28 September 2013

ရှမ်းပြည်နယ် စည်ပင် သာယာရေး ဝန်ကြီးဌာန ဝန်ကြီး ခန့်အပ် တာဝန်ပေး

 ရှမ်းပြည်နယ် ဝန်ကြီး ခန့်အပ် တာဝန်ပေး ......
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
(အမိန့်အမှတ်၊ ၄၂/၂ဝ၁၃)
၁၃၇၅ ခုနှစ်၊ တော်သလင်းလဆန်း ၁၂ ရက်
( ၂ဝ၁၃ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်)
ရှမ်းပြည်နယ် ဝန်ကြီး ခန့်အပ် တာဝန်ပေးခြင်း
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၆၂ ၊ ပုဒ်မခွဲ (င)နှင့် ပုဒ်မခွဲ (စ)၊ ပုဒ်မ ၂၆၄၊ ပုဒ်မခွဲ (ဂ)၊   ပြည်ထောင်စု အစိုးရ အဖွဲ့ ဥပဒေ ပုဒ်မ ၁၉၊ ပုဒ်မခွဲ (ဂ)၊ ပုဒ်မ ၈၂၊ ပုဒ်မခွဲ (ဂ)နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရ အဖွဲ့ ဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ (ဆ)၊ ပုဒ်မ ၅၆၊ ပုဒ်မခွဲ (က)တို့ပါ ပြဋ္ဌာန်းချက်များ အရ မိုင်းပြင်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလှဝင်းအား ရှမ်းပြည်နယ် စည်ပင် သာယာရေး ဝန်ကြီးဌာန ဝန်ကြီး အဖြစ် ခန့်အပ် တာဝန် ပေးလိုက်သည်။
(ပုံ) သိန်းစိန်
နိုင်ငံတော် သမ္မတ
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်

ရှမ်းပြည်နယ် တောင်ပေါ်ကျေးရွာ ဒေသများတွင် တောင်ယာစပါး စိုက်ပျိုးဖြစ်ထွန်း

 
တောင်ကြီး  စက်တင်ဘာ  ၂၇
ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် နမ့်ဟောင်းမွေတော် ကျေးရွာအုပ်စု ဒေသခံ တိုင်းရင်းသား များသည် ရှေးဘိုးဘွား အစဉ်အဆက်ကပင် တောင်ပေါ်ဒေသတွင် နေထိုင်လျက်ရှိပြီး လယ်ယာမြေ
မရှိသော်လည်း နှစ်စဉ် ဝမ်းစာစပါး ဖူလုံလျက်ရှိကြောင်း သိရသည်။ အဆိုပါ ကုန်းမြင့် ဒေသတွင် စိုက်ပျိုးသည့် စပါးမျိုးမှာ ရေပေါ်စပါးမျိုး  အနီမျိုး၊ အဖြူမျိုးနှစ်မျိုး ဖြစ်ပြီး မိုးဦးကျ အချိန် မေနှင့်ဇွန်လတို့တွင် စတင်စိုက်ပျိုးကာ အောက်တိုဘာနှင့် နိုဝင်ဘာလတို့တွင် စပါးထွက်ရှိသည်။ မြေနေရာ အညံ့အကောင်းပေါ် မူတည်၍ တစ်ဧကလျှင် တင်း ၃ဝ မှ ၄ဝ အထိထွက်ရှိပြီး ယခင်ဘိုးဘွား လက်ထက်က စပါးစိုက်ပျိုးရာမှာ နည်းစနစ်မမှန်ဘဲ မြေပြင်ကို ကြဲ၍ စိုက်ပျိုးသည့်အတွက် အထွက်နှုန်းနည်းပြီး အလေအလွင့်များသည်။ ယခုအခါ နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာခြင်း၊ အသိပညာများကြွယ်ဝ လာခြင်းတို့ကြောင့် တောင်ယာစပါးကို ၁ဝ လက်မခန့်ခြားကာ မြောင်းစနစ်ဖြင့် စိုက်ပျိုးလာကြသဖြင့်  အထွက်နှုန်း ကောင်းပြီး စပါးအလေအလွင့် နည်းပါးကြောင်း ဒေသခံတောင်သူ တစ်ဦးထံမှ သိရသည်။ အဆိုပါ တောင်ယာစပါးကို သားစဉ် မြေးဆက်စိုက်ပျိုးခဲ့ရာ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ မဲနယ်တောင်တစ်ကြော ပင်လုံမြို့နယ်ခွဲ ၊ ဆနင်းဖောင်းဆိုင် ဒေသနှင့် ရှမ်းပြည်နယ် တောင်ပေါ်ကျေးရွာ ဒေသများမှာ မြေနိမ့်မရှိသည့်အတွက် လယ်မရှိသော်လည်း တောင်ကုန်းများ ပေါ်တွင် စပါးကို မိသားစုစားလောက်ရုံသာ  စိုက်ပျိုးကြကြောင်း သိရသည်။    
http://www.myawady.net.mm

