တောင်ကြီး စက်တင်ဘာ ၁၇
ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီ (TCRC)မှ ကြီးမှူး၍
လူမှုဝန်ထမ်း ဦးစီးဌာနနှင့် Unicef တို့
ပူးပေါင်း ကျင်းပသော ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေး ဆိုင်ရာ မိဘ
အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက တောင်ကြီးမြို့ မြို့နယ်
ကော်မရှင်ရုံး ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်နယ် လူမှုဝန်ထမ်းရုံး
လက်ထောက် ညွှန်ကြားရေးမှူး ဦးတင်အောင်ရီက ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး
ဆိုင်ရာတို့ကို ရှင်းလင်း၍ အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် တောင်ကြီးမြို့နယ် ကလေးသူငယ်
အခွင့်အရေးများဆိုင်ရာ ကော်မတီ (TCRC) ဥက္ကဋ္ဌ မြို့နယ် အထွေထွေ
အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သိန်း ကိုယ်စား ဒုတိယ မြို့နယ်
အုပ်ချုပ်ရေးမှူး ဦးနိုင်နိုင်ဦးက မြို့နယ် အချို့တွင် အသက်
မပြည့်မီသေးသည့် ကလေးများ မနိုင်သည့် တာဝန်များ ထမ်းဆောင်လုပ်ကိုင်
နေသည်ကို တွေ့မြင် နေရသည့် အကြောင်းနှင့် မိဘများကလည်း သားသမီးများ၏
ဝါသနာပါသည့် အလုပ်ကို မလုပ်စေဘဲ မိမိဖြစ်စေချင်သော ဆန္ဒကို သာ
သားသမီးများကို လုပ်ကိုင်ခိုင်းစေမှု များကြောင့် ကလေးသူငယ်များ
စိတ်အားထက်သန်မှု နည်းပါးရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်တက္ကသိုလ် စိတ်ပညာဌာန
တွဲဖက်ပါမောက္ခ (ငြိမ်း) ဒေါက်တာ သက်ထားဝင်းက ကလေး သူငယ် ကာကွယ်
စောင့်ရှောက်ခြင်းဆိုင်ရာ မိဘ အသိပညာပေး ဟောပြောဆွေးနွေးရာ တက်ရောက်
လာကြသူများက မိမိတို့ သိလိုသည့် အချက်များ မေးမြန်းကြရာ တာဝန်ရှိသူများက
အသီးသီး ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ကလေးသူငယ် ကာကွယ်
စောင့်ရှောက်ရေးဆိုင်ရာ မိဘ အသိပညာပေး ဟောပြောပွဲသို့ ပြည်နယ် လူမှုဝန်ထမ်း
ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးတင်အောင်ရီနှင့် တာဝန်ရှိသူများ၊
ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်နိုင်ဦး၊ မြို့နယ်အဆင့်
ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ် ကလေးသူငယ် အခွင့် အရေးဆိုင်ရာ
ကော်မတီဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ မိဘများနှင့်
ဖိတ်ကြားထားသည့် ဧည့်သည် များတက်ရောက်ကြောင်း သတင်း ရရှိသည်။
http://www.myawady.net.mm
No comments:
Post a Comment