
လန်ဒန် စက်တင်ဘာ ၂၃
ဥရောပ အာကာသ အေဂျင်စီ ESAသည် အင်္ဂါဂြိုဟ်ပေါ်သို့ မြွေအသွင် သဏ္ဌာန်ရှိ စက်ရုပ် တစ်ရုပ်ကို
စေလွှတ်ရန် စီစဉ်လျက် ရှိကြောင်းနှင့်
အဆိုပါ စက်ရုပ်သည် အင်္ဂါဂြိုဟ် ပေါ်ရှိ အပေါက်ငယ်လေး များနှင့်
ချောင်ကြိုချောင်ကြား နေရာများ အတွင်းသို့ ၀င်ရောက် နိုင်စွမ်း ရှိသည့်
အပြင် အနာဂတ် အင်္ဂါဂြိုဟ် ဆင်းယာဉ်များနှင့် ချိတ်ဆက်လုပ် ဆောင်နိုင်မည်
ဖြစ်ကြောင်း သိရသည်။
အဆိုပါ မြွေစက်ရုပ်သည် ယခင်က အင်္ဂါဂြိုဟ်
ပေါ်သို့ စေလွှတ်ခဲ့သော အင်္ဂါဂြိုဟ် ဆင်းယာဉ်များထက် စူးစမ်း လေ့လာ မှုများကို
ပိုမို လုပ်ဆောင် နိုင်စွမ်း ရှိကြောင်း ESA မှ သုတေသီများ က ပြောကြားသည်။
နှဗ သည် အခြားသော ဂြိုဟ်များ တွင်လည်း
ပိုမိုထိရောက်မှု ရှိသော စူးစမ်း လေ့လာမှုများ ပြုလုပ်ရန် ဆန္ဒရှိကြောင်း၊
သိပ္ပံ ပညာရပ်နှင့် စက်မှုဆိုင်ရာ သုတေသန အဖွဲ့ (SINTEF) မှ သုတေသီများသည်
မြွေစက်ရုပ် စူးစမ်း လေ့လာနိုင်မှုရှိ၊ မရှိနှင့် စပ်လျဉ်း၍ စစ်ဆေးမှုများ
ပြုလုပ်လျက် ရှိကြောင်း သိရသည်။
ယင်းမြွေစက်ရုပ်သည် အင်္ဂါဂြိုဟ်
ဆင်းယာဉ်နှင့် ချိတ်ဆက်၍ အင်္ဂါဂြိုဟ်ပေါ်မှ မြေနမူနာများကို
ဂြိုဟ်ဆင်းယာဉ်ပေါ်တွင် ဆန်းစစ် လေ့လာမှု ပြုရာမှ ရလာသော ရလဒ်များကို
ကမ္ဘာမြေပြင်သို့ ပြန်လည် ပို့ဆောင် ပေးမည်ဖြစ်ပြီး မြွေစက်ရုပ်များသည်
ဂြိုဟ်ဆင်းယာဉ် များသွား ရောက်နိုင်ခြင်း မရှိသည့် ချောင်ကျသော
နေရာများသို့ ၀င်ရောက်၍ မြေနမူနာ ကဲ့သို့သော နမူနာ ပုံစံများကို ရယူ ရာတွင်
အထောက်အကူ ပေးနိုင်စွမ်း ရှိကြောင်း သိရသည်။
http://www.myawady.net.mm
No comments:
Post a Comment