တောင်ကြီးမြို့ စက် (၂၄)
စက်(၁၈)ရက်နေ့ က တောင်ကြီးခရိုင်အုပ်ချုပ်ရေး မှူးနှင့် ညောင်ရွှေမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇောလှတို့
မှ ညောင်ရွှေမြို့နယ်၊ အင်းလေးဟိုတယ်ဇုန်မြေနေရာပါရှိသည့် ဒေသခံတောင်သူများအား သီးနှံလျော်ကြေး၊ ဂရုဏာကြေးများအား ပေးအပ်ရာ ကန်ဘဲ့ရွာနှင့် အင်ကြင်းကုန်းဒေသခံတောင်သူ (၇)ဦးမှ လာရောက်ထုတ်ယူ
ခဲ့ကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးအောင်ကျော်ညွှန့်မှလည်း အဆိုပါ တောင်သူ (၇)ဦးအား မိမိတို့ဒေသရှိ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ကောင်းမွန်စေရန် ရေ၊ မီး၊ လမ်း စသည်တို့ကို ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ ကမ်းနားစက်လှေဆိပ်တွင်လည်း ဈေးဆိုင်ခန်းများနေရာချ
ထားပေးသွားမှာဖြစ်ကြောင်း ပြောကြားသွားခဲ့ကြောင်း၊ တောင်သူ (၇)ဦးအား ငွေပေါင်း (၅၀၇၆၂၀၂၇)ကျပ် ထုတ်ပေးခဲ့ပြီး ကန်ဘဲ့ရွာသား ကိုဇော်မင်းနှင့် ကိုစိုးလင်းတို့နှစ်ဦးအားလည်း ပုဒ်မ (၁၈၈/၃၅၃)ဖြင့် တရားစွဲ
ဆိုခံထားရသည့်အမှုကိုလည်း ပြန်လည်ရုပ်သိမ်းပေးရန် ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။
refind; မောင်မောင်သန်း (တောင်ကြီး)( အရှေ့ရိုးမဂျာနယ်)
No comments:
Post a Comment