တောင်ကြီး စက်တင်ဘာ ၃
ရှမ်းပြည်နယ် တောင်ကြီးမြို့
သစ်တောရပ်ကွက် ရုံးကြီးလမ်းနှင့် သပြေလမ်းထောင့်ရှိ မြို့တော်ခန်းမ၌
ကုန်စည်ပြပွဲကြီးနှင့် အထူး ဈေးရောင်းပွဲတော် စည်ကားသိုက်မြိုက်စွာ
ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကုန်စည်ပြပွဲကြီးနှင့် အထူး
ဈေးရောင်းပွဲတော်ကြီးတွင် အီလက်ထရွန်နစ် ပစ္စည်းမျိုးစုံ၊ ကွန်ပျူတာ
ဆက်စပ်ပစ္စည်း မျိုးစုံ၊ ကလေးလူကြီး အဝတ်အထည် မျိုးစုံ၊ စားသောက်ကုန်
မျိုးစုံ၊ လူသုံးကုန်ပစ္စည်း မျိုးစုံ ပြပွဲနှင့် အတူ အဆိုဝါသနာရှင်များ
အတွက် သီချင်းဆိုပြိုင်ပွဲကြီးနှင့် နေ့စဉ်ပြပွဲသို့ ပထမဆုံး လာရောက်သူ ၅ဝဝ
ဦးအား လက်ဆောင်များ ပေးခြင်းနှင့် ပြပွဲ လာရောက်သူများ အားလုံးကို နေ့စဉ်
ကံစမ်းမဲ အခမဲ့ ပေးဝေသွားမည် ဖြစ်ပြီး တီဗွီ၊ ဟန်းဆက်၊ ဒီဗီဒီ၊ မီးပူ၊
ပန်ကာ၊ ထမင်းပေါင်းအိုးနှင့် အခြားဆုမဲ ၁ဝဝ ကျော်ကို နေ့စဉ် ကံစမ်းမဲ
ဖွင့်လှစ်ပေးသွားမည် ဖြစ်သည်။
ယင်းပြပွဲကို စက်တင်ဘာ ၅ ရက်မှ စက်တင်ဘာ ၉
ရက် အထိ နေ့စဉ် နံနက် ၉ နာရီမှ ည ၉ နာရီ အထိ ဖျော်ဖြေရေး အစီအစဉ်များနှင့်
အတူ အထူး စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ် ရောင်းချသွားမည် ဖြစ်ကြောင်း
သိရသည်။
http://www.myawady.net.m
No comments:
Post a Comment