
ရန်ကုန် သြဂုတ် ၂၁
မိုဘိုင်းလ်ဖုန်း အသုံးပြုသူများ အနေဖြင့်
ဖုန်းငွေဖြည့်ကတ်များ ဝယ်ယူ အသုံးပြုရာတွင် ငွေဖြည့်ကတ် error များကြောင့်
သုံးစွဲသူများ အနေဖြင့် အခက်အခဲများ ရှိနေကြောင်း ဖုန်းအရောင်း
ဆိုင်များနှင့် ဖုန်းသုံးစွဲသူ များထံက စုံစမ်းသိရသည်။
မိုဘိုင်းလ်ဖုန်း သုံးစွဲသူများ အနေဖြင့်
ဖုန်းအတွင်းသို့ ငွေဖြည့်ရန် ငွေဖြည့်ကတ်များ ဝယ်ယူ အသုံးပြုရာတွင်
ကတ်အတွင်း ဖုန်းဘီလ် မပါရှိခြင်းများ ဖြစ်နေကြောင်း သိရသည်။
''ဖုန်းငွေဖြည့်ကတ် တွေထဲမှာ ပိုက်ဆံ
မပါလာတာ တွေရှိတယ်။ ငွေဖြည့်ကတ်ကို ဆိုင်က ဝယ်တယ်။ ပြီးရင် ခဲခြစ်ပြီး
ငွေဖြည့်တယ်။ ဒါပေမဲ့ ငွေဖြည့်လို့ မရဘူး။ ဖြည့်တဲ့ငွေ ပမာဏ တက်မလာဘူး။
ဆိုင်ကို သွားပြန် ပြောတော့လည်း ငွေဖြည့်ကတ်ဖိုး ပိုက်ဆံပြန် မပေးဘူး။
အခုနောက်ပိုင်း ငွေဖြည့်ကတ် ဝယ်ရင် ဝယ်တဲ့ ဆိုင်မှာပဲ တစ်ခါတည်း ခဲခြစ်ပြီး
ငွေဖြည့်တယ်'' ဟု ကိုယ်တိုင် တွေ့ကြုံဖူးသူ တစ်ဦးက ပြောကြားခဲ့သည်။
မိုဘိုင်းလ်ဖုန်း ကိုင်ဆောင်
အသုံးပြုသူများ အနေဖြင့် ငွေဖြည့်ကတ် ဝယ်ယူ အသုံးပြုရာတွင် အထက်ပါ
ဖြစ်စဉ်များကို အထူးပင် ဂရုပြုသင့်ကြောင်း ငွေဖြည့်ကတ် ဝယ်ယူရာတွင်လည်း
ဝယ်ယူသည့် ဆိုင်တွင်ပင် ငွေတစ်ခါတည်း ခဲခြစ်ငွေဖြည့် သွင်းသင့်ကြောင်း
၎င်းက ဆက်လက် ပြောကြားခဲ့သည်။
''ငွေဖြည့်ကတ် error ဖြစ်တာက ဆိုင်မှာ
တစ်ခါတည်း ငွေဖြည့်လို့ error ဖြစ်ရင် လဲပေးလို့ ရတယ်။ ဆိုင်ကနေ
ဝယ်သွားတယ်။ အိမ်ရောက်ပြီး error ဖြစ်လို့ လာပြောရင် လဲပေးလို့ မရဘူး။
အိမ်ရောက်မှ အခြားဖုန်းထဲကို ငွေဖြည့်ပြီး
error ဝင်တာပါလို့ ဆိုင်ကို လိမ်ရင်ဘယ်လို လုပ်မလဲ'' ဟု 7 Star ဖုန်း
အရောင်းဆိုင်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
ထက်နေ
http://www.myawady.net.mm
No comments:
Post a Comment