27 September 2013

အိမ်နီးချင်း နိုင်ငံများ၏ မောင်းသူမဲ့ လေယာဉ်များ

အိမ်နီးချင်း နိုင်ငံများ၏ မောင်းသူမဲ့ လေယာဉ်များ
ယနေ့ကမ္ဘာ၏ စစ်ဘက်ဆိုင်ရာ လေကြောင်း ကဏ္ဍ၌ အမြန်ဆုံးနှုန်းထားဖြင့် ဖွံ့ဖြိုး တိုးတက်လျက် ရှိသည့် ကဏ္ဍမှာ မောင်းသူမဲ့ လေယာဉ်များ (UAVs) ပင် ဖြစ်သည်။ ကမ္ဘာ့ဈေးကွက် အတွင်း၌
UAV များ၏ ဈေးကွက်သည် ကြီးမား ကျယ်ပြန့်လျက်ရှိပြီး လာမည့်နှစ်များ အတွင်း၌လည်း ဈေးကွက်လိုအပ်ချက် မြင့်မားလျက် ဆက်လက် ကြီးမားကျယ် ပြန့်နေဦးမည်ဟု ခန့်မှန်းထားကြသည်။ ဤကဲ့သို့ UAV များအား စစ်ဘက် အဖွဲ့အစည်းများက ပိုမိုအလိုရှိလာရ ခြင်းမှာ လေယာဉ် အဖွဲ့သားများ၏ အသက်အန္တရာယ် စိုးရိမ်ရမှု မရှိခြင်းနှင့် အချိန်နှင့် တစ်ပြေးညီ သတင်းများရရှိ နိုင်ခြင်းတို့ကြောင့် ဖြစ်သည်။
ခေတ်ပေါ် UAV များအနေဖြင့် သာမန်လေယာဉ်များထက် သာလွန်ထူး ခြားသော အချက်များမှာ လူအင်အား အသုံးပြုရမှုနည်းခြင်း၊ အဆက်မပြတ် ကြာရှည် ကင်းထောက် နိုင်ခြင်းနှင့် နယ်မြေ စိုးမိုးနိုင်ခြင်း၊ ပစ်မှတ်ရှာဖွေခြင်း၊ ရွေ့လျားပစ်မှတ်များအား တိုက်ခိုက် နိုင်ခြင်းဖြစ်သည်။ ဤသို့ ကမ္ဘာ့တပ်မတော် အသီးသီးက စိတ်ဝင်တစားဆောင် ရွက်နေကြသည့် UAV လေယာဉ်များ ထုတ်လုပ်ရေး၊ UAV စနစ်တပ်ဆင် ရေးအား  မြန်မာနိုင်ငံနှင့် အိမ်နီးချင်း နိုင်ငံများမှလည်း ဆောင်ရွက်လျက် ရှိကြသည်။
တရုတ်နိုင်ငံ အနေဖြင့်   လက်ရှိ အခြေအနေ၌ UAV (၁၂) မျိုး အသုံး ပြုလျက်ရှိသည်။ BZK-005 UAV များအား Beijing လေကြောင်းနှင့် အာကာသ တက္ကသိုလ်မှ တီထွင်ထုတ် လုပ်ခဲ့ပြီး ၂ဝဝ၉ ခုနှစ်ကတည်းက နာရီ ၄ဝ ကြာ စမ်းသပ် ပျံသန်းခဲ့သည်။ Yilong UAV သည် အမေရိကန်တို့၏ ပရီဒေတာ လေယာဉ်နှင့် ပုံသဏ္ဌာန်တူပြီး ၂ဝဝ၈ ခုနှစ်က ကီလိုမီတာ ၄ဝဝ စမ်းသပ် ပျံသန်းခဲ့ကာ ၂ဝ၁ဝ ပြည့်နှစ်မှ စတင်၍ ထုတ်လုပ်ခဲ့သည်။
၎င်း UAV ၌ AR-1 ဒုံးကျည်တစ်စင်း တပ်ဆင်ထားသည်။ ASL- 209 UAV သည် တရုတ် တပ်မတော်၌ ဆက်သွယ်ရေး လက်ဆင့်ကမ်း စနစ်အဖြစ် အသုံးပြုနေသော လေယာဉ်ဖြစ်ပြီး ၂ဝ၁၁ ခုနှစ် ဇွန်လ၌စမ်းသပ်၍ တာဝန်ထမ်းဆောင် ခဲ့သည်။  I-Z, Z-3, Z-2 UAV များသည် ရဟတ်ယာဉ်ပုံ UAV များဖြစ်ပြီး တရုတ်တပ်မတော်နှင့် အရန်တပ်များ၌ ၂ဝဝဝ ပြည့်နှစ် အစပိုင်းကတည်းက အသုံးပြုခဲ့သည်။ WJ-600 UAV သည် ပင်လယ်ပြင် ထောက်လှမ်းရေး လုပ်ငန်း များအတွက် ပုံစံထုတ်ထားသော လေယာဉ်ဖြစ်ပြီး ဝေဟင်မြေပြင်ပစ်ခတ် တိုက်ခိုက် နိုင်စွမ်းရှိပြီး ၅ နာရီအထိ ဆက်တိုက် ပျံသန်းနိုင်စွမ်း ရှိသည်။ X-200 UAV သည် ဒေါင်လိုက်ပျံသန်း ဆင်းတက် (VTOL) နိုင်သော လေယာဉ်ဖြစ်ပြီး  စင်ကာပူနိုင်ငံ လေကြောင်း ပြပွဲ၌ ထုတ်ဖော်ပြသ ခဲ့သော  လေယာဉ် ဖြစ်သည်။
တရုတ်နိုင်ငံ၌  စမ်းသပ်ဆဲ UAV လေယာဉ် ၂၆ မျိုးရှိပြီး CH-3 UAV အမျိုးအစားသည် FT-5 ပဲ့ထိန်းဒုံး တပ်ဆင်ထားပြီး ၁ဝ၈ နော်တီကယ်မိုင် အချင်းဝက်ဖြင့် ၁၂ နာရီကြာ ဆက်တိုက် ပျံသန်းနိုင်စွမ်းရှိသည်။ စမ်းသပ်ဆ Soaring Dragon UAV သည် Global Hawk UAV နှင့် ပုံစံတူဖြစ်ပြီး ၇ဝဝဝ ကီလိုမီတာ အကွာအဝေးအထိ ပျံသန်းနိုင်သည်။ ထို့အပြင်  Night Eagle နှင့် DUF-2 အမျိုးအစား၊ လက်ဖြင့်ကိုင်တွယ်ပစ်လို့ရသော SUAV များအား စမ်းသပ်လျက် ရှိသည်။ Blue Eage 200 W UAV သည် တစ်နာရီလျှင်  ကီလိုမီတာ ၁၆ဝ အမြန်နှုန်းဖြင့် ၁၂ နာရီကြာ ဆက်တိုက် တာဝန်ထမ်းဆောင် နိုင်သည်။၎င်း၌ ဝေဟင်မှ မြေပြင်ပစ် လက်နက်များ တပ်ဆင်ရန် နေရာခြောက် ခုပါရှိသည်။ T-120 UAV သည် အသံထက်မြန်သော ၁ ဒသမ ၅ မတ်ခ်ျ အမြန်နှုန်းဖြင့်  ပျံသန်းကင်းထောက် နိုင်သော လေယာဉ်ဖြစ်ပြီး ရဟတ်ယာဉ် ပုံစံ  Z-5 UAV အား ၂ဝ၁၁ ခုနှစ် စက်တင်ဘာလ အတွင်းက ပြည်သူလူထုအား တရားဝင် ပြသခဲ့သည်။
တရုတ်တို့၏ UAV များထုတ်လုပ်မှု နှင့် ပတ်သက်၍ အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်  ကာကွယ်ရေး သိပ္ပံ အမှုဆောင်အဖွဲ့မှ တရုတ်တို့၏ UAV နည်းပညာမှာ ၎င်းတို့၌ရှိပြီး ဖြစ်သည့် အခြေခံ အဆောက်အအုံနှင့် သယံဇာတ ပြည့်စုံမှု၊ နည်းပညာဆိုင်ရာ ပြည့်ဝမှုတို့ အား ကောင်းစွာပေါင်းစပ် အသုံးချနိုင်မှု တို့ကြောင့် သတိပြုရမည့် အခြေအနေ ရောက်နေပြီ ဖြစ်ကြောင်း၊ အနာဂတ်၌ အမေရိကန်ကို ကျော်တက်သွားနိုင်ကြောင်းနှင့် ကမ္ဘာ့ UAV ဈေးကွက် အတွင်း မကြာမီ ဝင်ရောက်လာနိုင်တော့ မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ သည်။ တရုတ်တို့၏ UAV ကုမ္ပဏီတစ် ခုကလည်း ၎င်းတို့၏ မောင်းသူမဲ့ ရဟတ် ယာဉ်များအား အရှေ့တောင် အာရှဈေးကွက်အတွင်း (အထူးသဖြင့် အင်ဒိုနီးရှား နှင့် မလေးရှား)သို့ ဝင်ရောက်နိုင်ရေး ရည်မှန်းချက် ထားဆောင်ရွက်နေသည်။ Yotaisc သိပ္ပံနှင့် နည်းပညာ ဖွံ့ဖြိုးရေး ကုမ္ပဏီကလည်း ၎င်းတို့၏ X-200 ဒေါင်လိုက်ပျံတက်ဆင်းနိုင်သော UAV အား ၂ဝ၁၂ ခုနှစ်အတွင်း စင်ကာပူလေကြောင်းပြပွဲ၌ ထုတ်ဖော် ပြသခဲ့သည်။ ၎င်းလေယာဉ်အား ပျံသန်းမှုထိန်းချုပ်ရာ၌ အလိုအလျောက်နှင့် လူမှထိန်းချုပ် နည်းနှစ်ခုလုံး အသုံးပြုပျံသန်းနိုင်သည်။ တစ်နာရီလျှင် ၉၃ မိုင်နှုန်းဖြင့် အလေးချိန် ၁ဝဝ ကီလိုဂရမ် သယ်ဆောင်နိုင်စွမ်း ရှိသည်။ ပေါင်းစပ်လေကြောင်း လမ်းညွှန်စနစ်နှင GPS စနစ်များ တပ်ဆင် ထားပြီး စစ်ဘက်/အရပ်ဘက် တာဝန် အမျိုးမျိုး ထမ်းဆောင်နိုင်သည်။ ကင်းထောက်ခြင်း၊ စောင့်ကြည့်ထောက်လှမ်းခြင်း၊ ဆက်သွယ်ရေး လက်ဆင့်ကမ်း ဌာနအသုံးပြုခြင်း၊ အီလက်ထရွန်နစ် စစ်ဆင်ရေး ဇီဝဓာတုလက်နက်များ စုံစမ်းခြင်း၊ နယ်စပ်ဒေသ ကင်းလှည့် ခြင်း၊ သဘာဝ ဘေးအန္တရာယ် စောင့်ကြည့် ခြင်းမှသည် စိုက်ခင်းများ၊ ဆေးဖျန်းခြင်း၊ အခြေအနေ စောင့်ကြည့်ခြင်း လုပ်ငန်းမျိုးစုံ၌ အသုံးပြုနိုင်ကြောင်း သိရှိရသည်။
အိန္ဒိယ၏ UAV များသည် အများအားဖြင့် အစ္စရေးမှ ဝယ်ယူထားခြင်း၊ ပုံစံ ယူထားခြင်းဖြစ်ပြီး လက်ရှိအသုံးပြုနေသော UAV ငါးမျိုးရှိသည်။ Searcher I,II, UAV များအား အိန္ဒိယ ကြည်းတပ် နှင့် ရေတပ်တို့မှ လက်ရှိ ၁၈ စင်း အသုံး ပြုနေပြီး အစင်း ၅ဝ မှ ၇ဝ အထိ အသုံး ပြုနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။ Lakshya အမျိုးအစား UAV သည် ၂ဝဝ၅  ခုနှစ်မှ စတင်၍ အစ္စရေးမှ ပုံစံဝယ်ယူခဲ့ပြီး လက်ရှိအချိန်တွင် အစင်း ၁ဝဝ ခန့် အသုံးပြု နေသည်။ Heron I,II အမျိုးအစား UAV များအား ၂ဝဝ၂ ခုနှစ်၌ လေးစင်း  စတင်ဝယ်ယူ အသုံးပြု ခဲ့ပြီး အိန္ဒိယ ရေတပ်မှ ၂ဝဝ၅ ခုနှစ်၌ ၁၂ စင်း ထပ်မံဝယ်ယူခဲ့ကာ နောက်ထပ် အစင်း ၅ဝ  ထပ်မံလိုအပ်မည်ဟု သိရှိရသည်။ Harpy-II အမျိုးအစား UAV များသည် လက်နက် တပ်ဆင်နိုင်သော အမျိုးအစားများ ဖြစ်ပြီး အစ္စရေးလေတပ် မှ ၂ဝဝ၉ ခုနှစ်၌ အမေရိကန် ဒေါ်လာသန်း ၁ဝဝ ဖြင့် ဝယ်ယူထားသည်။ ၎င်းလေယာဉ်၌ ဗီဒီယို အချက်အလက် ချိတ်ဆက် ပေးပို့မှုစနစ် တပ်ဆင်ထားပြီး ၂ဝ၁၁ ခုနှစ်မှစ၍ အစ္စရေးမှ အိန္ဒိယသို့ စတင်လွှဲပြောင်း ပေးခဲ့သည်။
အိန္ဒိယ၌ စမ်းသပ်ဆဲ UAV အမျိုး အစား ၁၄ မျိုးရှိပြီး Rustom-I အမျိုးအစားအား ၂ဝဝ၉ ခုနှစ်၌ စမ်းသပ်ခဲ့ရာ ပျက်ကျခဲ့ပြီး ၂ဝ၁ဝ ပြည့်နှစ် အောက်တိုဘာလ၌ ထပ်မံ စမ်းသပ်ခဲ့ရာ အောင်မြင်ခဲ့သည်။ ၂ဝ၁၁ ခုနှစ် စမ်းသပ်ပျံသန်းမှု အရ တစ်နာရီလျှင် ကီလိုမီတာ ၁ဝဝ နှုန်းပျံသန်းနိုင်ကြောင်း တွေ့ရှိရသည်။ Rustom HALE UAV သည် အလယ် အလတ်အမြင့်နှင့် တာဝေးပျံသန်းနိုင်သော လေယာဉ်ဖြစ်ပြီး တိုက်ခိုက်ရေး အမျိုးအစားဖြစ်သည်။ ၎င်းလေယာဉ်သည် ၁၂ နာရီမှ ၁၅ နာရီအထိ ဆက်တိုက် ပျံသန်းနိုင်ပြီး ၂ဝ၁၄ -၂ဝ၁၅ ခုနှစ်၌ တိုးတက် ထုတ်လုပ်ရန်  ကြံရွယ်ထားသည်။ Netra UAV သည် အသေးစား UAV ဖြစ်ပြီး ၁ ဒသမ ၅ မီတာရှည်၍ အမြင့် မီတာ ၂ဝဝ  ၌  မိနစ် ၃ဝ ဆက်တိုက် ပျံသန်းနိုင်စွမ်းရှိသည်။ RQ 16-B အမျိုးအစား UAV အား အိန္ဒိယနိုင်ငံ KanKer ရှိ တန်ပြန် အကြမ်းဖက် နှိမ်နင်းရေးနှင့် တောတွင်း စစ်ဆင်ရေး သင်တန်းကျောင်း၌ ၂ဝ၁ဝ ပြည့်နှစ်တွင်စတင် စမ်းသပ်ခဲ့သည်။ ထို့အပြင် လေကြောင်းရန် ကာကွယ်ရေး လက်နက်များအား စမ်းသပ်ရန်အတွက် Lakshya-II ပစ်မှတ် လေယာဉ်အား ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ လ၌ အမြင့် ၁၂ မီတာနှင့် မီတာ ၃ဝဝ အကြား မိနစ် ၃ဝ အကြာ စမ်းသပ်ပျံ သန်းနိုင်ခဲ့သည်။
အိန္ဒိယလေတပ် အနေဖြင့် တိုက်ခိုက်ရေး UAV နှင့် အသေးစား UAV များ အပါအဝင် နောက်ထပ် လေယာဉ် ၃ဝဝ ခန့်မှာ ယူထားပြီးဖြစ်သည်။ အိန္ဒိယ အနေဖြင့်  ခြေလျင် တပ်ရင်းတိုင်း၌ အသေးစား UAV သုံးစင်းစီ ထားရှိ အသုံးပြုနိုင်ရေး စီမံဆောင်ရွက်လျက်ရှိ သည်။ နောင်လာမည့် သုံးနှစ်အတွင်း UAV စီမံချက်အတွက် အမေရိကန် ဒေါ်လာ ၁ ဒသမ ၂၅ ဘီလီယံ သုံးစွဲရန် မျှော်မှန်းထားသည်။ အိန္ဒိယအနေဖြင့် တရုတ်နှင့် ပါကစ္စတန် နယ်စပ်အား စောင့်ကြည့်နိုင်ရန်အတွက် ၎င်းတို့၏ UAV စနစ်များအား တိုးချဲ့ဆောင်ရွက်ရန် လုပ်ဆောင်ပြီး ဖြစ်သည်။ ပင်လယ်ပြင် စောင့်ကြည့် ကင်းထောက်ရေးအတွက်လည်း အလယ်အလတ် အမြင့်နှင့်အချိန် ကြာကြာပျံသန်းနိုင်သော (MALE UAV) များအား အသုံးပြုသွားမည် ဖြစ်သည်။ ၎င်းအတွက Searcher အမျိုး အစား၊ Heron အမျိုးအစားနှင့် Harop အမျိုးအစား လက်နက် တပ်ဆင်ထား သော UAV များကို အသုံးပြုသွားမည် ဖြစ်သည်။ ၎င်းလေယာဉ် သုံးမျိုးစလုံးသည် အစ္စရေးလေတပ်မှ  ထုတ်လုပ်သော လေယာဉ်များဖြစ်ပြီး   အစ္စရေး UAV များအတွက် အိန္ဒိယသည် ကြီးမားသော ဈေးကွက်ဖြစ်လျက် ရှိသည်။ အိန္ဒိယထံမှ ဒေါ်လာ ၁ ဘီလီယံ ဈေးကွက်အား ရယူနိုင်ခဲ့ကြောင်း သိရှိရသည်။
ထိုင်းနိုင်ငံ အနေဖြင့် လက်ရှိအသုံးပြုနေသော UAV လေးမျိုး၊ စမ်းသပ်ဆဲ UAV နှစ်မျိုးရှိသည်။   Cyber Eye အမျိုးအစား  UAV  စနစ်သုံးခုအား မလေးရှားနိုင်ငံမှ ၂ဝဝ၉ ခုနှစ်တွင် စတင် ဝယ်ယူ အသုံးပြုခဲ့သည်။ Aerostar UAV အား Aeronautics Defence System မှ ပုံစံရေးဆွဲ ထားပြီး ၂ဝ၁ဝ ပြည့်နှစ်မှ စ၍  ၎င်းစနစ်တစ်ခုအား ဝယ်ယူ အသုံးပြုခဲ့သည်။ Raven အမျိုး အစား UAV နှင့် Searcher I,II UAV များအားလည်း အသုံးပြုလျက်ရှိသည်။ စမ်းသပ်ဆဲ UAV များအနေဖြင့် G-Star UAV  သည် အမေရိကန်လုပ် Mini Falcon UAV အားအခြေခံ၍ ထိုင်းလေတပ်မှ စမ်းသပ်လေယာဉ် အဖြစ် ဆောင်ရွက်နေသော UAV ဖြစ်ပြီး RQ-8A UAV အားလည်း Nor-throp Grumman ကုမ္ပဏီနှင့် ဆက်သွယ် ဆောင်ရွက်ပြီး ဖြစ်ကြောင်း သိရှိရ သည်။
ထိုင်းနိုင်ငံ၏ UAV စနစ် ဖွံ့ဖြိုးရေးအား ထိုင်းလေတပ်မှ အဓိကအဖွဲ့ အစည်းအဖြစ် ဆောင်ရွက်လျက် ရှိပြီး ၂ဝဝ၉ ခုနှစ်မှစ၍ UAV မဟာဗျူဟာ စီမံချက် ရေးဆွဲ ဆောင်ရွက် ခဲ့သည်။ ၎င်းစီမံချက်၌ ၁၅ ကီလိုမီတာ၊ ကီလိုမီတာ ၃ဝ နှင့် ကီလိုမီတာ ၁ဝဝ စသည့် အကွာအဝေး အလိုက်အသုံးပြုနိုင်သော UAV များ ထုတ်လုပ်နိုင်ရေး သုတေသန လုပ်ငန်းနှင့် အခြေခံ အဆောက်အအုံ များ ဆောက်လုပ်ရေးနှင့် ထုတ်လုပ်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။
စစ်ဘက်ဆိုင်ရာ လေကြောင်း ကဏ္ဍ၌ ကျယ်ပြန့်စွာ နေရာယူထားပြီး ဖြစ်သော UAV လေယာဉ်များအား  အရှေ့တောင် အာရှအာဆီယံ ၁ဝ နိုင်ငံအနက် မှ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်ခြောက် နိုင်ငံ၌ ကျယ်ပြန့်စွာ အသုံးပြုခြင်း၊  စမ်းသပ်ခြင်း၊ ကိုယ်ပိုင်ထုတ်လုပ်နိုင်ရန် ကြိုးစားခြင်းတို့ ဆောင်ရွက်နေကြပြီ ဖြစ်သည်။ UAV သည် စစ်ဘက်တွင်သာ မက အရပ်ဘက်ဆိုင်ရာ လုပ်ငန်းမျိုးစုံကိုလည်း အချိန်၊ လူနှင့်ငွေ အင်အား သက်သာစွာ ဆောင်ရွက်နိုင်သောကြောင့် UAV စနစ်အား စစ်ဘက်၊ အရပ်ဘက် ပူးပေါင်း၍ သုတေသနပြုခြင်း၊ စမ်းသပ်ခြင်း၊ ထုတ်လုပ်ခြင်းတို့အား အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။  

လင်းနို့ တစ်ကောင်အား ဖားက မျိုချနေသည့် သဘာဝမြင်ကွင်းအား တောခေါင်းမှ ဓာတ်ပုံရိုက်ယူ နိုင်ခဲ့

