17 August 2014
ခွန်​ရာဇာ (တောင်​ကြီး) | ဩဂုတ်​လ ​၈ ရက်၊ ​၂​၀​၁​၄ | တောင်​ကြီး​တိုင်း​မ်
ကိုယ့် ​အား​ကိုယ်​ကိုး​မီး​လင်း​ရေး​ကော်​္​မ​တီ​၏ ငွေ​အလွဲ​သုံး​စား​ပြုလုပ်​မှု​နှင့် (၂​၁.​၇.​၂​၀​၁​၄) လွဲး​မား​စွာ ဆန္ဒ​ဖော်​ထုတ်​မှု​ကြောင့် မိုင်း​သော်​အရှေ့​ကျေးရွာ​အုပ်စု တောင်​နီ​ကျေးရွာ ဖွံ့ဖြိုး​ရေး​အထောက်​အ​ကူ​ပြု​ဥက္ကဌ ဦး​မြ​အောင် ဦးဆောင်​ပြီး ရပ်​မိ​ရပ်​ဖ​နှင့်​အတူ ဩဂုတ်​လ ​၆ ရက်​တွင် တောင်ကြီးမြို့ ရှမ်း​စာပေ​နှင့်​ယဉ်ကျေး​မှု​ခန်းမ​တွင် သတင်းစာ​ရှင်းလင်း​ပွဲး​ပြုလုပ်​ကြော​င်း သိ​ရသ​ည်။
“၂ ​၀​၁​၄ ခု၊ ဇူလိုင်​လ ​၂​၁ ရက်​မှာ ယခင်​တောင်​နီ​ကျေးရွာ​အုပ်ချုပ်​ရေး​မှူး​ကို ပြန်လည်​တင်​မြောက်​ရေး၊ မြို့​နယ်​အုပ်ချုပ်​ရေး​နဲ့ တရားရုံး​က ထုတ်ထား​တဲ့ ရပ်​စဲ​ရေး​အမိန့်စာ​ကို ပြန်လည်​ရုပ်သိမ်း​ရေး ဆို​ပြီး ဆန္ဒ​ပြ​တဲ့​အပေါ်​မှာ အုပ်ချုပ်​ရေး​မှူး ဦး​လှ​သော်​ဟာ အုပ်ချုပ်​ရေး​မှူး​လည်း​ဖြစ်​တယ်။ မီး​လင်း​ရေး​ကော်မတီ​ဥက္ကဌ​လည်း ဖြစ်​တယ်၊ ငွေထိန်း​လည်း​ဖြစ်​တယ်။ သူ​ဟာ ငွေ​အလွဲ​သုံး​စား​ပြုလုပ်​နေ​ပါ​တယ်၊ ပြည်​သူ​က တိုင်ကြား​ထား​ပါ​တယ်၊ ငွေ​သိန်း​ပေါင်း ​၁​၁​၆​၀ ကျော် ငွေ​အလွဲ​သုံး​စာ​ပြုလုပ်​ထား​တာ မှန်ကန်​ပါ​တယ်​ဆို​ပြီး သက်သေ​အထောက်​ထား​အခိုင်​မာ​နဲ့ ရှင်းလင်း​ရ​ခြင်း ဖြစ်​ပါ​တယ်။ ဒါ​ကို တပ်မ​တော်​လက်ထက်​က အကြိမ်ကြိမ်​တိုင်ကြား​ထား​ပါ​တယ်။ စုံစမ်း​စစ်ဆေး​ခြင်း မ​ပြုလုပ်​ဘူး။ ဒါ​ကြောင့် အုပ်ချုပ်​ရေး​မှူး​ဦး​ဇော်​မြင့်​သိန်း​လက်ထက်​မှာ ရပ်​ရွာသား ​၂​၆ ယောက် လက်မှတ်ထိုး​ပြီး ထပ်မံ​တိုင်ကြား​ပါ​တယ်။ အဲ​ဒါ​လည်း အရေးယူ​ပေး​ခြင်း​မ​ရှိ​ခဲ့​ဘူး၊ နောက် ဦး​လှ​သော်က အလွဲ​သုံး​စား​မှု ထင်ရှား​ပါ​တယ်​ဆို​ပြီး သူ​ရပ်နား​ခဲ့​ပါ​တယ်။ ကော်မတီ​မှ စစ်ဆေး​ခြင်း၊ အရေးယူ​ခြင်း ယနေ့​ထိ​မ​ရှိ​သည့်​အတွက် ကျွန်တော့​အနေ​နဲ့ ဖွံ့ဖြိုး​တိုးတက်​ရေး အထောက်​အ​ကူ​ပြု​တစ်​ဦး​အနေ​နဲ့ လည်းကောင်း၊ ရပ်​မိ​ရပ်​ဖ​တစ်​ဦး​အနေ​နဲ့​လည်းကောင်း ရှမ်းပြည်နယ်​အ​ထူး​စုံစမ်း​စစ်ဆေး​ရေး​ဦးစီး​ဌာန ဒုတိယ​ညွှန်​ကြား​ရေး​မှူး​ထံ​သို့ ထပ်မံ​တိုင်ကြား​ထား​ပါ​တယ်” ဟု ဖွံ့ဖြိုး​တိုးတက်​ရေး အထောက်​အ​ကူ​ပြု​ကော်မတီ​ဥက္ကဌ ဦး​မြ​အောင်​က ပြော​သည်။
”ကျွန်တော် ​တို့​မီး​ယူ​တဲ့​နေရာ​မှာ မီ​သုံးစွဲ​ပြီး​ကြေး​ကို​ပေး​ရ​တယ်။ မီ​တာ​မ​တပ်​ခင်​မှာ ကျွန်တော့​တို့​ဆီ ကောက်ခံ​ထား​တဲ့​ငွေ​ဟာ လေး​သောင်း​ငါး​ထောင်​တစ်​ရာ ရှစ်​လ​ရှိ​ပါ​တယ်။ မီ​တာ​တပ်​ပြီး အပို​ကောက်​ငွေ​လည်း ရှိ​ပါ​တယ်။ စုစုပေါင်း ​၁​၁​၃​၆​၀​၀ လေး​ဆယ်​ငါး​လ​ကို​ကောက်ခံ​ပါ​တယ်။ ရှင်းလင်း​ခြင်း​မ​ရှိ​ခဲ့​ဘူး။ ကျွန်တော်​တို့​ရွာ​မှာ နောက်တပ်​တာ​မ​ပါ​ဘူး၊ မီ​တာ ​၁​၁​၄ လုံး​ရှိ​တယ်။ ကောက်​ထား​တဲ့​ငွေ​ကို ရှင်း​ပြ​ခြင်း မ​ရှိ​တဲ့​အတွက် အခု​လာ​ရောက် ရှင်း​ပြ​ခြင်း​ဖြစ်​ပါ​တယ်“ ဟု ဘုရား​ငါး​ဆူ​ကျေးရွာ ဦး​မောင်​ဝင်း​မြင့်​က ပြော​သည်။
"ဦးတင် ​ဦး​က ကျွန်တော်​တို့​ရွာ​ကို ဒီ​ဆန္ဒ​ပြ​တဲ့​နေရာ​မှာ ပါဝင်​ပါ​တယ် ဆို​ပြီး မီ​ဒီ​ယာ​ကို ပြော​သွား​ပါ​တယ်။ အမှန်​ကျွန်တော်​တို့​ရွာ တစ်​ယောက်​မှ မ​ပါ​ဘူး။ အဲ​လို​ပြော​လိုက်​တဲ့​အတွက် ကျွန်တော်​တို့​ကျေးရွာ​ကို ထိခိုက်​နှစ်​နာ​မှု​ရှိ​ခဲ့​ပါ​တယ်။ အဖွဲ့​အစည်း​အသီး​သီး​မှ ကျေးရွာ​ဖွံ့ဖြိုး​မှု​လုပ်​တဲ့ အချိန်​မှာ ဒီ​လို အပြော​ခံ​လိုက်​ရသ​ည့်​အတွက် ကျေးရွာ​ဖွံ့ဖြိုး​မှု ဆုံးရှုံး​ခဲ့​ရ​ပြီး ကျေးရွာ​ပြည်​သူ​လည်း မ​ခံ​မ​ရပ်​ဖြစ်​ခဲ့​ပါ​တယ်။ ဒါ​ကြောင့် သူ့​ကို တရား​စွဲ​ထား​ပါ​တယ်” ဟု ပန်း​တော​ကျေးရွာ ရပ်​မိ​ရပ်​ဖ​တစ်​ဦး ဦး​ဝင်း​မော်​က ပြော​သည်။
No comments:
Post a Comment