၂၀၁၃စက်တင်ဘာလ၇
တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ အမှတ် (၆)ရပ်ကွက်၊ အိမ် အမှတ် (၂၇၆)တွင် ဦး××××မှ ဇနီးဖြစ်သူ ဒေါ်××အား ဟင်းဝယ်ချက်သည့်ကိစ္စ နှင့်ပတ်သက်ပြီး ရန်ဖြစ်ရာ ယောက်ျားဖြစ်သူ မှ နေအိမ်မီးဖိုခန်းတွင်အသင့်ရှိသော ရဲတင်းဖြင့် ခုတ်ရာဇနီးဖြစ်သူ ၏ ဦးခေါင်းငယ်ထိပ် တွင် ပေါက်ပြဲဒဏ်ရာ၊ ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာရရှိခဲ့သဖြင့် သွေးများကျဆင်းလျှက်ရှိရာ အိမ်နီးနားချင်းများ မှ ရဲစခန်းသို့အကြောင်းကြားကြပြီး၊ ရဲတပ်ဖွဲ့မှ ဒဏ်ရာရရှိသူဒေါ်××အား တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ခဲ့ရာ အတွင်းလူနာအဖြစ်ဆေးကုသမှုခံယူလျက်ရှိကြောင်းနှင့် အေးသာယာရဲတပ်ဖွဲ့ စခန်း တွင် အမှုဖွင့်လှစ်ဆောင်ရွက်စစ် ဆေးလျှက်ရှိကြောင်း၊ တရားခံဦး×××မှာ နေအိမ်မှ ထွက်ပြေးသွား ကြောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များနှင့် ရဲတပ်ဖွဲ့ဝင်များပူးပေါင်းပြီး ရှာဖွေဖမ်းဆီးခြင်းများဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
HAK

No comments:
Post a Comment