လင်းနို့ တစ်ကောင်အား ဖားက မျိုချနေသည့် သဘာဝမြင်ကွင်းအား တောခေါင်းမှ ဓာတ်ပုံရိုက်ယူ နိုင်ခဲ့
လီမာ စက်တင်ဘာ ၂၇
ပီရူးနိုင်ငံရှိ မိုးသစ်တောတစ်ခုမှ တောခေါင်းတစ်ဦးသည် ဧရာမဖားကြီး တစ်ကောင်က ၎င်းထက် အရွယ်အစား ကြီးမားလှသော လင်းနို့ကို
အစာအဖြစ် မျိုချနေပုံ သဘာဝမြင်ကွင်းကို ဓာတ်ပုံရိုက်ယူ နိုင်ခဲ့သည်ဟု အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။
Cane Toad ဟုခေါ်သည့် အဆိုပါ ဖားများသည် ဗဟိုအမေရိကနှင့် တောင်အမေရိက တို့တွင် ရှင်သန် ကျက်စား လေ့ရှိပြီး အရွယ်အစား ကြီးမားကာ သားပေါက်အားကောင်းသည့် ဖားမျိုးစိတ်များ ဖြစ်သည်ဟု သိရသည်။ ၎င်းတို့ သည်အစာအဖြစ် တိရစ္ဆာန် အသေကောင်များကိုလည်း စားသုံးသကဲ့သို့ ရှင်သန်နေသော တိရစ္ဆာန်ငယ်များ ကိုလည်း ဖမ်းယူစားသောက်တတ်သည့် ဖားမျိုးစိတ် ဖြစ်သည်ဟု သိရသည်။
အရွယ်ရောက်ပြီး Cane Toad ဖားတစ်ကောင်သည် ပျမ်းမျှအားဖြင့် ၁ဝ စင်တီမီတာမှ ၁၅ စင်တီမီတာ လုံးပတ် ရှိကာ ၂ ဒသမ ၆၅ ကီလိုဂရမ် အလေးချိန်ရှိပြီး ကိုယ်ထည်မှာ ၃၈ စင်တီမီတာ ရှည်သည်ဟု သိရသည်။ ၎င်း တို့သည် အဆိပ်ဂလင်းများလည်း ရှိခြင်းကြောင့် ယခုအခါ အချို့ဒေသများတွင် Cane Toad များကို ပိုးမွှား ရှင်းလင်းရေး တိရစ္ဆာန် တစ်မျိုးအဖြစ် သတ်မှတ် အသုံးပြုကြသည်ဟု သိရသည်။
http://www.myawady.net.mm

ဝဲကြီးကျေးရွာအတွင်း ညပိုင်း ၀င်ရောက်ဖမ်းဆီးမှု ၀င်ရောက် စွက်ဖက်ခဲ့သူများကို ဖော်ထုတ်အရေးယူမည်ဟု ပြည်ထဲရေးဒုဝန်ကြီး ပြောကြား

 (ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံ မြင့်အား ရှင်းလင်းပွဲတွင် တွေ့ရစဉ်)
ဝဲကြီးကျေးရွာအတွင်း ညပိုင်း ၀င်ရောက်ဖမ်းဆီးမှုသည် ဥပဒေအရ လုပ်ဆောင်ခြင်းဖြစ်ပြီး ပြဿနာများဖြစ်ပွားအောင် ၀င်ရောက် စွက်ဖက်ခဲ့သူများကို ဖော်ထုတ်အရေးယူမည်ဟု ပြည်ထဲရေးဒုဝန်ကြီး ပြောကြား

နေပြည်တော်ကောင်စီ ပုဗ္ဗသီရိမြို့နယ် ၀ဲကြီးကျေးရွာအတွင်းရှိ ထွန်တုံးတိုက်ပွဲ ဆင်နွှဲခဲ့သူများကို ညပိုင်းဝင်ရောက်ဖမ်းဆီးခဲ့ခြင်းမှာ ဥပဒေအရ ဆောင်ရွက်ခြင်းဖြစ်ပြီး ပြဿနာဖြစ်ပွားအောင်ဝင်ရောက်စွက်ဖက်ခဲ့သူများကို ဖော်ထုတ်အရေးယူသွားမည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဗိုလ်မှူးချုပ် ကျော်ဇံမြင့်က စက်တင်ဘာ ၂၇ ရက်က နေပြည်တော်တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ဝဲကြီးကျေးရွာသားများသည် ပြန် ကြားရေးဝန်ကြီးဌာနမှ သိမ်းယူခဲ့သည့် ၎င်းတို့လုပ်ကိုင်ခဲ့သော လယ်ယာမြေနေရာများတွင် စက်တင်ဘာ ၁၂ ရက်က ထွန်တုံးတိုက်ပွဲ ဆင်နွှဲခဲ့သည့် ဖြစ်စဉ်မှအစပြု၍ ရဲတပ်ဖွဲ့အင်အား ၆၀ ခန့်က စက်တင်ဘာ ၁၉ ရက် နံနက် ၂ နာရီအချိန်တွင် ၀င်ရောက်ဖမ်းဆီးခဲ့ရာ ကျေးရွာသားများနှင့် ရဲတပ်ဖွဲ့ဝင်များ ပဋိပက္ခ ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်၍ ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံ မြင့်က The Daily Eleven ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

''အချိန်မတော် ဖမ်းတယ်ဆိုတာ တစ်ခါတစ်ရံ လိုအပ်ချက်အရ တရားခံဆိုတာကလည်း ပေါ်ပေါ်ထင်ထင် ဘယ်သူမှမနေဘူး။ တရားခံဖြစ်တဲ့ အခါကျတော့ သူ့ကိုလာဖမ်းမယ်ဆိုတာ သိတဲ့အတွက် အဲဒီလို ညလယ်အချိန်မျိုး သူများတွေမမျှော်လင့်နိုင်သလို နေတဲ့အတွက် ဒီအပေါ်မူတည်ပြီးတော့ တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်တဲ့အခါမှာ ပြည်သူလူထုအကျိုးကို ဆောင်ရွက်ဖို့အတွက် လိုအပ်တဲ့အချိန်မှာတော့ ခန့်မှန်းပြီးတော့ တာဝန်ရှိသူက ဒီအချိန်သွားဖမ်းရင်တော့ တရားခံကို မိနိုင်မယ်။ ဒါကြောင့် ဒီလိုအချိန်ရွေးဖမ်းတာ။ နေ့ဘက်ရယ် ညဘက်ရယ်မဟုတ်ဘူး။ ဖြစ်နိုင်တဲ့အချိန်ကို ခန့်မှန်းပြီးတော့ ဖမ်းတာ။ လူကောင်းကတော့ နေ့လယ် နေ့ခင်း ပေါ်ပေါ်ထင်ထင် နေမှာပေါ့။ တည်ဆဲဥပဒေတစ်ခုခုကို ချိုးဖောက်ထားတဲ့သူကတော့ ပုန်းလျိုးကွယ်လျိုးနဲ့ တရားဥပဒေ စိုးမိုးရေးအဖွဲ့တွေနဲ့ မထိတွေ့အောင် မကြုံတွေ့အောင်နေမှာပေါ့။ ဒါကြောင့် ဒီလိုဆောင်ရွက်ရတာဖြစ်တယ်။ ဒါပေမဲ့ တတ်နိုင်သလောက် ဒါမျိုးမဆောင်ရွက်အောင်လည်း တာဝန်ရှိသူတွေကို မှာထားပြီးဖြစ်ပါတယ်''ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ပြောကြားသည်။

ထိုသို့ ၀င်ရောက်ဖမ်းဆီးရာတွင် တာဝန်အရ ယူနီဖောင်းဖြင့် တရားဝင် တာဝန်ထမ်းဆောင်ခြင်းဖြစ်ကြောင်း၊ အဖွဲ့အချို့၏ ၀င်ရောက်စွက်ဖက်မှုကြောင့် မလိုလားအပ်သော ပြဿနာများ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းတို့ကို ဥပဒေလုပ်ထုံးလုပ်နည်းအရ ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း ပြောကြားပါသည်။
ထို့အပြင် တရားဥပဒေစိုးမိုးရေးအတွက် ရဲတပ်ဖွဲ့ဝင်များက ဆောင်ရွက်သကဲ့သို့ ပြည်သူများကလည်း လိုက်နာဆောင်ရွက်ရန် တာဝန်ရှိသည်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ တွင် ဖော်ပြထားပါကြောင်း ဗိုလ်မှူးချုပ်က ပြောကြားသည်။
အဆိုပါ ၀င်ရောက်ဖမ်းဆီးခဲ့သည့် အိမ်ထောင်စုငါးစုတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ရပ်/ကျေးဥက္ကဋ္ဌ၏ နေအိမ်လည်း ပါဝင်ကြောင်းသိရသည်။

အစိုးရသတင်းစာတိုက်အတွက် သိမ်းယူထားမြေနေရာတွင် ၀ဲကြီးကျေးရွာမှ ရွာသားများက ၀င်ရောက်ထွန်ယက်ပြီး ထွန်တုံးတိုက်ပွဲ ဆင်နွှဲခဲ့သူများကို ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆(၁)ဖြင့် တရားစွဲဆိုထားပြီး၊ ၀င်ရောက်ဖမ်းဆီးသည့်အချိန်တွင် ခုခံတိုက်ခိုက်ခဲ့သည့် ဒေသခံအချို့ကို တာဝန်ဝတ္တရားနှောင့်ယှက်မှုဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

 

ဖူကူရှီးမား စက်ရုံ၏ ရေအောက်စည်းရိုး ပျက်စီးနေကြောင်း စက်ရုံလုပ်သားတစ်ဦး တွေ့ရှိ

 ဖူကူရှီးမား စက်ရုံ၏ ရေအောက်စည်းရိုး ပျက်စီးနေကြောင်း စက်ရုံလုပ်သားတစ်ဦး တွေ့ရှိ

တိုကျို စက်တင်ဘာ ၂၇
ဂျပန်နိုင်ငံ ဖူကူရှီးမား ဒိုင်အိချီနျူကလီးယား စက်ရုံ၏ ရေအောက်စည်းရိုး တစ်ခုကို ပျက်စီးနေသည့် အနေ အထားဖြင့် တွေ့ရှိခဲ့ရသည်ဟု
တိုကျိုလျှပ်စစ်စွမ်းအင် ကုမ္ပဏီက စက်တင်ဘာ ၂၆ရက်တွင် ထုတ်ဖော်ပြောကြားသည်။
အဆိုပါ ရေအောက်စည်းရိုးကို ရေဒီယိုသတ္တိကြွ ပစ္စည်းများ ယိုစိမ့်မှုကို ထိန်းချုပ်ရန် ဖူကူရှီးမားစက်ရုံ၏ ဓာတ်ပေါင်းဖို အမှတ်(၅)နှင့် ဓာတ်ပေါင်းဖို အမှတ်(၆)တို့၏ အကြားတွင် တပ်ဆင်ထားခြင်း ဖြစ်သည်ဟု သိရသည်။ စက်ရုံ၏ ရေအောက်စည်းရိုးတွင် ဖျက်ရာတစ်ခု ရှိနေသည်ကို စက်တင်ဘာ ၂၆ ရက် နံနက်ပိုင်းက စက်ရုံအလုပ်သမား တစ်ဦးက တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်း အစီရင်ခံစာများ၏ ဖော်ပြချက်အရ သိရသည်။
ယခုအချိန်တွင် ရေအောက်စည်းရိုး ပျက်စီးမှုသည် ဓာတ်ပေါင်းဖို နှစ်ခုအပေါ် မည်သည့်ထိခိုက်မှု များ ဖြစ်ပေါ်စေ နိုင်သည်ကို စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်းနှင့် ၎င်းစည်းရိုးကို မကြာမီ အချိန်ကာလတွင် ပြင်ဆင်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း တိုကျိုလျှပ်စစ်စွမ်းအင် ကုမ္ပဏီက ထုတ်ဖော်ပြော ကြားသည်။
http://www.myawady.net.mm

မွန်းလွဲပိုင်း၌ တစ်ခဏတာ အိပ်စက်ခြင်းသည် ကလေးများ၏ ဦးနှောက်စွမ်းရည်ကို မြင့်တက်နိုင်ဖွယ်ရှိ

မွန်းလွဲပိုင်း၌ တစ်ခဏတာ အိပ်စက်ခြင်းသည် ကလေးများ၏ ဦးနှောက်စွမ်းရည်ကို မြင့်တက်နိုင်ဖွယ်ရှိ
ဝါရှင်တန် စက်တင်ဘာ ၂၇
မွန်းလွဲပိုင်း အချိန်များ၌ ကလေးငယ်များ တစ်ခဏတာ အိပ်စက်ခြင်းသည် ဦးနှောက်စွမ်းရည်ကို မြင့်တက်နိုင်ဖွယ် ရှိကြောင်း အမေရိကန် သုတေသနပညာရှင် များ၏
လေ့လာဆန်းစစ် ချက်များအရ သိရသည်။
မွန်းလွဲပိုင်း အချိန်များ၌ တစ်ခဏတာ အိပ်စက်ခြင်းသည် သုံးနှစ်မှငါးနှစ်အရွယ် ကလေးများအတွက် မှတ်ဥာဏ် စွမ်းရည် စုစည်းမှုနှင့် သင်ကြားမှုပိုင်းတို့တွင် များစွာ အထောက်အကူပြုကြောင်း သုတေသန ပညာရှင်များ က  လေ့လာ တွေ့ရှိခဲ့သည်။
အမေရိကန် ပြည်ထောင်စု မက်ဆာချူးဆက် ပြည်နယ် အမ်ဟာစ် တက္ကသိုလ်မှ သုတေသန ပညာရှင်များသည် ၎င်းပြည်နယ် တစ်ဝန်းရှိ မူကြိုကျောင်း ခြောက်ကျောင်းမှ ကလေးငယ် ၄ဝ ကျော်ကို လေ့လာဆန်းစစ်မှု ပြုလုပ် ခဲ့ရာ မွန်းလွဲပိုင်း အချိန်များ၌ တစ်ခဏတာ အိပ်စက်သူများနှင့် အိပ်စက်ခြင်းမရှိသူ များကြား သင်ကြားမှု စွမ်းရည် ကို သရုပ်ခွဲ လေ့လာနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ သရုပ်ခွဲလေ့လာ ချက်များအရ နေ့လယ်စာ စားသုံးပြီးနောက် တစ်နာရီကြာ အိပ်စက်သည့် ကလေးငယ် များသည် သတင်းအချက်အလက် စုဆောင်းမှုနှင့် သင်ကြားမှုပိုင်းဆိုင်ရာ ကိစ္စရပ်များနှင့် ဆက်စပ်နေသော ဦး နှောက်ပိုင်းဆိုင်ရာ အခန်းကဏ္ဍများတွင် တိုးတက်မှုရှိသည်ကို တွေ့ရှိခဲ့ကြောင်း အမျိုးသား သိပ္ပံပညာ သင်ကျောင်းမှ ထုတ်ပြန်သော အစီရင်ခံစာများအရ သိရသည်။ 
www.myawady.net.mm

