
ဘိုကိုတာ စက်တင်ဘာ ၁၂
ကိုလံဘီယာ နိုင်ငံ ဘိုကိုတာ လေဆိပ်မှ
တာဝန် ရှိသူများသည် ကိုကင်း ၂ ကီလိုဂရမ် အားကိုယ်ဝန် အတုတွင်း ထည့်၍
သယ်ဆောင်လာသည့် ကနေဒါ အမျိုးသမီးတစ်ဦးကို စက်တင်ဘာ ၁၂ရက်က ဖမ်းဆီးရမိ
ခဲ့ကြောင်းသိရသည်။ အသက် ၂၈ နှစ်အရွယ်ရှိ
တာဘီသာ လိခ်ျရစ်တ်ချီဆိုသူ ကနေဒါ
အမျိုးသမီးသည် အဆိုပါ ကိုကင်း ၂ ကီလိုဂရမ်အား ၎င်း၏ ဗိုက်တွင်
တိပ်ဖြင့်ကပ်လျက် အပေါ်မှ ကိုယ်ဝန်အတုကို ထပ်အုပ်ကာ ကိုလံဘီယာနိုင်ငံမှ
ကနေဒါနိုင်ငံသို့ ထွက်ခွာရန် ကြိုးပမ်းစဉ် လေဆိပ်၏ အကောက်ခွန်ဌာန
အရောက်တွင် တာဝန်ရှိသူများက မသင်္ကာသဖြင့် ခေါ်ယူ စစ်ဆေး ရာမှ ဖမ်းဆီး
ခံခဲ့ရခြင်း ဖြစ်သည်။ အဆိုပါပြစ်မှုနှင့် စပ်လျဉ်း၍ စုံစမ်းစစ် ဆေးမှုများ
ပြုလုပ်လျက်ရှိပြီး ပြစ်မှု ထင်ရှားပါက ၎င်းအမျိုးသမီးသည် ထောင်ဒဏ် ၈ နှစ်အထိ
ကျခံရနိုင်ဖွယ် ရှိကြောင်း၊
ထိုကဲ့သို့ နည်းလမ်းကို အသုံးပြု၍
ဘိန်းဖြူ သယ်ယူမှုမှာ ယခုအကြိမ်သည် ပထမဆုံး အကြိမ်အဖြစ် မြင်တွေ့ရခြင်း
ဖြစ်ကြောင်းနှင့် ကိုလံဘီယာနိုင်ငံ အတွင်းဖမ်းဆီး ထိန်းသိမ်း ခံထားရသည့်
နိုင်ငံခြားသား ၈၇၄ဦးအနက် အများစုမှာ ဘိန်းဖြူ သယ်ယူမှုများ ဖြစ်ကြောင်း
ကိုလံဘီယာနိုင်ငံ မူးယစ်ဆေးဝါး တားဆီး တိုက်ဖျက်ရေး ရဲတပ်ဖွဲ့မှ ဒုတိယ
ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး အက်စ်တီဘန် အေးရီးစ်ကပြောကြား ခဲ့သည်။
http://www.myawady.net.mm
No comments:
Post a Comment