နယူးအော်လင်း စက်တင်ဘာ ၂ဝ
ကြောက်မက်ဖွယ်ရာ ကောင်းသော ရောဂါပိုး တစ်မျိုးဖြစ်သည့် ဦးနှောက်များကို စားသောက်သော
Amoeba ဗိုင်းရပ်စ်ပိုးအား
အမေရိကန်နိုင်ငံ နယူးအော်လင်းပြည်နယ် ဆင်ခြေဖုံး ရပ်ကွက်တစ်ခုရှိ
ရေပေးဝေရေး စနစ် တစ်ခုတွင် တွေ့ရှိခဲ့ကြောင်းနှင့် ထိုကဲ့သို့
တွေ့ရှိမှုကြောင့် ဒေသခံများမှာ စိုးရိမ်ထိတ်လန့်လျက် ရှိနေကြ ကြောင်း
သိရသည်။
အဏုကြည့် မှန်ပြောင်းဖြင့် ကြည့်ရှုမှသာ
မြင်နိုင်စွမ်းရှိသည့် အဆိုပါ ရောဂါပိုးသည် မျက်လုံး၏ အပေါ် ဘက်ရှိ
အလွန်သေးငယ်သော အရိုးကြားမှ တစ်ဆင့် ဝင်ရောက်ခြင်း ဖြစ်ကြောင်း ကူးစက်ရောဂါ
ပြန့်ပွားမှု ထိန်းချုပ်ရေး ဌာနမှ ဒေါက်တာ ရော့တ်ရတ်တာ့ဒ်က ပြောကြားခဲ့သည်။
အဆိုပါ ရောဂါပိုးကြောင့် သြဂုတ်လ အတွင်းက အသက် ၄ နှစ်အရွယ်ရှိ
ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီးချိန်မှ စ၍ ပြည်နယ် ကျန်းမာရေးဌာန
မှတာဝန်ရှိသူများက လေ့လာ စုံစမ်းမှုများ ပြုလုပ်ခဲ့ရာမှ တွေ့ရှိခဲ့ကြခြင်း
ဖြစ်သည်။
http://www.myawady.net.mm

No comments:
Post a Comment