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ၀န်ထမ်းအိမ်ယာအတွက်ကွင်းဆင်း

တောင်ကြီးမြို့ စက် (၂၈)
တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်ရှိ ထွေ/အုပ်ဝန်ထမ်းအိမ်ယာ( လေယာဉ်ရုံးဟောင်း )တွင် အဆင့်မြင့်
ဝန်ထမ်းအိမ်ယာများဆောက်လုပ်ပေးနိုင်ရေး ယနေ့တွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင် ကွင်းဆင်းစစ်
ဆေးကြည့်ရှုခဲ့ပါသည်။ ၀န်ထမ်းများအတွက် ၄င်း၏သက်တမ်းအတွင်း အိမ်ယာများချထားပေးနိုင်ရေးအတွက်
စီစဉ်ဆောင်ရွက်လျှက်ရှိပြီး၊ ကိုယ်တိုင်ကြီးကြပ်ဆောင်ရွက်လျှက်ရှိပါသည်။ ၀န်ထမ်းများတင်မကဘဲ ပြည်သူ
လူထုအတွက် အနာဂတ်တိုးတက်ရေးအတွက် ကြိုးပမ်းချက်များအနေဖြင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်လက်ထက်
တွင် တောင်ကြီးမြို့သောက်သုံးရေရှိရေးအတွက် မြို့ရေရရှိရေးကော်မတီများဖွဲ့စည်းလှုပ်ရှားဆောင်ရွက်လျှက်
ရှိပြီး၊ တောင်ကြီးမြို့မဈေးကြီးအရှေ့ဘက်၊ ညဈေးတန်းအား ခေတ်နှင့်လျော်ညီစွာ အဆင့်မြင့်ဈေးသစ်ကြီးဖြစ်
ပေါ်လာစေရေး ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါသည်။ မြို့မီးဘေးအန္တရာယ်အတွက် ကြိုတင်ကာကွယ်ရေးလုပ်
ငန်းများအပြင် မီးသတ်ရေယာဉ်လိုအပ်ချက်များလည်းဖြည့်ဆည်းပေးနိုင်ခဲ့ပါသည်။ မြို့တော်အလှဆင်ရာတွင်
လည်းလိုအပ်မည့် စက်ယန္တယားများအား ရှာဖွေပေးနိုင်ခဲ့ပါသည်။
HAK

26 September 2013

တောင်ကြီးမြို့၊ ဘန့်ကွေးတွင် သဲတူးနေသူ သဲကျင်းပြိုကျသဖြင့်သေဆုံး

တောင်ကြီး စက် (၂၆)
တောင်ကြီးမြို့၊ ဘန့်ကွေးကျေးရွာအုပ်စုအတွင်းရှိ သဲတူးနေသောနေရာတွင် သဲတူးသူ အေးသာယာ
ရပ်ကွက်(၇)နေ ဦးမြတ်ထွန်းမှ သဲတူးနေစဉ် အပေါ်ဘက်မှ ကျောက်တုံးများပြိုကျလာခဲ့ရာ ပိမိပြီး
လက်မောင်းရိုးကျိုးကာ မေးစေ့အောက်ပြတ်ရှ၊ ယာနားရွက်ပြတ်ရှ၊ဖြင့် နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့
ကြောင်း၊ ယင်းသတင်းရရှိရာသို့ ဘန့်ကွေးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် အေးသာယာရဲစခန်း မှ တာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
HAK

အမေရိကန်လုပ် ပထမဆုံး ရေငုပ်သင်္ဘော တိုက်ဖျက်ရေး လေယာဉ်ကို ထိုင်ဝမ် လက်ခံရရှိ

အမေရိကန်လုပ် ပထမဆုံး ရေငုပ်သင်္ဘော တိုက်ဖျက်ရေး လေယာဉ်ကို ထိုင်ဝမ် လက်ခံရရှိ
တိုင်ပေ     စက်တင်ဘာ    ၂၅
တရုတ်နိုင်ငံကို ရင်ဆိုင်ရန် ထိုင်ဝမ်၏ ရေတပ်ကာကွယ်ရေး ကို အားဖြည့်သည့် အနေဖြင့် အမေရိကန်နိုင်ငံမှ မှာယူထားသည့် P-3 C Orion ရေငုပ်သင်္ဘော တိုက်ဖျက်ရေး ကင်းလှည့် လေယာဉ် ၁၂
စင်းအနက် ပထမဆုံး လေယာဉ်ကို စက်တင်ဘာ ၂၅ ရက်တွင် လက်ခံ ရရှိခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။ ၎င်းလေယာဉ်သည် ထိုင်ဝမ် တောင်ပိုင်း Pingtung စီရင်စုရှိ လေတပ်အခြေစိုက် စခန်းသို့ ရောက်ရှိလာခဲ့ကြောင်းနှင့် ကျန်ရှိနေသည့် လေယာဉ် ၁၁ စင်း ကို ၂ဝ၁၅ ခုနှစ် အတွင်းပေးပို့ရန် စီစဉ်ထားကြောင်း သိရသည်။
အမေရိကန်နိုင်ငံ အနေဖြင့် P-3 C Orion  ကင်းလှည့် လေယာဉ်များကို ပြင်ဆင် မွမ်းမံမှုများ ပြုလုပ်၍ ထိုင်ဝမ်သို့ ရောင်းချသွားရန် ၂ဝဝ၇ ခုနှစ် အတွင်းက သဘောတူညီခဲ့ကြောင်းနှင့် ၎င်းလေယာဉ်များသည် ထိုင်ဝမ်ရေတပ်၏ ရေငုပ် သင်္ဘောတိုက်ဖျက်ရေး လေယာဉ်များထက်  စောင့်ကြည့် ထောက်လှမ်းနိုင်မှုကို အဆပေါင်းများစွာ တိုးချဲ့ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ လေယာဉ်များ ဝယ်ယူရန် အမေရိ ကန်ဒေါ်လာ ၁ ဒသမ ၉၆ ဘီလီယံခန့်  ကုန်ကျမည်ဖြစ်ပြီး ၎င်းလေယာဉ်များကို သက်တမ်းရင့်နေသော S-2 T ရေငုပ် သင်္ဘော တိုက်ဖျက်ရေး လေ ယာဉ်များ နေရာတွင် အစားထိုး၍ ရေကြောင်း စောင့်ကြည့် ကင်းလှည့်ရေး တာဝန်များ ထမ်းဆောင်သွားစေရန် ရည်မှန်းထားကြောင်း သိရသည်။
http://www.myawady.net.mm

တရုတ်ခရစ်ယာန် ဘုရားရှိခိုးကျောင်း ခန်းမ၌ လီဆူးတိုင်းရင်းသားများ စည်းလုံးညီညွှတ်ရေးအစည်းအဝေးကျင်းပမည်

တောင်ကြီးမြို့ စက် (၂၆)
တောင်ကြီးမြို့ ၊ ရေအေးကွင်းရပ်ကွက်၊ နေလလမ်းသွယ်ရှိ တရုတ်ခရစ်ယာန် ဘုရားရှိခိုးကျောင်း ခန်းမ၌ လီဆူးတိုင်းရင်းသားဝန်ကြီး ဦးဆောင်၍ လီဆူးတိုင်းရင်းသားများ စည်းလုံးညီညွှတ်ရေးနှင့် ဆင်းရဲသားလျော့ချရေး အစည်းအဝေးအား (၅-၁၀-၂၀၁၃)ရက်နေ့  ညစာစားပွဲ၊ ယဉ်ကျေးမှုအကအဖွဲ့ဖျော်ဖြေမှုများဖြင့် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသတင်းရရှိပါသည်။
HAK

24 September 2013

အန္တရာယ်ရှိ သစ်ခြောက်ပင်ခုတ်ပေးရေး

Nay Lin Thaik's photo.
တောင်ကြီးမြို့ မြို့မ ရပ်ကွက် အတွင်းရှိ မင်းရဲကျော်စွာလမ်းနှင့် သပြေလမ်း ထောင့်ရှိ သစ်ခြောက်ပင်မှာ အများပြည်သူ လမ်းသွားလမ်းလာများ ဘေးအန္တရာယ် ဖြစ်နိုင်ပါသည်။

အဆိုပါရပ်ကွက်နေပြည်သူများမှ ကိုယ်ထူကိုယ်ထ ခုတ်ထွင်ရှင်းလင်းရန် စည်ပင်သာယာရေးအားး ခွင့်ပြုချက်တောင်ဆိုသော်လည်း ခွင့်ပြုချက်မရခဲ့ကြောင်းသိရသည်

သို့ပါ၍ တောင်ကြီးမြို့ စည်ပင်သာယာရေးမှ လာရောက် ခုတ်တွင်ရှင်းလင်းပေးပါရန် ယင်းရပ်ကွက်နေ ပြည်သူများ ကိုယ်စား တင်ပြလိုက်ရပါတယ်လို့
Nay Lin Thaikfacebookစာမျက်နှာတွင် သတင်းရရှိပါသည်။
HAK

တောင်ကြီးမြို့ facebookပေါ်မှ ဆရာမရင်ဖွင့်သံ

နှစ်ပေါင်းများစွာစောင့်ခဲ့ရသောလုံခြုံရေးဂျူတီနှင့်ဖုန်းဂျူတီလို့ခေါင်းစဉ်တပ်ပြီး

အခြားတိုင်းပြည်နယ် မြို့နယ်တွေတော့မသိ ကျွန်မတို့တောင်ကြီးမြို့ကကျောင်းတွေမှာတော့ လုံခြုံရေးဂျူတီဆိုပြီးကျောင်းဖွင့်ရက်တွင် ကျောင်းဆင်းချိန်မှ နောက်နေ့နံနက် (၆)နာရီထိ ကျောင်းပိတ်ရက်မှာ နံနက်(၈း၃၀)
နောက်နေ့နံနက်(၆)နာရီထိ (၂၀၀၂) နွေရာသီ ကျောင်းပိတ်မှစ၍စောင့်ခိုင်းခဲ့ပါတယ် အစပိုင်း(၂)နှစ်လောက်မှတော့ ပြဿနာ မရှိသေးဘူး ကျောင်းဝင်းထဲ နေကြတဲ့ကျောင်းစောင့် သန့်ရှင်းရေး ၊ရုံးအကူစာရေးတို့ကို
ဆရာ၊ဆရမတွေက ထောက်ပံ့မူတွေပေး အကူအညီတောင်းပြီးစောင့်ခိုင်းခဲ့ပါတယ် နောက်ပိုင်းအထက်ကပြောလာတယ် လူစားမထိုးရ ကိုယ်တိုင်စောင့်ရမယ်ဆိုတာနဲ့ ဆရာ၊ဆရာမတွေ ကြီးကြီးငယ်ငယ် ကျောင်းဖွင့်ကျောင်း
ပိတ် ညအလှည့်ကျ စောင့်ရတော့ကျောင်းတက်ဖို့ အိမ်မှာစားဖို့ တွေက သီလာ ၊ အိမ်မှာကျန်တဲ့ သူတွေရဲ့ အညိုအညင် တွေခံရနဲ့နောက်ဆုံးတော့ အိမ်က အလုပ်ထွက်ခိုင်းလို့ အလုပ်ထွက်လိုက်ရတဲ့သူတွေပါရှိလာရပါတယ်
ဒဏ်မခံနိုင်တဲ့အဆုံး (၂၀၀၇)လောက် ဆရာ၊ဆရာမများနဲ့ပညာရေးဝန်ကြီးတွေ့ဆုံ ပွဲမှာ ဆရာမငယ်တစ်ယောက် က အဲဒီကိစ္စ ထပြောလိုက်တော့ ၀န်းကြီး ကသူ မသိရ ၊ မခိုင်းရပါဘူး ဆိုပြီး ဂျူတီ တွေ ဖြုတ် ခိုင်းခဲ့တော့
ညအိမ်ဂျူတီတော့ပြုတ်ပြီး ကျောင်းလုံခြုံရေးနဲ့ဖုန်းဂျူတီ ဆိုပြီး ကျောင်းပိတ်ရက်တိုင်း နံနက်(၈း၃၀)နာရီမှ ညနေ (၄)နာရီ ထိ လူစားထိုးခွင့်မရှိ အလှည့်ကျ စောင့်ရပါတယ် ။
(၁၄.၆.၂၀၁၃)တွင်မော်ဒန်သတင်းဂျာနယ် မှ (အိအိသန်း) ရေးတဲ့ “ ကျူရှင်ထိန်းချူပ်ဖို့နှင့် မလိုလားအပ်တဲ့ ဂျူတီ မစောင့်ရဖို့လို့” ဆိုတဲ့ခေါင်းစဉ်နဲ့ သတင်းလဲပါလာရော ကျောင်းမှာဆူဆူညံညံ တွေဖြစ်လို့ ကျောင်းအုပ်က ဟိုဖုန်းဆက်မေး
ဒီဖုန်းဆက်မေးနဲ့ နောက်ဆုံး ကျောင်းပိတ်ရက်မှာ ဖုန်းလာရင်းကျောင်းဝင်းထဲမှာ ရှိတဲ့ဝန်းထမ်းတချို့နဲ့ ကျောင်းအုပ်ဘဲ ကိုင်မယ် ဆိုတဲ့ ဆုံးဖြတ်ချ ပြီး နှစ်ပေါင်းများစွာစောင့်ခဲ့ရတဲ့ ဖုန်း ဂျူတီ ကြီးပြုတ်သွားပါတော့တယ်။
(၂)လကျော်လေးဘဲ ၀မ်းသာလိုက်ရပါတယ် (၁၁.၉.၂၀၁၃)ညနေ ကျောင်းဆင်းမှာ အရေးပေါ် အစည်းအဝေးခေါ်ပြီး ကျောင်းအုပ်က ဆရာ၊ဆရာမ တွေကို ပြောတာက ပြည်နယ်ကပြောတယ်ကျောင်း
တွေကို ဖုန်းဆက်တာကိုင်မဲ့သူမရှိ ဖြစ်နေတယ် ဒါကြောင့်နေ့တိုင်း ညနေ(၅း၃၀)နာရီထိဖုန်းကိုင်ကြပါတဲ့ ဒီတော့ ထုံးစံအတိုင်း ဖုန်းဂျူတီပြန်စောင့်ရမယ်ဆိုပြီး (၁၂.၉.၂၀၁၃)မှစပြီး ဖွင့်ရက်၊ပိတ်ရက် မရှောင်နေ့တိုင်း
နံနက်(၈း၃၀)နာရီမှ ညနေ (၅း၃၀)နာရီ ထိ ကျောင်းဆင်းချိန် (၃း၁၅)နာရီ မှာအိမ်မပြန်နိုင် အိမ်မှုကိစ္စမလုပ်နိုင် သားရေးသမီးရေးလူမှုရေးကိစ္စ မလုပ်နိုင်နဲ့ ယခင်ထက် ပိုဆိုးစွာဖုန်းဂျူတီကို ခါးသီးစွာစောင့်နေရပါတယ်
တစ်ခါတလေ ဖုန်းကြိုးလိုင်းပျက်လို့ပျက်မှန်းမသိအ၀င်သာနားထောင်ခွင့်ရှိပြီး အထွက်ဆက်ခွင့်မရှိတဲ့ ဖုန်းကြီးကိုကြည့်ပြီး လိုအပ်ရင်အကြောင်းကြာပေးလို့ရအောင်ကိုယ့်ရဲ့ဖုန်းလေးကို ဘေးမှာကပ်ထားတဲ့ကျောင်းအုပ်
ကြီးနဲ့ ဆရာ၊ဆရာမများရဲ့ဖုန်းနံပါတ်တွေကိုကြည့်ရင်းအိမ်မှာကျန်နေတဲ့သားသမီးများအဆင်ပြေပါ့မလား တွေးရင်းမလိုလားအပ်သောတာဝန်များထမ်းဆောင်ရခြင်းမှ ၀န်ထမ်းအားလုံးမြန်မြန်လွတ်ကင်းနိုင်ကြပါစေလို့ဆုတောင်း
ရင်းကိုယ့်အလှည့်ကိုစောင့်ခဲ့ရပါတယ်။
တောင်ကြီးမြို့ပေါ်ကျောင်းတစ်ကျောင်း မှ ဆရာမတစ်ယောက် (၁၅.၉.၂၀၁၃)
လို့မူရင်းfacebookစာမျက်နာသို့ ဒီနေရာမှသွားပါ။ မှာရင်ဖွင့်ထားပါတယ်။ 
refind; https://www.facebook.com/khunloveemo


