14 September 2013

တောင်ကြီးမြို့တွင် မြန်မာတိုင်းရင်းသားရိုးရာ အဆို၊အက၊အရေး၊အတီးပြိုင်ပွဲကျင်းပ

တောင်ကြီးမြို့၊ စက်တင်ဘာလ (၁၅)ရက်
ယနေ့တွင် တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ ကိုးကန့်သာရေး/နာရေး၊ လူမှုရေးအသင်း၊ ကိုးကန့်ခန်းမတွင်
တောင်ကြီးမြို့နယ် မြို့နယ်အဆင့် ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲကျင်းပမည်ဖြစ်ပြီး၊ ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်
အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသောဧည့်သည်များ၊ ပြိုင်ပွဲဝင်များ၊ အသင်းအဖွဲ့များတက်ရောက်ကြပြီး၊ မဟာဂီတ၊ ခေတ်ပေါ်၊ တိုင်းရင်းသားရိုးရာနှင့် အတီးပြိုင်ပွဲများအား (၄)ရက်ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး၊ ယခု
ကျင်းပသည့်အကြိမ်နှင့်ဆိုလျှင် တောင်ကြီးမြို့တွင် (၂၀)ကြိမ်ရှိပြီဖြစ်ကြောင်း၊ ယခုပြိုင်ပွဲတွင် ပထမရရှိသူများ
မှာ ခရိုင်/ပြည်နယ်အဆင့်မှနိုင်ငံတော်အဆင့်ထိကြိုးစားယှဉ်ပြိုင်သွားကြရမှာဖြစ်ကြောင်း သတင်းရရှိပါသည်။
HAK

No comments:

Post a Comment