
ဝါရှင်တန် စက်တင်ဘာ ၆
လက်နက် အပြည့်အစုံ တပ်ဆင်ထားသော Kiowa
OH-58D အမျိုးအစား ကင်းထောက် ရဟတ်ယာဉ် အစင်း ၃ဝ နှင့် တပ်ဖွဲ့ဝင် ၃၈ဝ
ဦးပါဝင်သည့် အမေရိကန် ရဟတ်ယာဉ် ချီတပ် ရင်းတစ်ရင်းသည် လာမည့် အောက်တိုဘာ ၁
ရက်တွင် တောင်ကိုရီးယား နိုင်ငံ Gyeonggi ပြည်နယ် Pyeongtaek မြို့ရှိ
Humphreys အမေရိကန် စစ်အခြေစိုက် စခန်း၌ ပြန်လည် အခြေစိုက် တပ်ဖြန့်သွားမည်
ဖြစ်ကြောင်း စက်တင်ဘာ ၆ ရက် အင်တာနက် သတင်း တစ်ရပ် အရ သိရသည်။
အဆိုပါ ရဟတ်ယာဉ်ချီ တပ်ရင်းကို ၂ဝဝ၈
ခုနှစ်တွင် အီရတ်စစ်ပွဲ အတွက် ကိုရီးယားနိုင်ငံမှ ရုပ်သိမ်းခဲ့ပြီး ၂ဝဝ၉
ခုနှစ်တွင် အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ စစ်အခြေစိုက် စခန်းတစ်ခု၌
ပြန်လည် အခြေစိုက် တပ်ဖြန့်ခဲ့ကြောင်း သိရသည်။ ယခုကဲ့သို့ တောင်ကိုရီးယား
နိုင်ငံတွင် ပြန်လည် အခြေစိုက် တပ်ဖြန့်ရခြင်းမှာ တောင်ကိုရီးယား- အမေရိကန်
ပူးပေါင်းတပ်ဖွဲ့များ အတွက် အရေးပေါ် အခြေအနေတွင် ဝေဟင်
ကင်းထောက်ခြင်းနှင့် တုံ့ပြန် တိုက်ခိုက်ခြင်း တာဝန်တို့ကို အဓိကထား
ထမ်းဆောင်ရန် အတွက် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရဟတ်ယာဉ် ချီတပ်ရင်းသည် ပင်လယ်ဝါ
အတွင်းရှိ တောင်ကိုရီးယားပိုင် ကျွန်းစု များအား မြောက်ကိုရီးယား နိုင်ငံ၏
ရုတ်ခြည်း ကျူးကျော်သိမ်းပိုက်မှုမှ ကာကွယ်ရေး၊ ပင်လယ်ဝါမှ တစ်ဆင့်
ဖြတ်ကျော်၍ မြောက်ကိုရီးယား ကွန်မန်ဒို တပ်ဖွဲ့များ၏ အလစ်အငိုက် စိမ့်ဝင်
ထိုးဖောက်မှုတို့ကို ကြိုတင်ကာကွယ် ဟန့်တားရေးနှင့် မြောက်ကိုရီးယား
အထူးတပ်ဖွဲ့ ၏ရေကြောင်းမှ တစ်ဆင့် စိမ့်ဝင်ထိုးဖောက်မှု မှန်သမျှကို
ကြားဖြတ် တိုက်ခိုက်ရေး စသည့် တာဝန်များကိုလည်း ထမ်းဆောင်သွားမည်
ဖြစ်ကြောင်း သိရသည်။
http://www.myawady.net.mm
No comments:
Post a Comment