လွိုင်လင်မြို့နယ်၊ ပင်လုံမြို့နယ်ခွဲအတွင်း RCSS/SSA အဖွဲ့မှ ထောင်ထားသော မိုင်းနင်းမိ၍ အပြစ်မဲ့ပြည်သူများ ဒဏ်ရာရ

ခွန်ခမ်းမြတ် | စက်တင်ဘာလ (၂၄) ရက် ၊ ၂၀၁၃ ခုနှစ်

တောင်ကြီး။     ။ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့နယ်ခွဲ၊ ဟဲနန်းကျေးရွာအုပ်စု၊ ကျူပေါ်ကျေးရွာ၏ အနောက်ဘက် ၃ ဖာလုံခန့်အကွာတွင် ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ (၂၂) ရက်နေ့၊ မွန်းလွဲ ၂း၃၀ နာရီ အချိန်ခန့်၌ RCSS/SSASအဖွဲ့မှ ရွက်ဖ ဦးစီးသည့် (အင်အား (၃၀) ဦးခန့်) အဖွဲ့မှ ထောင်ထားသည့် တိုက်မိုင်းဟု ယူဆရသော မိုင်း (ဗုံး) တစ်လုံး ပေါက်ကွဲသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်တွင် ကျူပေါ် ကျေးရွာသူ/သား အပြစ်မဲ့ပြည်သူ ကျား (၁) ဦး၊ မ (၂) ဦး၊ ထိခိုက်ဒဏ်ရာရ ခဲ့ပြီး ၄င်းတို့ (၃) ဦးသည် လက်ဖက်ခူးသွားရာမှ RCSS/SSA အဖွဲ့မှ ထောင်ခဲ့သော မိုင်းအား ထိတိုက်မိရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ၄င်းအပြစ်မဲ့ ရွာသားများမှာ -

(က) ဒေါ်နန်းယွန် (၅၇) နှစ်၊ (ဘ) ဦးတမောင်၊ ပအိုဝ်း/ဗုဒ္ဓ၊ ၀ဲဘက်လက်ကောက် (၁) ချက်၊ ၀ဲဘက်ကျော (၂) ချက်၊ ဘယ်လက်မောင်း (၂) ချက် (မစိုးရိမ်ရ)

(ခ) ခွန်သိန်းဇော် (၈) နှစ်၊ (ဘ) ဦးတဆန်း၊ ပအိုဝ်း/ ဗုဒ္ဓ၊ ကျောကုန်း (၆) ချက်၊ ညာပေါင်အောက် (၁) ချက်၊ ညာလက်ညိုးထိပ် (၁) ချက် (မစိုးရိမ်ရ)

(ဂ) မနန်းမိ (ခ) မမေသူ (၇) နှစ်၊ (ဘ) ဦးခွန်ရှမ်းမောင်း၊ ပအိုဝ်း/ ဗုဒ္ဓ၊ ညာပေါင် (၂) ချက်၊ ညာဦးချိုစောင်း (၁) ချက်၊ ညာပခုံး ကျောဘက် (၁) ချက် (မစိုးရိမ်ရ)

၎င်း ဒဏ်ရာရ အပြစ်မဲ့ပြည်သူ (၃) ဦးတို့အား ဆေးကုသမှု ခံယူနိုင်ရေး ပင်လုံမြို့နယ်ခွဲ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ (၂၂) ရက်နေ့၊ ညနေ ၅း၁၅ နာရီ အချိန်ခန့်တွင် ရောက်ရှိ၍ ဆေးကုသမှု ခံယူလျှက်ရှိကြောင်း သိရှိရပါသည်။ံ
refind; www.Taunggyi Time.com

ဆွီဒင်မှ ကိုယ်ပျောက် ဟိုတယ်၏ အန်စာတုံး ကြေးမုံခန်း


ဒိန်းမတ်၊ ဆွီဒင်၊ နော်ဝေနိုင်ငံများ တည်ရှိသည့် စကင်ဒီနေဗီးယား ဒေသမှ ပုံစံများရေးဆွဲ၍ တည်ဆောက် ထားသည့် ဆွီဒင်ဟိုတယ်၏
တစ်စိတ်တစ်ပိုင်းတွင် အန်စာတုံးပုံ ကြေးမုံ (Mirror cube) အခန်းများကို ဖွဲ့စည်း ထားရှိသဖြင့် တည်းခိုရသူများ အတွက် ထူးကဲမှုများ ရှိနေပေသည်။ ဆွီဒင်နိုင်ငံ၏ မြောက်ပိုင်း လူလီယာ (Lulea) မြို့၏ အပြင်ဘက် ၅ဝ ကီလိုမီတာ အကွာ ဟာရက်စ် (Harads) ၌ အဆိုပါ အဆောက် အအုံကို စတင်တည် ဆောက်ထားသည်။ အဆိုပါ နေရာတွင် သစ်ပင်ဟိုတယ်၊ ငှက်သိုက်အိမ်၊ ပန်းကန်ပြားပျံနှင့် ဆင်တူသည့် UFO အိမ်နှင့် သိပံ္ပရုပ်ရှင် ဇာတ်ကားများတွင် တွေ့မြင်ရလေ့ ရှိသော (The Cabin) အခန်းများကို ဖွဲ့စည်း ပေးထားသည်။ သစ်ပင် ဟိုတယ်တွင် တစ်ဦးချင်း တည်းခိုနိုင်သည့် သစ်ပင် အိမ်ခန်း ငါးဆောင် ဖွဲ့စည်း ပေးထားသည်။
အဆိုပါ အိမ်ခန်းများကို မြေပြင် အောက်ခြေမှ လေးမီတာနှင့် ခြောက်မီတာ အမြင့်တွင် တည်ဆောက်ထား ကာ ဆင်ခြေလျှောမှ တစ်ဆင့် အပေါ်သို့ အလွယ်တကူ တက်ရောက်နိုင်သည်။ တံတား သို့မဟုတ် ပြန်၍ ဆွဲသွင်းနိုင်သည့် လှေကားထစ်များမှလည်း တက်သွားနိုင်သည်။ ထို့ပြင် ငှက်သိုက်အိမ်ကို တည်းခိုရန် ရွေးချယ်နိုင်ပြီး ၎င်းသည် ဧရာမ ငှက်ကြီးတစ်ကောင်၏ အသိုက်နှင့် သဏ္ဌာန် တူနေပေသည်။ UIFO အိမ်သည် ထောက်လှမ်း မရနိုင်သည့် ပျံသန်းနေသော အရာဝတ္ထု ပန်းကန်ပြားပျံနှင့် တူနေပေရာ သိပံ္ပ ဇာတ်ကားများတွင် တွေ့မြင် ကြရသည့် အတိုင်းပင် ဖြစ်သည်။ ကေဘင် အခန်းမှာ နေရာ ကျယ်ဝန်းပြီး သစ်ပင်၏ ပင်စည်တွင် သပ်လျှို၍ ရိုက်သွင်း တည်ဆောက်ထားသည်။ အပေါ်လွင်ဆုံး အခန်းမှာ အန်စာတုံး ကြေးမုံဖြစ်သည်။ ၎င်းကို Tham & Videgard ဗိသုကာများ၏ ဒီဇိုင်း လက်ရာများဖြင့် သရုပ်ဖော် ပေးထားခြင်း ဖြစ်သည်။
ဤအခန်းသည် တကယ်ပင် ပုန်းအောင်းစရာ နေရာဖြစ်သည့် (၄ x ၄ x၄) မီတာ အတိုင်းအတာနှင့် ပြွန်လုံး ကုဗတုံးကို မှန်များဖြင့် တန်ဆာဆင် ထားသဖြင့် ပတ်ဝန်းကျင်ကို ရောင်ပြန် နေစေသည်။ လူတီထွင် အံ့သြဖွယ် ကောင်း၍ အောင်မြင်မှုများဖြင့် ရရှိနေသော်လည်း ပြဿနာများ ကိုလည်း တင်ဆက် ပေးနေ ပေသည်။ တချို့သော ထောင့်များသည် မမြင်နိုင်၊ မတွေ့နိုင်၍ ငှက်များ ပျံသန်း ဝင်ရောက် မလာနိုင်အောင် ဒီဇိုင်နာများက ဖန်တီးပေးထားခြင်း ဖြစ်သည်။ အခန်းနံရံများကို အနီအောက်ရောင်ခြည်ပါ ဖလင်ကော်ပြား များဖြင့် ကာရံထား၍ လူသားများကမူ မြင်တွေ့ နိုင်ပေသည်။ အခန်း၏ အပြင်ဘက်တွင်လည်း ထူးခြားမှု တစ်ရပ် ရှိနေသည်။ ခုတင်ကြီး တစ်ခု၊ ရေချိုးခန်း တစ်ဆောင်၊ သက်သောင့်သက်သာ နားနေရာ အခန်း၊ ခေါင်မိုးသို့ အတက် လှေကားထစ်နှင့် အိမ်ခန်း ခြောက်ခန်းမှ ရှုခင်းကို ရှုစား ကြည့်နိုင်ပေသည်။ နံရံများ၏ အနောက်ဘက်၌ ၁၉၃ဝ-၁၉၅ဝ ပြည့်နှစ် ဝန်းကျင်လောက်မှ ဆက်တင် ဒီဇိုင်းအစစ်နှင့် BRITTA'S PENSIONAT စားသောက်ဆိုင်တွင် ညစာ စားသောက်နိုင်ပြီး သစ်ပင်ဟိုတယ်တွင် အရက်ဘား၊ ရေနွေးငွေ့ ရေချိုးခန်းနှင့် အပန်းဖြေစရာ နေရာ ရှိနေပေသည်။ ။
ဦးတိုး (တက္ကသီလ)http://www.myawady.net.mm

ကမ္ဘာပေါ်က အလှပဆုံး ရှေးဟောင်း အမွေအနှစ် နေရာများ

ကမ္ဘာပေါ်မှာ ရှိတဲ့ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် နေရာတွေကို CNN သတင်း ဌာနက သတင်းထောက် ဆာရာရိက  အခုလို စုစည်းတင်ပြ ထားပါတယ်။ ကမ္ဘာလှည့် ခရီးသွား တစ်ယောက် အနေနဲ့  အဲဒီ နေရာတွေကို ဘယ်လို သွားရတယ် ဆိုတာကိုလည်း လမ်းညွှန် ပေးထားပါတယ်။

