိ ကားများပါ ပေါများလာခြင်း
ကြောင့် ယာဉ်အန္တရာယ်စိုးရိမ်ရသောအခြေအနေသို့ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ တစ်ခုတိုးတက်မှုကြောင့် အန္တရာယ်တစ်ခုဖြစ်မပေါ်လာစေရန် စည်းကမ်းကြပ်မတ်ဆောင်ရွက်ရန်လိုအပ်သော်လည်း၊ လိုင်စင်စစ်ဆေး
ခြင်းအားနည်းသော တောင်ကြီးမြို့တွင် ယာဉ်များအား မောင်းတတ်ရုံဖြင့်ပင် မောင်းနင်နေကြပြီး ယာဉ်တိုက်
မှုများသည် တရားရုံးနှင့်ယာဉ်ထိန်းဌာနမှသိသောယာဉ်တိုက်မှုများရှိသကဲ့သို့၊ မသိလိုက်ကြသော၊ အချင်းချင်း
နားလည်မှုဖြင့်ကျေအေးလိုက်ကြသော ယာဉ်တိုက်မှုများလည်းပိုမိုတိုးတက်လာခဲ့ပါသည်။
စိန်ဆေးခန်းဘေး မြို့ပတ်လမ်းအကွေ့နေရာတွင်လည်းကောင်း၊ မြကန်သာပန်းခြံအနီး အ၀ိုင်းပတ်အနားတွင်
လည်းကောင်း၊ ကြံ့ခိုင်ရေးပါတီရှေ့မီးပွိုင့်တွင်လည်းကောင်း ယာဉ်တိုက်မှုအများဆုံးဖြစ်တတ်ပြီး၊ ကျောင်းဆင်း
ချိန်နှင့် ညအချိန်တို့တွင် ပိုမိုအန္တရာယ် ရှိလာသည်။

No comments:
Post a Comment