
နေပြည်တော် စက်တင်ဘာ ၁၁
ရှမ်းပြည်နယ် (တောင်ပိုင်း)
တောင်ကြီးခရိုင် ရဲတပ်ဖွဲ့ ဝင်များက စက်တင်ဘာ ၅ရက်တွင် ဘန်းယဉ်မြို့နယ်
အတွင်း လှည့်ကင်း တာဝန် ထမ်းဆောင်စဉ် အစိုင်း(ခ) စိုင်းစိုင်း၊ အားစီ(ခ)
သက်မြင့်ထွန်းတို့အား ဟိုင်းလတ်ဖိုးဝှီး ခဲရောင်ယာဉ် နှင့် ဗွီဂို
အဖြူရောင် ယာဉ် နှစ်စီး နှင့်အတူ စိတ်ကြွ ရူးသွပ်ဆေးပြားများ၊ လက်နက်
ခဲယမ်းများ သိမ်းဆည်း ရမိခဲ့မှုကို စက်တင် ဘာ ၈ ရက်ထုတ် မြဝတီ သတင်းစာတွင်
သတင်း ဖော်ပြခဲ့ပြီး ဖြစ်သည်။
အဆိုပါ တရားခံ နှစ်ဦးတို့အား သက်သေခံ
ယာဉ်နှစ်စီး နှင့်အတူ စက်တင်ဘာ ၁ဝရက် နံနက်ပိုင်းက ဆီဆိုင်မြို့မှ
တောင်ကြီး မြို့ရှိ နယ်မြေခံ ရဲစခန်းသို့ ပြောင်းရွှေ့ ထိန်းသိမ်း
ထားရှိပြီး ယာဉ်/ စက်ပြင် ကျွမ်းကျင်သူများဖြင့် မော်တော် ယာဉ်နှစ်စီးအား
အသေးစိတ် စစ်ဆေး ရှာဖွေရာ ဟိုင်းလတ်ဖိုးဝှီး ခဲရောင်ယာဉ်အတွင်း ယာဉ်မောင်း
ထိုင်ခုံ၏ အနောက် ဘက်အခန်း ဘယ်/ညာ ဘက်ဆိုဒ် ကာဘာနှင့် ဘော်ဒီ
အကြားများနှင့် ဂီယာတံ အဖုံးအောက်မှ WY စာတန်းပါ ပန်းရောင် စိတ်ကြွ
ရူးသွပ်ဆေးပြား တစ်ထုတ်လျှင် ၉၈ဝဝပြားပါ အထုပ် ရှစ်ထုပ် စုစုပေါင်း
၇၈၄ဝဝပြား၊ တန်ဖိုးငွေ ၃၁၃၆ သိန်း အား ထိပ်မံ သိမ်းဆည်း ရမိခဲ့ကြောင်း
သတင်း ရရှိသည်။


http://www.myawady.net.mm
No comments:
Post a Comment