တောင်ကြီး စက်တင်ဘာ ၁၈
ရှမ်းပြည်နယ် တောင်ကြီးမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း ဒေါ်ခင်သိန်း ကျောင်းဆောင်၌
ယမန်နေ့ နံနက် ၉ နာရီက HORIZON ကျောင်းပေါင်းစုံ သင်္ချာ ဥာဏ်စမ်းပြိုင်ပွဲ ကျင်းပခဲ့သည်။
ပြိုင်ပွဲကို မူလတန်း အဆင့်၊ အလယ်တန်း
အဆင့်၊ အထက်တန်း အဆင့်ဟူ၍ အပိုင်း သုံးပိုင်းခွဲကာ ကျင်းပခဲ့ပြီး
ပြိုင်ပွဲသို့ တောင်ကြီးမြို့ပေါ်ရှိ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်း
ကျောင်းများ နှင့်ပုဂ္ဂလိက ကျောင်း ၁၇ ကျောင်းတို့မှ ကျောင်းသား၊
ကျောင်းသူများ၊ မူလတန်းအဆင့် ပြိုင်ပွဲတွင် ၂၈ဝ ဦး၊ အလယ်တန်း
အဆင့်ပြိုင်ပွဲတွင် ၂ဝ၉ ဦးနှင့် အထက်တန်းအဆင့် ပြိုင်ပွဲတွင် ၁၅၈ ဦး
စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၆ဝဝ ကျော် ဝင်ရောက် ယှဉ်ပြိုင်
ဖြေဆိုခဲ့ကြောင်း သိရသည်။ အဆိုပါ HORIZON ကျောင်းပေါင်း စုံသင်္ချာ
ဥာဏ်စမ်းပြိုင်ပွဲကို ကျောင်း သား၊ ကျောင်းသူများ အတွက် သင်္ချာဘာသာရပ်တွင်
စိတ်အားထက် သန်မှု တိုးပွားလာစေရန်နှင့် ကျောင်းသား၊ ကျောင်း သူများ၏
နက်နဲစွာ စဉ်းစားတွေးခေါ်နိုင်မှု စွမ်းရည် တိုးတက် လာစေရန် ရည်ရွယ်၍
ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
http://www.myawady.net.mm
No comments:
Post a Comment