
ပေကျင်း စက်တင်ဘာ ၂၃
ယခုနှစ်တွင် တိုက်ခတ်ခဲ့သည့် မုန်တိုင်းများအနက် အင်အား အပြင်းဆုံး တိုင်ဖွန်း မုန်တိုင်း ဖြစ်သော
Usagi မုန်တိုင်းသည် တရုတ် နိုင်ငံသို့
ဝင်ရောက် တိုက်ခတ်ခဲ့ရာ သေဆုံးသူ ဦးရေ မှာ ၃၃ ဦးအထိ မြင့်တက်
လာခဲ့ကြောင်း ဒေသဆိုင်ရာ တာဝန် ရှိသူများက စက်တင်ဘာ ၂၃ ရက်တွင် ထုတ်ဖော်
ပြောကြားခဲ့သည်။
အဆိုပါ တိုင်ဖွန်းမုန်တိုင်း
တိုက်ခတ်မှုကြောင့် လေယာဉ် ခရီးစဉ်ရာ ပေါင်းများစွာကို ဖျက်သိမ်း ခဲ့ရသည့်
အပြင် ရေကြောင်း၊ ကုန်းကြောင်းနှင့် ရထား လမ်းများကိုပါ ပိတ်ထားခဲ့ရသည်။
Usagi တိုင်ဖွန်းမုန်တိုင်း
တိုက်ခတ်မှုကြောင့် ဟောင်ကောင်မြို့နှင့် အနီးတစ်ဝိုက်ရှိ ဒေသ ခံများ
မုန်တိုင်းဒဏ် ခံစားခဲ့ရပြီး မုန်တိုင်းဒဏ်ကြောင့် သေဆုံးသူ အများစုမှာ
ကွမ်တုန်း ပြည်နယ်မှဖြစ်သည်။ Usagi မုန်တိုင်းသည် ဖိလစ်ပိုင်နှင့်
တရုတ်(တိုင်ပေ) စသည့် နိုင်ငံ များသို့ ၀င်ရောက် တိုက်ခတ်ခဲ့ခြင်း ဖြစ်ပြီး
မုန်တိုင်းဒဏ်ကြောင့် ယင်းဒေသ၌ လူနှစ်ဦး သေဆုံး ခဲ့ကြောင်း သိရသည်။
http://www.myawady.net.mm
No comments:
Post a Comment