
ကဘူးလ် စက်တင်ဘာ ၁၃
အာဖဂန် နစ္စတန်နိုင်ငံ အနောက်ပိုင်း
ဟားရတ်မြို့ရှိ အမေရိကန် ကောင်စစ်ဝန်ရုံးကို စစ်သွေးကြွ အဖွဲ့က
တိုက်ခိုက်ခဲ့ရာ အာဖဂန် ရဲတပ်ဖွဲ့ဝင် သုံးဦး သေဆုံးပြီး ၂၄ ဦးကျော် ဒဏ်ရာ
ရရှိခဲ့ကြောင်း သိရသည်။
စစ်သွေးကြွ များသည် စက်တင်ဘာ ၁၃ ရက်
ဒေသစံတော်ချိန် နံနက် ၆ နာရီခန့်က ကောင်စစ်ဝန်ရုံး၏ ဝင်ပေါက်တွင်
ကားတစ်စီးကို ဗုံးထောင် ဖောက်ခွဲမှုတစ်ရပ် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက်
စစ်သွေးကြွများသည် ကောင်စစ်ဝန်ရုံးရှိ လုံခြုံရေး ဝန်ထမ်းများ အား
လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။
ထို့နောက် ဒဏ်ရာရရှိသူများ အား
ရဟတ်ယာဉ်များဖြင့် သယ်ဆောင်ကာ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ပြီး အဆိုပါ
ဒဏ်ရာ ရရှိသူများထဲတွင် အမေရိကန် နိုင်ငံသားများ မပါဝင်ကြောင်း သိရသည်။
http://www.myawady.net.mm
No comments:
Post a Comment