7 September 2013

တောင်ကြီးမြို့ရေကောင်းရေသန့်နှင့် သောက်သုံးရေ ဖူလုံစွာ ရရှိရေး ရေပိုက်လိုင်းများ သွယ်တန်းမှု ၅ ရာခိုင်နှုန်း ပြီးစီး

ရေကောင်းရေသန့်နှင့် သောက်သုံးရေ ဖူလုံစွာ ရရှိရေး ရေပိုက်လိုင်းများ သွယ်တန်းမှု ၅ ရာခိုင်နှုန်း ပြီးစီး
တောင်ကြီး  စက်တင်ဘာ  ၅
ရှမ်းပြည်နယ် တောင်ကြီး မြို့ပေါ်ရပ်ကွက်များရှိ ရပ်ကွက်နေ ပြည်သူများ ရေကောင်းရေသန့်နှင့် သောက်သုံး ရေဖူလုံစွာ ရရှိရေးအတွက်
ပြည်နယ်အစိုးရ အဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြည်နယ် စည်ပင်သာယာရေး ညွှန်ကြား ရေးမှူးနှင့် အင်ဂျင်နီယာမှူးကြီးတို့က ဦးဆောင်၍ နားယောင်း တိုးချဲ့ရေပေးဝေရေး အပိုင်း(၂) ရေထွက်မှ စဝ်စံထွန်း ရပ်ကွက် ရန်ကင်းတောင် ဂါလန်ငါးသောင်းဆံ့ ရေစုကန်သို့ ပို့လွှတ်ပြီး ၎င်းမှတစ်ဆင့် ရတနာသီရိ ရပ်ကွက် အုတ်ဖို ဂါလန် ၁ သိန်းဆံ့ ရေစုကန်သို့ ပို့လွှတ်နိုင်ရေး အတွက် ပေပေါင်း ၁၄၉ဝဝ ရှည်လျားသည့် ၆ လက်မ ရေပိုက်လိုင်း သွယ်တန်းမှုကို သြဂုတ် ၁ ရက်မှ စတင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 
အဆိုပါ ရေပိုက်လိုင်း သွယ်တန်းမှုကို မြို့နယ် စည်ပင်သာယာရေး အဖွဲ့ မြို့နယ် အင်ဂျင်နီယာ ဦးဇော်ဝင်းက အနီးကပ် ကြီးကြပ်၍ စည်ပင်သာယာရေး ဝန်ထမ်းများနှင့်အတူ ဆောင်ရွက်လျက်ရှိရာ ပိုက်လိုင်း သွယ်တန်းမှု ၈၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်၍ စက်တင်ဘာ ဒုတိယပတ်တွင် ပြည်သူလူထုအား ရေ စတင်ဖြန့်ဝေ ပေးနိုင်မည် ဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
http://www.myawady.net.mm

No comments:

Post a Comment