အန်ကောဝပ် (ကမ္ဘောဒီးယား)
အန်ကောဝပ် ဘုရားကျောင်းဟာ  ကမ္ဘောဒီးယား နိုင်ငံ စီရမ်ရိ မြို့ကနေ  တုတ်တုတ် ဆိုတဲ့  သုံးဘီး ယာဉ်လေးကို မိနစ် ၂ဝ လောက် စီးသွားလျှင် ရောက်ပါတယ်။ ကမ္ဘာလှည့် ခရီးသည် အများအပြားဟာ နိုဝင်ဘာလကနေ  ဖေဖော်ဝါရီလ အကြားမှာ  အဲဒီနေရာကို သွားရောက် လည်ပတ် လေ့လာ ကြပါတယ်။  အဲဒီ ကာလမှာ  ရာသီဥတုက ခြောက်သွေ့ပြီး အပူချိန်ဟာ ၂ဝ ကနေ ၃ဝ ဒီဂရီ အကြား ရှိပါတယ်။
အခရိုပိုလစ် (ဂရိ)  
ဒီနေရာကို သွားချင်လျှင်တော့   ဂရိနိုင်ငံ မြို့တော် အေသင်ကနေ ခြေကျင် သွားနိုင်ပါတယ်။  အက်ဒရီယာနူလမ်း တစ်လျှောက်ကနေ အခရိုပိုလစ်ရဲ့ အနောက်ဘက် ဝင်ပေါက်ကို ဝင်ရောက် နိုင်ပါတယ်။
ဂါလာပါးဂေါ့ ကျွန်းများ (အီကွေဒေါ)
အီကွေဒေါ ကုန်းမြေမကြီးကနေ ကီလိုမီတာ ၁ဝဝဝ နီးပါး အကွာမှာ တည်ရှိတဲ့  ဒီကျွန်းစုတွေကို မြို့တော် ကွီတိုနဲ့ ဂွာယာကွီတို့  ကနေ လေကြောင်း ခရီးစဉ်တွေနဲ့ သွားလာနိုင် ပါတယ်။ နေ့စဉ် ပြေးဆွဲနေတဲ့ သင်္ဘော ခရီးစဉ် တွေကနေ ဒီကျွန်းတွေကို သွားလာ လည်ပတ်ပြီး စူးစမ်း လေ့လာဖို့ အကောင်းဆုံးပါပဲ။
ပုဂံ (မြန်မာ)
မြန်မာ နိုင်ငံရဲ့ အနောက် အလယ်ပိုင်းမှာ တည်ရှိတဲ့ ပုဂံဒေသကို လေကြောင်း၊  အဝေးပြေးကား၊ ရထားတွေနဲ့ ရန်ကုန်မြို့ကနေ တစ်ဆင့် သွားရောက် နိုင်ပါတယ်။  တည်းဖို့၊ ခိုဖို့ နေရာထိုင်ခင်း ကိုတော့ ပုဂံဒေသနဲ့  ညောင်ဦး ပတ်ဝန်းကျင်က နေရာတွေမှာ ရရှိနိုင် ပါတယ်။
ဂရိတ်ဘယ်ရီယာ သန္တာကျောက်တန်း (သြစတြေးလျ)
ကြီးမားတဲ့ ဒီသန္တာ ကျောက်တန်းတွေကို  သွားဖို့ကတော့ သြစတြေးလျ ပြည်မကြီးကနေ လေကြောင်း ခရီးစဉ်တွေနဲ့ ကောင်းမွန်စွာ ဝန်ဆောင်မှု ပေးထားပါတယ်။ မြောက်ပိုင်း ကွင်းစလန်း ပြည်နယ်ရဲ့ဆိပ်ကမ်း မြို့လေးကနေ တစ်နေ့တာ ခရီး အဖြစ်နဲ့လည်း သွားလာ နိုင်ပါတယ်။
ဟမ်ပီကျေးရွာ (အိန္ဒိယ)
ဟမ်ပီဒေသကို အိန္ဒိယ နိုင်ငံ ဂိုအာမြို့ကနေ ညလုံးပေါက် အဝေးပြေး ကားစီးပြီး သွားရောက် နိုင်ပါတယ်။ ဒီကျေးရွာ အနီးမှာရှိတဲ့ ဟော့စပက် မြို့ကိုလည်း ချင်းနိုင်၊ မွမ်ဘိုင်း၊ ဘန်ဂလော၊ ဒေလီနဲ့  ကိုးလ်ကတ္တား မြို့တို့ကနေ မီးရထားနဲ့ သွားရောက် နိုင်ပါတယ်။
 အီဂွာဇူး အမျိုးသား ဥယျာဉ်  (ဘရာဇီးနှင့်အာဂျင်တီးနား)
ဖွံ့ဖြိုး တိုးတက်မှု နည်းပါးပေမဲ့   စိမ်းလန်း စိုပြည်ပြီး လူနေ ထူထပ်မှု မရှိတဲ့  ဘရာဇီး နိုင်ငံဘက်က ရေတံခွန်တွေ တည်ရှိတဲ့ အခြမ်းကိုတော့ ဖော့ဒိုအီဂွာကူ မြို့ကနေ နာရီဝက်လောက်  ဘတ်စကားနဲ့ သွားရင် ရောက်နိုင်ပါတယ်။ အာဂျင်တီးနား နိုင်ငံဘက်က ရေတံခွန်တွေ ကတော့ ပွာတိုအီဂွာဇူး ဒေသမှာ တည်ရှိပါတယ်။ ဘရာဇီးနဲ့ အာဂျင်တီးနား နှစ်နိုင်ငံကို  ရေတံခွန် ကြားမှာရှိတဲ့ မြစ်တစ်စင်းက ခြားနေတာကြောင့်  တံတားထိုးပြီး ဆက်သွယ် ထားပါတယ်။
မာချူပီချူး (ပီရူး)
တောတွင်းကနေ ခြေကျင် သွားလာလျှင် မာချူပီချူးကို ရောက်ဖို့က  ရက်ပေါင်းများစွာ ကြာမြင့် နိုင်ပေမဲ့  ကက်စကိုကနေ အဂူအာကယ်လီယန် တက်ကို  မီးရထားနဲ့လည်း သွားလာလို့ ရပါတယ်။ နေ့စဉ် ပထမဆုံး ရောက်ရှိတဲ့ ခရီးသွား ၄ဝဝ ကိုသာ ဝေနာပီချူးလို့ခေါ်တဲ့  မာချူပီချူးကို အပေါ်စီးကနေ ကြည့်ရှုနိုင်တဲ့ နေရာကို ဝင်ခွင့် ပြုပါတယ်။
ပီထရာ (ဂျော်ဒန်)
ဂျော်ဒန်နိုင်ငံ မြို့တော်အမ္မန်နဲ့   ဆိပ်ကမ်းမြို့ ဖြစ်တဲ့ အက်ကွာဘာကနေ အဝေးပြေး ကားတွေနဲ့  တစ်နေ့တာ သို့မဟုတ်  ညလုံးပေါက် ခရီးသွားလာ နိုင်ပါတယ်။ အီဂျစ်နဲ့ အစ္စရေး အပန်းဖြေမြို့ ဖြစ်တဲ့ အီလက်တို့က နေလည်း သွားလာနိုင်တဲ့ ခရီးစဉ်တွေ ရှိပါတယ်။
ဂီဇာ ပိရမစ်များ (အီဂျစ်)
နိုင်းမြစ်တစ်လျှောက်  ကိုင်ရိုမြို့ရဲ့ အနောက်တောင်ဘက်  ကီလိုမီတာ ၂၅   လောက်သာ ဝေးတဲ့နေရာမှာ တည်ရှိပြီး မြို့တော် ကိုင်ရိုကနေ တစ်နေ့တာ ခရီးအဖြစ် အလွယ်တကူ သွားလာ နိုင်ပါတယ်။
ဆီဂျီးရီးယား (သီရိလင်္ကာ)
သီရိလင်္ကာ နိုင်ငံ အလယ်ပိုင်းမှာ ရှိတဲ့ ဒီနေရာဟာ ကန်ဒီမြို့ကနေ ဘတ်စကားနဲ့ ၂ နာရီကနေ ၃ နာရီ အကြာ ခရီးနဲ့ သွားရောက် နိုင်ပါတယ်။ ကန်ဒီမြို့ကနေ စုပေါင်း သို့မဟုတ် တစ်ဦးချင်းလည်း သွားရောက် နိုင်ပါတယ်။
 ဗင်းနစ်မြို့နှင့် ရေကန်များ (အီတလီ)
ဗင်းနစ်မြို့ကို အနီးမှာရှိတဲ့ မာကိုပိုလိုနဲ့ ထရီဗစ်ဆို လေဆိပ်တွေကနေ သွားရောက် နိုင်သလို မြို့ရဲ့မြောက်ပိုင်းမှာ ရှိတဲ့ ဗင်နီဇီယာ ဆန်တာလူစီယာ မီးရထား ဘူတာရုံ ကနေ တစ်ဆင့်လည်း သွားရောက် နိုင်ပါတယ်။
Yellow Stone အမျိုးသားဥယျာဉ် (အမေရိကန် ပြည်ထောင်စု)
အနီးဆုံး အဓိက လေဆိပ်ဖြစ်တဲ့ ဝိုင်အိုမင်း ပြည်နယ် ဂျက်ဆင်ဟိုးကနေ ကီလိုမီတာ ၁ဝဝ လောက် ပတ်ဝန်းကျင်မှာ တည်ရှိပြီး အဓိက ဝင်ရောက်နိုင်တဲ့ နေရာငါးခု ရှိပါတယ်။ ခရီးသွား အများစုဟာ ဥယျာဉ်တစ်လျှောက် ကားနဲ့မောင်းပြီး လှည့်လည် ကြည့်ရှု ကြပါတယ်။ 

http://www.myawady.net.mm

ညောင်ရွှေမြို့နယ်၊ ဒေသခံတောင်သူများအား သီးနှံလျော်ကြေး၊ ဂရုဏာကြေးများအား ပေးအပ်



တောင်ကြီးမြို့ စက် (၂၄)
စက်(၁၈)ရက်နေ့ က တောင်ကြီးခရိုင်အုပ်ချုပ်ရေး မှူးနှင့်  ညောင်ရွှေမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇောလှတို့
မှ ညောင်ရွှေမြို့နယ်၊ အင်းလေးဟိုတယ်ဇုန်မြေနေရာပါရှိသည့် ဒေသခံတောင်သူများအား သီးနှံလျော်ကြေး၊ ဂရုဏာကြေးများအား ပေးအပ်ရာ ကန်ဘဲ့ရွာနှင့် အင်ကြင်းကုန်းဒေသခံတောင်သူ (၇)ဦးမှ လာရောက်ထုတ်ယူ
ခဲ့ကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးအောင်ကျော်ညွှန့်မှလည်း အဆိုပါ တောင်သူ (၇)ဦးအား မိမိတို့ဒေသရှိ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ကောင်းမွန်စေရန် ရေ၊ မီး၊ လမ်း စသည်တို့ကို ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ ကမ်းနားစက်လှေဆိပ်တွင်လည်း ဈေးဆိုင်ခန်းများနေရာချ
ထားပေးသွားမှာဖြစ်ကြောင်း ပြောကြားသွားခဲ့ကြောင်း၊ တောင်သူ (၇)ဦးအား ငွေပေါင်း (၅၀၇၆၂၀၂၇)ကျပ် ထုတ်ပေးခဲ့ပြီး ကန်ဘဲ့ရွာသား ကိုဇော်မင်းနှင့် ကိုစိုးလင်းတို့နှစ်ဦးအားလည်း ပုဒ်မ (၁၈၈/၃၅၃)ဖြင့် တရားစွဲ
ဆိုခံထားရသည့်အမှုကိုလည်း ပြန်လည်ရုပ်သိမ်းပေးရန် ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။
refind; မောင်မောင်သန်း (တောင်ကြီး)( အရှေ့ရိုးမဂျာနယ်)

တောင်ကြီးမြို့၊ သစ်တောရပ်ကွက်တွင်ပထမဆုံးအကြိမ် စာရေးတံမဲပွဲ (မဟာဒုတ်)အလှူပွဲကျင်းပမည်

တောင်ကြီးမြို့ စက်(၂၄)
တောင်ကြီးမြို့၊ သစ်တောရပ်ကွက်တွင် ယခု ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ တတိယအပတ် (၂၈)ရက်နေ့မှစတင်
၍ ပထမဆုံးအကြိမ် စာရေးတံမဲပွဲ (မဟာဒုတ်)အလှူပွဲအား ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းအောင်ချိုစန်းနှင့် ရပ်မိရပ်ဖများမှ ဦးဆောင်ကာ အလှူပွဲအား ကျင်းပလှူဒါန်းသွားမည်ဖြစ်ကြောင်း၊ သစ်တောရပ်ကွက်သူ၊ ရပ်ကွက်သားများမှလည်း တက်ကြွစွာပါဝင်လှူဒါန်းသွားကြမှာဖြစ်ကြောင်း၊ ရပ်ကွက်နေသူတစ်ဦးမှ အရင်က
တောင်ကြီးမြို့ အနောက်ဘက်ခြမ်းရပ်ကွက်တွေဘဲ လုပ်တာများတယ်။ အခုဒီနှစ်မှ ပထမဆုံးအကြိမ်ဘဲလို့ ပြော
ပြပါသည်။ တောင်ကြီးမြို့သစ်တောရပ်ကွက်သည် အငြိမ်းစားဝန်ထမ်းကြီးများ၊ ဌာနဆိုင်ရာဝန်ထမ်းအိမ်ယာများ၊ ဌာနဆိုင်ရာရုံးများ အများဆုံးတည်ရှိသော ရပ်ကွက်ဖြစ်ပြီး သစ်ပင်ကြီးကြီးမားမားကျန်ရစ်သော တောင်ကြီးမြို့၏
တစ်ခုတည်းသောရပ်ကွက်ဖြစ်ပါသည်။
HAK

တရုတ် လေယာဉ်တင် သင်္ဘောလျောင်နင် စမ်းသပ် လေ့ကျင့်မှုများ ပြုလုပ်

တရုတ် လေယာဉ်တင် သင်္ဘောလျောင်နင် စမ်းသပ် လေ့ကျင့်မှုများ ပြုလုပ်
ပေကျင်း   စက်တင်ဘာ ၂၃
တရုတ်နိုင်ငံ၏ ပထမဆုံး လေယာဉ်တင် သင်္ဘော လျောင်နင်သည် ၎င်း၏ သုံးလကြာ ပင်လယ်ရေကြောင်း ခရီးရှည် ထွက်ခြင်း လုပ်ငန်းကို လုပ်ဆောင်ခဲ့ပြီး
အဆိုပါ ခရီးစဉ်အတွင်း အဓိကကျ၍ အတိမ်းအစောင်း မခံသော စမ်းသပ်လေ့ကျင့်မှု များစွာကို  လုပ်ဆောင်ခဲ့ကာ စက်တင်ဘာ ၂၁ ရက်က ၎င်း၏ မိခင်ဆိပ်ကမ်းဖြစ်သည့် ကင်ဒါအို ဆိပ်ကမ်းသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။
ဇွန်လ ၁၁ ရက်က စတင် ထွက်ခွာခဲ့သည့် အဆိုပါ ရေကြောင်း ခရီးစဉ်တွင် J-15  တိုက်လေယာဉ် အပါအဝင် အခြားသော တိုက်လေယာဉ်များ၏ ပျံသန်းခြင်းနှင့် ဆင်းသက်ခြင်း ပုံစံအမျိုးအစားပေါင်း ၁ဝဝ ကျော်ကို လေ့ကျင့်ခြင်းများ ပြုလုပ်ခဲ့ကြောင်း တရုတ်ပြည်သူ့ လွတ်မြောက်ရေး   တပ်မတော်၏ စက်တင်ဘာ  ၂၂ ရက်ထုတ် နေ့စဉ် သတင်းစာတွင် ဖော်ပြခဲ့သည်။
J-15 တိုက်လေယာဉ်ကို အတက်အဆင်း လေ့ကျင့်ခန်း  ပြုလုပ်ရာတွင် ၎င်းတိုက်လေယာဉ်၌ ဝန်စည်စလယ် အပြည့်  တင်ဆောင်စေလျက်   လုပ်ဆောင် နိုင်ခဲ့ခြင်းသည် လျောင်နင်သင်္ဘော၏ လေကြောင်းဆိုင်ရာ ကိစ္စများကို  ပိုင်နိုင်စွာ ထိန်းချုပ်နိုင်စွမ်းကို ပြသခဲ့ခြင်း ဖြစ်သည်။ တရုတ်နိုင်ငံ၏ ပထမဆုံးသော လေယာဉ်တင် သင်္ဘော လျောင်နင်ကို   ရုရှားနိုင်ငံက တည်ဆောက်လျက် ရှိစဉ် မပြီးဆုံးမီ တရုတ်ရေတပ်သို့ ၂ဝ၁၂ ခုနှစ် စက်တင်ဘာ ၂၅ ရက်က ရောက်ရှိခဲ့ခြင်း ဖြစ်ပြီး တရုတ်နိုင်ငံ  ရေတပ်သင်္ဘော တည်ဆောက်ရေးအဖွဲ့က  ဆက်လက် တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။      
http://www.myawady.net.mm

