
တောင်ကြီး စက်တင်ဘာ ၁၉
ရှမ်းပြည်နယ် တောင်ကြီးမြို့
ကျောင်းကြီးစုရပ်ကွက် အနောက် မြို့ပတ်လမ်း ရှမ်းပြည်နယ် (တောင်ပိုင်း/
အရှေ့ပိုင်း) သမဝါယမ အသင်းစုချုပ်ရုံး အစည်းအဝေးခန်းမ၌
ယမန်နေ့ နံနက် ၉ နာရီက ဗဟို သမဝါယမ အသင်း
သမဝါယမ လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်း ဆွေးနွေးပွဲ ကျင်းပရာ
အခမ်းအနားသို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ရှမ်းပြည်နယ် စီမံကိန်းနှင့်
စီးပွားရေး ဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ကျော်ညွန့်၊ နိုင်ငံတော်၏ အမျိုးသား
စီးပွားရေးနှင့် လူမှုရေး အကြံပေးကောင်စီ အဖွဲ့ဝင် ဗဟို သမဝါယမ အသင်းဥက္ကဋ္ဌ
ဦးခင်မောင်အေး၊ ရှမ်းပြည်နယ် (တောင်ပိုင်း/ အရှေ့ပိုင်း) သမဝါယမ
အသင်းစုချုပ် ဥက္ကဋ္ဌ ဦးကျော်မြခိုင်၊ ရှမ်းပြည်နယ် သမဝါယမ ဦးစီးဌာန ဒုတိယ
ညွှန်ကြားရေးမှူး ဒေါ်ယုယုအေး၊ မြို့နယ် သမဝါယမ အသင်း ဥက္ကဋ္ဌများ၊
အတွင်းရေးမှူးများနှင့် အသင်းဝင်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့
ရှမ်းပြည်နယ် စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီးဌာန ဝန်ကြီး
ဦးအောင်ကျော်ညွန့်က လမ်းညွှန် အဖွင့် အမှာစကား ပြောကြားပြီး နိုင်ငံတော်၏
အမျိုးသား စီးပွားရေးနှင့် လူမှုရေး အကြံပေးကောင်စီ အဖွဲ့ဝင် ဗဟို
သမဝါယမအသင်း ဥက္ကဋ္ဌ ဦးခင်မောင်အေးက သမဝါယမ လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို
ရှင်းလင်း မှာကြားသည်။ ဆက်လက်၍ ရှမ်းပြည်နယ် (တောင်ပိုင်း/ အရှေ့ပိုင်း)
သမဝါယမ အသင်းစုချုပ် ဥက္ကဋ္ဌ ဦးကျော်မြခိုင်က သမဝါယမ လုပ်ငန်း ဆောင်ရွက်မှု
အခြေအနေများကို ရှင်းလင်း တင်ပြပြီး တက်ရောက် လာကြသူများက သမဝါယမ
လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး တင်ပြသည်။
ထို့နောက် ဆွေးနွေး တင်ပြချက်များအပေါ်
မူတည်၍ နိုင်ငံတော်၏ အမျိုးသား စီးပွားရေးနှင့် လူမှုရေး အကြံပေးကောင်စီ
အဖွဲ့ဝင် ဗဟို သမဝါယမ အသင်းဥက္ကဋ္ဌ ဦးခင်မောင်အေးက လိုအပ်သည်များကို ပြန်လည်
ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။
http://www.myawady.net.mm
No comments:
Post a Comment