11 September 2013

မိဘဆရာအသင်း နှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန် ဆုပေးအပ်

 မိဘဆရာအသင်း နှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန် ဆုပေးအပ်
တောင်ကြီး  စက်တင်ဘာ  ၈
ရှမ်းပြည်နယ် တောင်ကြီးမြို့ လမ်းမတော်ရပ်ကွက် ဘုရင့်နောင်လမ်း အမှတ်(၃) အခြေခံပညာ အထက် တန်း ကျောင်း ကျောင်းခန်းမ၌
ယမန်နေ့ နံနက် ၉ နာရီက ၂ဝ၁၃- ၂ဝ၁၄ ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည် အစည်းအဝေးနှင့် ၂ဝ၁၂- ၂ဝ၁၃ ပညာသင်နှစ် အတွက် ပညာရည်ချွန် ဆုပေးပွဲ အခမ်းအနား ကျင်းပရာ အခမ်းအနားသို့ တောင်ကြီးမြို့နယ် ပညာရေးမှူး ဒေါ်ခင်ဝင်းမြင့်၊ ကျောင်းအုပ် ဆရာမကြီး ဒေါ်ငွေစိန်၊ မိဘဆရာ အသင်း အလုပ်အမှုဆောင်များ၊ ကျောင်း အကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘ များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် တောင်ကြီးမြို့ မြို့နယ် ပညာရေးမှူး ဒေါ်ခင်ဝင်းမြင့်က အဖွင့်အမှာစကား ပြောကြားပြီး အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ် ဆရာမကြီးက အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မိဘဆရာအသင်း ဒုတိယ ဥက္ကဋ္ဌ အထက်တန်းပြ ဆရာမ ဒေါ်စိန်မြချီက ၂ဝ၁၂- ၂ဝ၁၃ ပညာသင်နှစ် မိဘဆရာအသင်း ရန်ပုံငွေ ရှင်းတမ်းကို ဖတ်ကြားပြီး ၂ဝ၁၃- ၂ဝ၁၄ ပညာသင်နှစ် မိဘဆရာ အလုပ်အမှုဆောင်နှင့် ကျောင်း အကျိုးတော်ဆောင် အမည်စာရင်း တင်သွင်း ဖတ်ကြားသည်။ ထို့နောက် တောင်ကြီးမြို့နယ် ပညာရေး မှူး ဒေါ်ခင်ဝင်းမြင့်၊ ကျောင်းအုပ် ဆရာမကြီး ဒေါ်ငွေစိန်နှင့် တာဝန်ရှိသူတို့က ၂ဝ၁၂- ၂ဝ၁၃ ပညာသင်နှစ်တွင် ထူးချွန်ဆု ရရှိသော ကျောင်းသား၊ ကျောင်းသူများကို ဆုများ ချီးမြှင့်ပြီး အလှူရှင် မိဘများအား ဂုဏ်ပြု  မှတ်တမ်းလွှာ များ ပေးအပ်ခဲ့ကြောင်း သိရသည်။
http://www.myawady.net.mm

No comments:

Post a Comment