Usagi မုန်တိုင်း တိုက်ခတ်မှုကြောင့် တရုတ်တွင် သေဆုံးသူ ၃၃ ဦးအထိ ရှိလာ

တရုတ် နိုင်ငံတွင် အကျင့် ပျက်ခြစားမှုနှင့် စပ်လျဉ်း၍ လုံးဝ ခွင့်လွှတ်မည် မဟုတ်ကြောင်း ရှီကျင့် ဖျင်ပြောကြား
ပေကျင်း      စက်တင်ဘာ     ၂၃
ယခုနှစ်တွင် တိုက်ခတ်ခဲ့သည့် မုန်တိုင်းများအနက် အင်အား အပြင်းဆုံး တိုင်ဖွန်း မုန်တိုင်း ဖြစ်သော
Usagi  မုန်တိုင်းသည် တရုတ် နိုင်ငံသို့ ၀င်ရောက် တိုက်ခတ်ခဲ့ရာ သေဆုံးသူ ဦးရေ မှာ ၃၃ ဦးအထိ မြင့်တက် လာခဲ့ကြောင်း ဒေသဆိုင်ရာ တာဝန် ရှိသူများက စက်တင်ဘာ ၂၃ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။
အဆိုပါ တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် လေယာဉ် ခရီးစဉ်ရာ ပေါင်းများစွာကို ဖျက်သိမ်း ခဲ့ရသည့် အပြင် ရေကြောင်း၊ ကုန်းကြောင်းနှင့် ရထား လမ်းများကိုပါ ပိတ်ထားခဲ့ရသည်။
Usagi တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ဟောင်ကောင်မြို့နှင့် အနီးတစ်ဝိုက်ရှိ ဒေသ ခံများ မုန်တိုင်းဒဏ် ခံစားခဲ့ရပြီး မုန်တိုင်းဒဏ်ကြောင့် သေဆုံးသူ အများစုမှာ ကွမ်တုန်း ပြည်နယ်မှဖြစ်သည်။ Usagi  မုန်တိုင်းသည် ဖိလစ်ပိုင်နှင့် တရုတ်(တိုင်ပေ) စသည့် နိုင်ငံ များသို့ ၀င်ရောက် တိုက်ခတ်ခဲ့ခြင်း ဖြစ်ပြီး မုန်တိုင်းဒဏ်ကြောင့် ယင်းဒေသ၌  လူနှစ်ဦး သေဆုံး ခဲ့ကြောင်း သိရသည်။
http://www.myawady.net.mm

အင်္ဂါဂြိုဟ် ပေါ်သို့ စက်ရုပ်မြွေ စေလွှတ်ရန် ESA စီစဉ်လျက်ရှိ

 အင်္ဂါဂြိုဟ် ပေါ်သို့ စက်ရုပ်မြွေ စေလွှတ်ရန် ESA  စီစဉ်လျက်ရှိ
လန်ဒန်  စက်တင်ဘာ  ၂၃
ဥရောပ အာကာသ အေဂျင်စီ ESAသည် အင်္ဂါဂြိုဟ်ပေါ်သို့ မြွေအသွင် သဏ္ဌာန်ရှိ စက်ရုပ် တစ်ရုပ်ကို
စေလွှတ်ရန် စီစဉ်လျက် ရှိကြောင်းနှင့် အဆိုပါ စက်ရုပ်သည် အင်္ဂါဂြိုဟ် ပေါ်ရှိ အပေါက်ငယ်လေး များနှင့် ချောင်ကြိုချောင်ကြား နေရာများ အတွင်းသို့ ၀င်ရောက် နိုင်စွမ်း ရှိသည့် အပြင် အနာဂတ် အင်္ဂါဂြိုဟ် ဆင်းယာဉ်များနှင့်  ချိတ်ဆက်လုပ် ဆောင်နိုင်မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ  မြွေစက်ရုပ်သည်  ယခင်က အင်္ဂါဂြိုဟ် ပေါ်သို့ စေလွှတ်ခဲ့သော အင်္ဂါဂြိုဟ် ဆင်းယာဉ်များထက် စူးစမ်း လေ့လာ မှုများကို ပိုမို လုပ်ဆောင် နိုင်စွမ်း ရှိကြောင်း ESA မှ သုတေသီများ က ပြောကြားသည်။
နှဗ သည် အခြားသော ဂြိုဟ်များ တွင်လည်း ပိုမိုထိရောက်မှု ရှိသော စူးစမ်း လေ့လာမှုများ ပြုလုပ်ရန် ဆန္ဒရှိကြောင်း၊ သိပ္ပံ ပညာရပ်နှင့် စက်မှုဆိုင်ရာ သုတေသန အဖွဲ့  (SINTEF)  မှ သုတေသီများသည် မြွေစက်ရုပ် စူးစမ်း လေ့လာနိုင်မှုရှိ၊ မရှိနှင့် စပ်လျဉ်း၍ စစ်ဆေးမှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။
ယင်းမြွေစက်ရုပ်သည် အင်္ဂါဂြိုဟ် ဆင်းယာဉ်နှင့် ချိတ်ဆက်၍ အင်္ဂါဂြိုဟ်ပေါ်မှ မြေနမူနာများကို ဂြိုဟ်ဆင်းယာဉ်ပေါ်တွင် ဆန်းစစ် လေ့လာမှု ပြုရာမှ  ရလာသော ရလဒ်များကို ကမ္ဘာမြေပြင်သို့ ပြန်လည် ပို့ဆောင် ပေးမည်ဖြစ်ပြီး မြွေစက်ရုပ်များသည် ဂြိုဟ်ဆင်းယာဉ် များသွား ရောက်နိုင်ခြင်း မရှိသည့် ချောင်ကျသော နေရာများသို့ ၀င်ရောက်၍ မြေနမူနာ ကဲ့သို့သော နမူနာ ပုံစံများကို ရယူ ရာတွင် အထောက်အကူ ပေးနိုင်စွမ်း ရှိကြောင်း သိရသည်။
http://www.myawady.net.mm

TAUNGGYI Exhibition &Car Expo ကုန်စည်ပြပွဲနှင့် ဈေးရောင်းပွဲတော် ကျင်းပ

တောင်ကြီး     စက်တင်ဘာ   ၂၃
ရှမ်းပြည်နယ် တောင်ကြီးမြို့ သစ်တောရပ်ကွက်ရှိ  မြို့တော်ခန်းမ၌
WINNER Trading Co., Ltd. မှ စုစည်း ကျင်းပသွေှာ TAUNGGYI Exhibition & Car Expo ကုန်စည်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို စက်တင်ဘာ ၂၅ ရက်မှ ၂၉ ရက် အထိ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ TAUNGGYI Exhibition & Car Expo ကုန်စည်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် မော်တော်ကား မျိုးစုံ၊ အီလက်ထရွန်နစ် ပစ္စည်းမျိုးစုံ၊ ကွန်ပျူတာ ဆက်စပ်ပစ္စည်း မျိုးစုံ၊ အဝတ်အထည် မျိုးစုံ၊ စားသောက်ကုန် မျိုးစုံ၊ လူသုံးကုန်ပစ္စည်း မျိုးစုံတို့ကို ရောင်းချသွားမည် ဖြစ်ပြီး ဟာသ လူရွှင်တော်များ၊ All Star Dancer အဖွဲ့နှင့် အဆိုတော် အိုင်းရင်းဇင်မာမြင့်၊ Dယံ တို့၏ သီဆိုဖျော်ဖြေမှု အစီအစဉ်များနှင့် အတူ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
http://www.myawady.net.mm

နမ့်ဆီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး သည် ဆေးပြား (၁၃၀)ကျော် ဖြင့် ဖမ်းဆီးရမိ

အင်္ဂလိပ် အစိုးရခေတ်က ဘိန်းအရောင်းအဝယ် အပေါ် အုပ်ချုပ်ရေးက မည်သို့ ကွပ်ကဲ စီစဉ်လေသည်မသိ။ လွတ်လပ်ရေး ရပြီးနောက် ရှမ်းပြည်နယ် အစိုးရခေတ် ကျင့်သုံးပုံကိုတော့ မီလိုက်သေးသည်။
နှစ်စဉ်နှစ်တိုင်း ရှမ်းပြည်နယ် အစိုးရသည် ဌာနချုပ် ရုံးစိုက်ရာ တောင်ကြီးမြို့၌ ဘိန်းလိုင်စင်များကို လေလံပစ်ပါသည်။ ထုံးစံအတိုင်း ငွေအမြောက် အမြား ပေးနိုင်သူ။ အဆက်အသွယ် ကောင်းသူများသာ လေလံရရှိကြ၏။ လိုင်စင်ရပြီး နောက်တစ်ဖန် ဘိန်းဝယ်ခွင့်၊ သယ်ယူခွင့် ပါမစ်လျှောက်ရသည်။ အစဉ်အလာအားဖြင့် ပြည်နယ် ဥက္ကဋ္ဌကြီးကိုယ်တိုင် ထုတ်ပေးလေ့ ရှိသည်။ ယင်းပါမစ် ရသူများသည် ဘိန်းဝယ်ရန်အတွက် ဘိန်းစိုက်ပျိုးရာ ကိုးကန့်နှင့် ဝနယ်များသို့ တက်လာတော့သည်။
ကွမ်းလုံ၊ ဟိုပန်၊ တာရွှီထန် (ဆင့်ကိုင်)ရှိ ဘိန်းပွဲစား များ၏ လက်ထဲ၌ ဘိန်းတောင်သူတွေ ထံမှ ကောက်ထားသော ဘိန်းများ သိုလှောင် ထားပြီး ဖြစ်သည်။ သို့ဖြစ်ရာ ဘိန်းလှောင်သူနှင့် ဘိန်းဝယ်သူတို့ အချင်းချင်း တွေ့ဆုံပြီး ဈေးတည့်ပါက အရောင်းအဝယ် ဖြစ်ပြီးသည့်နောက် သံလွင်၏ အနောက်ဘက်ကမ်းသို့ သယ်ယူရန် လိုသောအခါ ဒေသရှိ ခရိုင် အုပ်ချုပ်ရေးရုံးသို့ ပါမစ်ပြရပါမည်။ ပါမစ်၌ မည်သူအား မည်သည့် ဒေသသို့ ဘိန်းပိဿာချိန် မည်မျှအထိ ရှမ်းပြည်နယ်အတွင်း သယ်ယူခွင့် ပြုကြောင်း ပြည်နယ် ဥက္ကဋ္ဌ လက်မှတ်နှင့် ရုံးတံဆိပ်ပါပြီး ဖြစ်၏။ အချို့ပါမစ်ရှင် တရုတ်ကြီးများမှာ တစ်ဦးလျှင် ဘိန်းပိဿာ တစ်သောင်းခန့်ပင် ဝယ်ယူခွင့် ပြုထားကြောင်း တွေ့ရသည်။ 
စသည်ဖြင့် မြ၀တီအင်တာနက်စာမျက်နှာတွင်
 ဖော် ပြထားသည်ကို ဖတ်လိုက်ရပြီးနောက် နမ့်ဆီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး သည် ဆေးပြား (၁၃၀)ကျော်
ဖြင့် ဖမ်းဆီးရမိကြောင်း ၊ဖြစ်စဉ်မှာစက်တင်ဘာလ(၂၃)ရက်နေ့ ၊ ည(၁၀၀၀)အချိန်ခန့်တွင် တောင်ကြီးမြို့၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ တောင်ကြီးမြို့နယ်၊ နမ့်ဆီးကျေးရွာအုပ်စု၊နောင်ကာကယ်ကျေးရွာ၊ဘုန်းတော်ကြီးကျောင်းအတွင်းတွင် စောင့်ဆိုင်းနေစဉ်
နမ့်ဆီးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးထွန်းကြည်(၄၃)နှစ်၊ (ဘ)ဦးမြအောင်အား ရှာဖွေစစ်ဆေးခဲ့ရာ ပအိုဝ့်လွယ်အိတ်အတွင်းမှ အနက်ရောင်ပလပ်စတစ်ဖြင့် ထုတ်ထားသော WY စာတန်းပါ ပန်းရောင်စိတ်ကြွရှုးသွပ်ဆေးပြား (၁၃၅)ပြားအား ရှာဖွေသိမ်းဆည်းခဲ့ပြီး မြို့မရဲစခန်းမှ မယ(ပ)၁၅/၁၉(ဂ)/၂၀(ဂ)တို့ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်းသတင်းရရှိပါသည်။
HAK

နားဘောင်စိုက်ကွင်း PNO အဖွဲ့အစည်းမှ သိမ်းယူထားသောမြေတစ်ချို့ ပြန်ပေး

ခွန်ရာဇာ (တောင်ကြီး) | စက်တင်ဘာ ၂၄ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

