11 September 2013

ပင်သစ် နိုင်ငံတွင် ဆပ်ကပ်အဖွဲ့မှ ဆင်တစ်ကောင်၏ နှာမောင်းဖြင့် ရိုက်နှက်မှုကြောင့် အမျိုးသား တစ်ဦး သေဆုံး

 ပြင်သစ် နိုင်ငံတွင် ဆပ်ကပ်အဖွဲ့မှ ဆင်တစ်ကောင်၏ နှာမောင်းဖြင့် ရိုက်နှက်မှုကြောင့် အမျိုးသား တစ်ဦး သေဆုံး
ရစ်   စက်တင်ဘာ  ၁၀
ပြင်သစ်နိုင်ငံ ပဲရစ်မြို့ အနီးတွင် အသက် ၄၈နှစ် အရွယ်ရှိ အမျိုးသား တစ်ဦးသည် ဒေသတွင်း ဆပ်ကပ်အဖွဲ့ မှ လွတ်မြောက်လာသော  ဆင်တစ်ကောင်၏  နှာမောင်းဖြင့် ရိုက်နှက် မှုကြောင့်   သေဆုံး ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြား ခဲ့သည်။
အဆို ပါဆင်သည် ပဲရစ်မြို့မှ ၅၀ ကီလိုမီတာခန့်အကွာ လီဇီ-ဆာ-အာ ရက်ခ်ဒေသတွင် စက်တင်ဘာ ၈ ရက် နေ့လယ်ပိုင်းက ပြုလုပ်သော ဆပ်ကပ် ပွဲ၌ တင်ဆက် ကပြပြီးနောက် အဆို ပါဆင်အား တာဝန်ရှိ သူများက ၎င်းကို ထားရှိရာ ခြံဝင်း အတွင်းသို့ ခေါ်ဆောင်သွားခဲ့ ကြောင်း သိရသည်။
ယင်းနောက်တွင် အဆို ပါဆင်သည် ၎င်းအား လှောင်ထားသော ခြံဝင်းအား ကာရံထားသည့် အကာအရံများကို ဖျက်ဆီးပြီး တိုက်ခိုက်ခြင်း ခံရသည့် ယင်းအမျိုးသား ဆီသို့ ဦးတည်လာပြီး နောက် နှာမောင်းဖြင့် ရိုက်နှက်ကာ နင်းချေ ခဲ့ကြောင်း သိရသည်။ အမည်မသိ အဆိုပါ အမျိုးသားအား ဆေးရုံသို့ ပို့ဆောင် ခဲ့သော်လည်း ရရှိထားသော ဒဏ်ရာများကြောင့် စက်တင် ဘာ ၈ ရက် ညက သေဆုံး ခဲ့ကြောင်း သိရသည်။
http://www.myawady.net.mm

No comments:

Post a Comment