ဝါရှင်တန် စက်တင်ဘာ ၂၇
မွန်းလွဲပိုင်း အချိန်များ၌ ကလေးငယ်များ
တစ်ခဏတာ အိပ်စက်ခြင်းသည် ဦးနှောက်စွမ်းရည်ကို မြင့်တက်နိုင်ဖွယ်
ရှိကြောင်း အမေရိကန် သုတေသနပညာရှင် များ၏
လေ့လာဆန်းစစ် ချက်များအရ သိရသည်။
မွန်းလွဲပိုင်း အချိန်များ၌ တစ်ခဏတာ
အိပ်စက်ခြင်းသည် သုံးနှစ်မှငါးနှစ်အရွယ် ကလေးများအတွက် မှတ်ဥာဏ် စွမ်းရည်
စုစည်းမှုနှင့် သင်ကြားမှုပိုင်းတို့တွင် များစွာ အထောက်အကူပြုကြောင်း သုတေသန
ပညာရှင်များ က လေ့လာ တွေ့ရှိခဲ့သည်။
အမေရိကန် ပြည်ထောင်စု မက်ဆာချူးဆက်
ပြည်နယ် အမ်ဟာစ် တက္ကသိုလ်မှ သုတေသန ပညာရှင်များသည် ၎င်းပြည်နယ် တစ်ဝန်းရှိ
မူကြိုကျောင်း ခြောက်ကျောင်းမှ ကလေးငယ် ၄ဝ ကျော်ကို လေ့လာဆန်းစစ်မှု ပြုလုပ်
ခဲ့ရာ မွန်းလွဲပိုင်း အချိန်များ၌ တစ်ခဏတာ အိပ်စက်သူများနှင့်
အိပ်စက်ခြင်းမရှိသူ များကြား သင်ကြားမှု စွမ်းရည် ကို သရုပ်ခွဲ
လေ့လာနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ သရုပ်ခွဲလေ့လာ ချက်များအရ နေ့လယ်စာ
စားသုံးပြီးနောက် တစ်နာရီကြာ အိပ်စက်သည့် ကလေးငယ် များသည် သတင်းအချက်အလက်
စုဆောင်းမှုနှင့် သင်ကြားမှုပိုင်းဆိုင်ရာ ကိစ္စရပ်များနှင့် ဆက်စပ်နေသော ဦး
နှောက်ပိုင်းဆိုင်ရာ အခန်းကဏ္ဍများတွင် တိုးတက်မှုရှိသည်ကို တွေ့ရှိခဲ့ကြောင်း
အမျိုးသား သိပ္ပံပညာ သင်ကျောင်းမှ ထုတ်ပြန်သော အစီရင်ခံစာများအရ သိရသည်။
www.myawady.net.mm

No comments:
Post a Comment