28 February 2014

တောင်​ကြီး​တောင်​​ပေါ်​တောမီး​လောင်

တောင်​ကြီးမြို့ ​ဖေ ၂၈
တောင်​ကြီးမြို့၊ အ​ရှေ့ဘက်​​တောင်​​ကျော၊ ​ရေ​အေးကွင်းရပ်​ကွက်​၊ရေထွက်​ဦးလမ်းအ​ပေါ်
ဘက်​ရှိ​တောင်​​ပေါ်တွင်​ ည​ ၇း၀၀နာရီအချိန်​ခန့်​ ​တောမီး​လောင်​ကျွမ်းခဲ့ပါသည်​။
ပွင့်​လင်းရာသီ​ရောက်​ပြီဖြစ်​၍ ​တောင်​​ပေါ်​တောသည်​​ခြောက်​​သွေ့​နေကာ မီး​လောင်
လွယ်​ခြင်းဖြစ်​ပါသည်​။ အဆိုပါမီး​လောင်​ရာသို့ မီးသတ်​တပ်​ဖွဲ့များ၊ သစ်​​တောဦးစီးဌာန၊ ရပ်​ကွက်​အုပ်​ချုပ်​​ရေးမှူးရုံးနှင့်​ ပြည်​သူများမှ ကိုင်း​ခြောက်​ရိုက်​ခြင်း၊ မီးခြားလမ်း​ဖောက်
ခြင်း၊ ​ရေကြို​လောင်းစနစ်​များဖြင့်​ဝိုင်းဝန်းငြိမ်းသတ်​ခဲ့ကြ​ကြောင်းသတင်းရရှိပါသည်​။
အဆိုပါ​တောမီးသည်​ စည်​ပင်​ဝန်​ထမ်းအိမ်​ရာနှင့်​နီးကပ်​လျှက်​ရှိပါသည်​။
ယင်း​တောင်​​ပေါ်သည်​ယခင်​ကချယ်​ရီပင်​များဖြင့်​ ချယ်​ရီပွင့်​ချိန်​တွင်​ တစ်​​တောင်​လုံး
အပန်း​ရောင်​ချယ်​ထားသလို လှပလျှက်​ရှိပါသည်​။ ​နောက်​ပိုင်းတွင်​ ထင်းခုတ်​မှုများ၊
တောမီး​လောင်​မှုများအဖြစ်​များလာပြီး​တောင်​ကတုံးအသွင်​အပင်​​ခြောက်​​သွေ့လာခဲ့ခြင်း
ဖြစ်​ပါသည်​။ ​က​လေးများမှလည်းမီးခြစ်​လက်​​ဆော့ခြင်းများ​ကြောင့်​လည်း​တစ်​ခါတစ်​ရံ
တောမီးအဖြစ်​​လောင်​တတ်​​သေးရာ ​နွေရာသီ​ရောက်​တိုင်း မုဆိုးမ​တောင်​ဟု​ခေါ်​သော
တောင်​ကြီးအ​ရှေ့ဘက်​​တောင်​သည်​ အလှပျက်​ခဲ့ရပါသည်​။ ​တောင်​ကြီးသူ၊ ​တောင်​ကြီး
သားများအ​နေဖြင့်​ မိမိတို့မြို့အလှ​ရေရှည်​တည်​တံ့​ရေးအတွက်​ ​တောင်​​ပေါ်တက်​တိုင်း
ချယ်​ရီပျိုးပင်​​လေးတစ်​ပင်​ စိုက်​ပျိုးခဲ့ပါက ​နောက်​တစ်​ရာသီဆိုလျှင်​ အရင်​လိုလှပလာအုန်း
မည်​။ သစ်​​တောဌာနကသစ်​ပင်​ခုတ်​လျှင်​သာဖမ်းပါသည်​။သစ်​ပင်​စိုက်​လျှင်​​တော့ဖမ်းလိမ့်
မည်မဟုတ်​ပါ​ချေ။ မြို့သာယာလှပ​ရေးအတွက်​ မြို့သူမြို့သားများအားလုံးတွင်
တာဝန်​ရှိပါသည်​။ ​တောင်​ကြီးဆိုတာ ကမ္ဘာမှာ မရှိခဲ့တဲ့ရိုးရာမီးပုံးပျံရဲ့​မွေးဖွားရာ​နေရာ
တောင်​ကြီး​တောင်​က​တောင်​ချွန်းအလှက ​အလည်​လာသမျှကိုစွဲ​ဆောင်​နိုင်​တဲ့​နေရာ
တို့မြို့သူမြို့သားစစ်​စစ်​တိုင်း​စောင့်​​ရှောက်​ရမဲ့​နေရာပင်​ဖြစ်​ပါသည်​။
HAK

No comments:

Post a Comment