
နေပြည်တော် စက်တင်ဘာ ၁၈
၂ဝ၁၃ခုနှစ် တပ်မတော် ကာကွယ်ရေး
ဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တုရင်ပြိုင်ပွဲ ဖွင့်ပွဲကို
စက်တင်ဘာ ၁၇ရက် နံနက်ပိုင်းက တောင်ကြီးမြို့ မိုးလုံလေလုံ အားကစား ခန်းမ၌
ကျင်းပရာ တပ်မတော် ကာကွယ်ရေး ဦးစီး
ချုပ် ကိုယ် စား အရှေ့ပိုင်းတိုင်း
စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးထွဋ်က အဖွင့်အမှာ စကား ပြောကြားပြီး
ပထမ နေ့ပွဲစဉ် ယှဉ်ပြိုင်နေမှု များကို ကြည့်ရှု အားပေးသည်။
အဆိုပါပြိုင်ပွဲ ဖွင့်ပွဲသို့ တိုင်းမှူး
ဗိုလ်ချုပ် စိုးထွဋ်၊ တိုင်းစစ်ဌာနချုပ်မှ တပ်မတော် အရာရှိကြီးများ၊
တပ်နယ်၊ တပ်ရင်း/ တပ်ဖွဲ့ မှူးများ၊ အရာရှိ/ စစ်သည်၊ မိသားစုများ တက်ရောက်
ခဲ့ကြကြောင်းနှင့် ပြိုင်ပွဲကို အသင်း ၂၂သင်းဖြင့် စက်တင် ဘာ ၂၇ ရက်အထိ
ကျင်းပမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
http://www.myawady.net.mm
No comments:
Post a Comment