22 February 2014

စင်တင်/ကေတီဗွီ/အနှိပ်ခန်းများ ဖယ်ရှားပေးစေလို

တောင်ကြီးမီဒီယာ's photo. တောင်ကြီးမီဒီယာ's photo.
တောင်ကြီးမြို့က စူဠာမုနိစေတီတော် ၊ KBZ ဂေါက်ကွင်းနားက ရွှေဟင်္သာ စင်တင်/ကေတီဗွီ/အနှိပ်ခန်း

15-2-2014 (At – Taunggyi)

သက်ဆိုင်ရာများ သိရှိစေရန်အတွက်

ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးရဲ့ ဂုဏ်ကို ဖော်ကျူးနေတာတွေကတော့ စူဠာမုနိစေတီတော် ၊ ရွှေဘုန်းပွင့်ဘုရား ၊ မြစိမ်းတောင်ဘုရား ၊ တောင်ချွန်း ၊ ညဈေး ၊ KBZ ဂေါက်ကွင်းတို့လို့ ပြောရင် တောင်ကြီးသားတွေ ငြင်းနိုင်မှာ မဟုတ်ဘူးထင်ပါတယ် ။

အဲဒီလို မြို့တော် တောင်ကြီးမြို့ရဲ့ အထင်ကရများအနက်မှ တစ်ခုအပါအ၀င်ဖြစ်တဲ့ စူဠာမုနိစေတီတော်၏ ခြေတော်ရင်းနဲ့ KBZ ဂေါက်ကွင်းနားမှာ ရွှေဟင်္သာ စင်တင်/ကေတီဗွီ/အနှိပ်ခန်းကို မျက်နှာပြောင်တိုက်ပြီး ကျက်သရေမဲ့စွာနဲ့ ဖွင့်လှစ်ထားတာကို ၀မ်းနည်းစရာ မြင်တွေ့နေရပါတယ် ။

အဲဒီ ရွှေဟင်္သာဆိုင်မှာ အသုံးတော်ခံ အမျိုးသမီးငယ် (၂၀)ကျော်ခန့်ရှိပြီး တစ်လကို လစာ (၂၀၀၀၀)ကျပ်နှုန်း ရရှိပြီး ဘောက်ဆူးအနေနဲ့ အမျိုးသမီးငယ်များရဲ့ နာရီပိုင်းဝင်ရောက်လုပ်ကိုင်မှုအပေါ်မှာ ရပါတယ် ၊ သမီးတို့ ခန္ဓာကိုယ်နဲ့ အရင်းတည်ပြီး သူတို့တွေ နှစ်မသားချင်း မစာနာပဲ စီးပွားရေးလုပ်နေကြတာပါလို့ ၄င်းဆိုင်မှာ အလုပ်လုပ်နေသူ အမျိုးသမီးငယ်က ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် ဗုဒ္ဓဘာသာဝင်များ၏ အထွတ်အမြတ် မြို့ကျက်သရေဆောင် စူဠာမုနိစေတီတော်ကြီးရဲ့ ခြေတော်ရင်းမှာ ဒီလိုဆိုင်မျိုး ဖွင့်ထားတာဟာ ဘယ်လိုမှ တင့်တယ်စရာအကြောင်း မရှိနိုင်ပါဘူး ၊ ပြီးတော့ ညဆိုရင် အနည်းဆုံး (၁)နာရီလောက်ထိ အဲဒီဆိုင်က ဆူညံနေတာပဲ ဘုရားရဲ့ ဂေါပကအဖွဲ့ထဲမှာ အစိုးရအကြီးအကဲတွေပါတယ် ၊ သူတို့ကလဲ ဘာမှမပြောဘူး နောက်အဲဒီဆိုင်ပိုင်ရှင်ကလည်း လူကြီးလို့ သိရတယ် အဲဒါကြောင့် ဒီဆိုင်သက်ဆိုးရှည်နေတာ ထင်တာပဲလို့ စူဠာမုနိစေတီတော်ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောကြားခဲ့ပါတယ်။

အဲဒီ ရွှေဟင်္သာဆိုင်နေရာမှာ ယခင်ကလည်း ဒီလိုဆိုင်မျိုးတွေ ဖွင့်ဖူးပေမယ့် အခုလို ခေတ်ကာလအခြေအနေမျိုးမှာ မဖွင့်သင့်တော့ပါဘူး ၊ ဘာဖြစ်လို့လဲဆိုတော့ ဒီမိုကရေစီခေတ် ပွင့်လင်းမြင်သာတဲ့ခေတ်မှာ ခေတ်ကာလ သားပျိုးသမီးပျိုတွေ အတုယူမှားစေနိုင်တာတွေကို ရှောင်ရှားရမှာ ဖြစ်ပါတယ်၊ နောက် ဘုရားနားမှာဆိုတော့ ဘုရားဖူးတွေနဲ့ ဒီနေရာက အမြဲပြည့်နေတာ ဘာပဲဖြစ်ဖြစ် သူတို့စီးပွားရေးလုပ်တာက ကျွန်တော်တို့ မြို့သိက္ခာကို ကျစေတယ်ဗျာလို့ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးက ပြောကြားခဲ့ပါတယ်။

သက်ဆိုင်ရာတာဝန်ရှိသူ အရာရှိမင်းများခင်ဗျား အထက်ပါ ရင်ဖွင့်သံများနှင့်အတူ လက်တွေ့ဖြစ်ပျက်နေတာကို နှိုင်းယှဉ်ပြီး တစ်ခုခု ပြုလုပ်ပေးနိုင်ပါစေကြောင်း https://www.facebook.com/taunggyil1   ၏ facebook စာမျက်နှာတွင်ဖော်ပြထားသည်ကိုတွေ့ရှိရပါသည်။

No comments:

Post a Comment