
လန်ဒန် စက်တင်ဘာ ၅
အင်္ဂလန်နိုင်ငံ အရှေ့တောင်ပိုင်း
ကန့်စီရင်စုရှိ တံတား တစ်စင်းပေါ်တွင် စက်တင်ဘာ ၅ ရက်က ကားအစီး ၁ဝဝ
ဆင့်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း ရဲတပ်ဖွဲ့က ထုတ်ပြန်
ပြောကြားခဲ့သည်။ ကားတိုက်မှုကြောင့် လူရှစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာ
ရရှိခဲ့ပြီး ကျန်လူပေါင်း ၂ဝဝကျော်မှာ ဒဏ်ရာ
အနည်းငယ်စီ ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ကားတိုက်မှု ဖြစ်ပွားခဲ့ရာ နေရာမှာ
ကန့်စီရင် စုနှင့် ရှပ်ပေးကျွန်းစုကို ဆက်သွယ်ထားသည့် တံတားပေါ်တွင်
ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ထိုကား တိုက်မှုကြောင့် အဆိုပါ
တံတားမှာလည်း ပိတ်ထားခဲ့ရသည်။ ဒဏ်ရာရရှိ သူများထဲမှ လူ ၃ဝခန့်ကိုမူ
နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ကျန်ဒဏ်ရာ အနည်းငယ်
ရရှိသူများကိုမူ နေရာတွင်ပင် ကုသမှု ပေးခဲ့ရကြောင်း ဒေသတွင်း ဆေးဝန်ထမ်း
များက ပြောကြား ခဲ့သည်။
http://www.myawady.net.mm
No comments:
Post a Comment