တောင်ကြီး-ကျောက်တလုံးလမ်းမဘေး နားဘောင်ဒေသတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO )မှ ဖွံ့ဖြိုးရေးစိုက်ကွင်းအဖြစ် သိမ်းယူထားသောမြေယာကို မြေသိမ်းခံရသည့်မြေယာပိုင်ရှင် လယ်သမားလေးဦးအတွက် ပေ ၈၀ x ၆၀ မြေကွက်နှစ်ကွက်စီကို အသွင်းပြောင်းပြည်သူ့စစ် (PNA) ကွပ်ကဲရေးမှူး ဒုတိယဗိုလ်မှူးကြီးခွန်လာမှ စက်တင်ဘာလ ၁၇ ရက်နေ့တွင် PNO ပအိုဝ်းအမျိုးသားရေးရုံးချုပ်၌ မြေကွက်စာချုပ်ပေးအပ်ခဲ့ကြောင်း သိရသည်။

မြေယာသိမ်းယူခြင်းခံရသော မြေပိုင်ရှင်များ မှန်ကန်ကြောင်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မှ အစားထိုးပြန်လည်ပေးအပ်မည့်မြေကွက်များအား သဘောတူလက်ခံကြောင်း ထောက်ခံစာတင်ပြရပြီး နားဘောင်ဒေသမြေယာသမိုင်းနှင့် ဒေသခံများညှိနိုင်းသဘောတူညီချက်စာချုပ်ဖြင့် မြေသိမ်းခံရသူလယ်သမားများအား တောင်ကြီး-ကျောက်တလုံး လမ်းမဘေးရှိ နားဘောင်ဈေးတောင်ဘက်တွင် ပေ ၈၀ x ၆၀ နှစ်ကွက်စီကို ပြန်လည်ပေးအပ်သွားကြောင်း မြေယာသိမ်းခံရသူ လုံးဝါးရွာနေ ကိုကျော်မင်းက ပြောသည်။

“ကျွန်တော်တို့က စိတ်ချမ်းသာချင်ပါပြီ။ အဖွဲ့အစည်းကိုလည်း ခေါင်းမကိုက်စေချင်တော့ဘူး။ ဒါကြောင့် ပြန်ရသလောက်ကို ကျေနပ်ပြီး နှစ်ဖက်ကြေအေးစေချင်တယ်။ နောက်လည်း အရှုတ်အရှင်း မရှိစေချင်ဘူး။ ဒီစာချုပ်ထဲမှာလည်း မြေကွက်ကို လွတ်လပ်စွာနေထိုင်ခွင့်၊ လွတ်လပ်စွာရောင်းပိုင်ခွင့် လုပ်ပိုင်ခွင့်များ ပေးထားပါတယ်။ ယခုပေါက်ဈေးအနေနှင့်လည်း သိန်းနှစ်ရာအထက်သာရှိတယ်။ ဘယ်လိုဘဲဖြစ်ပါစေ ကျေနပ်ပါတယ်” ဟု မြေဧက ၇ ဧက သိမ်းခံရသူ ထီဟန်းဆွေးရွာနေ ကိုမောင်ကျင်က ပြောသည်။

“တစ်ချို့လူများလည်း သဘောတူကျေနပ် လက်ခံမည်ဆိုလျှင်လည်း ဆက်လက်လုပ်ပေးသွားမယ်လို့လည်း ဒုတိယဗိုလ်မှူးကြီးခွန်လာနဲ့ ဗိုလ်မှူးတင်ထွဋ်က ပြောထားသေးတယ်၊ ကျွန်တော်တို့က PNO ကိုဘဲ အားကိုးပါတယ်။ ဒါကြောင့် အရင်အတိုင်းပဲ ရှိနေမှာပါ” ဟု မြေဧက ၂ ဧက အသိမ်းခံရသူ ကိုကျော်မင်းက ပြောသည်။

မြေယာပြန်လည်ရရှိသူ လေးဦးမှာ ကိုမောင်ကျင် ၊ ကိုကျော်မင်း၊ ဦးမောင်စံနှင့် ဒေါ်နန်းခယ်တို့ ဖြစ်ကြောင်း သိရသည်။

တောင်ကြီးမြို့နယ် မြေအသိမ်းခံရသည့် ဖက်ကွန်ရွာမြေပိုင်ရှင်များ ခေါ်ယူစစ်ဆေးခံရ

 
ဖက်ကွန်-တောင်ကြီးလမ်းမဘေးရှိ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) မှ မတရားသိမ်းထားသော မြေယာများကို မြေသိမ်းခံရသော လယ်သမားများ ပြန်လည်လုပ်ကိုင်ရာတွင် PNO ထံမှ တဆင့် ယင်းမြေယာများကို ဝယ်ထားသောသူများက (ပုဒ်မ ၁၄၄) ဖြင့် တရားစွဲဆိုပြီး စက်တင်ဘာ ၁၈ ရက်နေ့ အပါအဝင် လေးကြိမ်မြောက် စစ်ဆေးခံနေရကြောင်း သိရသည်။

ဖက်ကွန်-တောင်ကြီးလမ်းမဘေးရှိ PNO မှ သိမ်းဆည်းထားသောမြေကို လယ်သမားများအား ပေ ၁၀၀-၁၂၀ အကွက်ကို ငွေတစ်သောင်းကျပ်ဖြင့် ပြန်ရောက်ပြီး တစ်ချို့အကွက်ကို PNO က လူကြီးနှင့် ရယက များသို့ပေးရာ ၎င်းမှတစ်ဆင့် ပြန်လည်ရောင်းချကာ ထိုမြေယာ ဝယ်ထားသူများသည် လယ်သမားများ ပြန်လည်ဝင်ရောက်လုပ်ကိုင်မည်ကို စိုးရိမ်သဖြင့် ဖက်ကွန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သွင်ထံ တင်ပြချက်အရ “ကြိုးဝိုင်းအတွင်း မကျူးကျော်ရ၊ သစ်ပင်မခုတ်ရ၊ မြေယာထွန်ယက်ခြင်းမပြုရ၊ ကျူးကျော်ခဲ့ပါက ဥပဒေနှင့် အညီ အရေးယူမည်” ဟု ဆိုင်းဘုတ်ကို ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သွင် ကိုယ်တိုင် ဆိုက်ထူခဲ့ကြောင်း သိရသည်။

ထိုမြေကိစ္စနှင့်ပတ်သက်၍ လယ်သမားများကို စက်တင်ဘာ ၃ ရက်၊ ၄ ရက်တွင် တောင်ကြီးအမှတ် ၂ ရဲစခန်း၌ ဒုရဲအုပ်အောင်ကိုကိုက လယ်သမားများကို ခေါ်ယူစစ်ဆေးခဲ့ပြီး စက်တင်ဘာ ၁၀ ရက်နေ့တွင် ဒုရဲအုပ်အောင်ကိုကိုနှင့် ဖက်ကွန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သွင်၊ အဖွဲ့ဝင် ဦးမောင်ကျော်တို့က လယ်မြေအသိမ်းခံရသည့် မြေပိုင်ရှင်များကို အတင်းအကြပ် ထပ်မံစစ်ဆေးမေးမြန်းခဲ့ကြောင်း အမည်မဖေါ်လိုသည့် မေးမြန်းခံရသူ လယ်သမားတစ်ဦးက ဆိုသည်။

စက်တင်ဘာ ၁၈ ရက်တွင် အမှတ် ၂ ရဲစခန်း ဒုရဲအုပ်အောင်ကိုကိုက မြေသိမ်းခံထားသည့် နေရာနှင့် မျက်နှာချင်းဆိုင် လမ်းမဘေး တရုတ်ဆိုင်တွင် လယ်သမားများကို ပြန်လည်ခေါ်ယူ စစ်ဆေးခဲ့ကြောင်း သိရသည်။ ၎င်းစစ်ဆေးခြင်းကိစ္စနှင့်ပတ်သက်ပြီး မေးမြန်းရာတွင် ပြောပိုင်ခွင့်မရှိကြောင်း၊ အထက်က ခိုင်းလို့သာ လုပ်ရတာဖြစ်ကြောင်း၊ စခန်းမှူးသာ ပြောပိုင်ခွင့်ရှိကြောင်း ဒုရဲအုပ်အောင်ကိုကိုက ပြောသည်။

အနှစ်နာခံ ဒုက္ခခံရသော တောင်သူလယ်သမားများကို တရားစွဲဆိုလျှင် ၎င်းမြေကို သိမ်းသောသူကို တရားပြန်စွဲမည်ဖြစ်ကြောင်း၊ အသိမ်းခံထားရသော မြေများကို နိုင်ငံတော်သမ္မတထံ တင်ပြတောင်းဆို နေပြီ ဖြစ်ကြောင်း၊ အမျိုးမျိုးခြောက်လှန့်သော်လည်း လယ်သမားများစည်းလုံးမှု မကွဲနိုင်ကြောင်း၊ မြေယာပြန်မရသည့်တိုင် ဆန္ဒပြတောင်းဆိုသွားမည်ဖြစ်ကြောင်း မြေယာအသိမ်းခံထားရသည် လယ်သမားများက ပြောသည်။







refind; http://www.taunggyitime.com

ဆေးရုံတက်လူနာများအား ကြည့်ရှုအားပေး

 ဆေးရုံတက်လူနာများအား ကြည့်ရှုအားပေး
နေပြည်တော် စက်တင်ဘာ  ၂၁
တောင်ကြီးမြို့ နယ်မြေခံ ဆေးတပ်ရင်း၌ ဆေးရုံတက် ရောက်ကုသမှု ခံယူလျက်ရှိသော အရာရှိ/ စစ်သည်၊ မိသားစု များအား အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးထွဋ်နှင့် တာဝန် ရှိသူများက စက်တင်ဘာ ၂ဝ ရက် မွန်းလွဲ
ပိုင်းတွင် သွားရောက်ကြည့်ရှု အားပေးပြီး စားသောက် ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
http://www.myawady.net.mm

22 September 2013

ကော်ဖီသည် အသည်းရောဂါ ဖြစ်ပွားမှုကို ကာကွယ်နိုင်ကြောင်း လေ့လာတွေ့ရှိ

http://www.myawady.net.mm/media/k2/items/cache/65e98d46dfda29932da91e87e388933d_M.jpg
ပေကျင်း ဧပြီ ၂၀
ကော်ဖီသည် အရက် သောက်သုံးသူ အမျိုးသား များအား အသည်းရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ကြောင်း ဖင်လန် နိုင်ငံမှ သုတေသန ပညာရှင် များက အရက် သေစာနှင့် အရက်စွဲခြင်း ဆိုင်ရာ ဂျာနယ်တွင် ဖော်ပြထားသော လေ့လာမှုသစ် တစ်ရပ်တွင် ပြောကြား ထားသည်။
သုတေသီ များသည် အသက် ၂၅ နှစ်မှ ၇၄ နှစ် အကြားရှိ ဖင်လန် အမျိုးသားနှင့် အမျိုးသမီး ၁၉၀၀၀ ဦးခန့်အား ကော်ဖီ သောက်သုံးခြင်း၊ အရက် သောက်သုံးခြင်းနှင့် စပ်လျဉ်း၍ မေးမြန်း ခဲ့ပြီး လေ့လာမှုတွင် ပါဝင်သူ များ၏ သွေးအတွင်း အသည်းအင်ဇိုင်း (GGT) ပါဝင်မှု ပမာဏ ကိုလည်း တိုင်းတာ ခဲ့ကြသည်။
အရက် သောက်သုံးခြင်းသည် သွေးအတွင်း (GGT) ပါဝင်မှု အဆင့်ကို မြင့်မား စေကြောင်းနှင့် အသည်းရောဂါ ဖြစ်ပွားသူ များတွင် (GGT) ပါဝင်မှု အဆင့် မြင့်မား သည်ကို တွေ့ရှိရကြောင်း  သုတေသီ များက ပြောကြားခဲ့သည်။
တစ်ပတ်လျှင် အရက် ၂၄ ကြိမ်ကျော် သောက်သုံးသော သို့မဟုတ် တစ်ရက်လျှင် ၃ ဒသမ ၅ ကြိမ်သောက်သုံးသော အမျိုးသား များသည် အရက်သေစာ သောက်သုံးမှု မရှိသော အမျိုးသား များထက် အသည်းအင်ဇိုင်း (GGT) ပါဝင်မှု သုံးဆကျော် မြင့်မား နေသည်ကို တွေ့ရှိခဲ့သည်။
သို့သော်လည်း တစ်နေ့လျှင် ကော်ဖီ ငါးခွက်နှင့် မက သောက်သုံးသော အရက် အလွန်အကျွံ သောက်သည့် အမျိုးသား များသည် ကော်ဖီ မသောက်သော အရက် အလွန်သောက်သည့် အမျိုးသား များ၏ သွေးအတွင်းရှိ အသည်းအင်ဇိုင်း (GGT) ပါဝင်မှု အဆင့် ထက် ၅၀ ရာခိုင်နှုန်း လျော့နည်း နေသည်ကို သုတေသီ များက တွေ့ရှိခဲ့သည်။
မိမိတို့ အနေဖြင့် အသည်းအင်ဇိုင်း ပါဝင်မှု လျော့နည်းခြင်းသည် အသည်းရောဂါ ဖြစ်ပွားမှု အန္တရာယ်ကို လျှော့ချနိုင်ခြင်း ရှိ၊ မရှိ နှင့်စပ်လျဉ်း၍ သေချာစွာ မသိရှိ သေးကြောင်း နယူးယောက်ခ်မြို့ မန်ဟက်စ်ဆန် ဒေသရှိ North Shore တက္ကသိုလ် ဆေးရုံမှ အသည်း ရောဂါဆိုင်ရာ အကြီးအကဲ ဒေါက်တာ ဒေးဗစ်ဘာစတင်က ပြောကြားသည်။
အရက်သေစာ သောက်သုံးသူများ အနေဖြင့် ကော်ဖီပိုမို သောက်သုံးခြင်းသည် အရက်အလွန် အကျွံ သောက်သုံးခြင်းကြောင့် ဖြစ်ပေါ်သော ဆိုးကျိုးများ အပေါ် ကာကွယ်ပေးနိုင် လိမ့်မည်ဟု မတွေးထား သင့်ကြောင်း ဘာစတင်က သတိပေး ပြောကြားခဲ့သည်။
http://www.myawady.net.mm

AIDS ရောဂါပိုးထက် ပို၍ ကြောက်စရာ ကောင်းသော ရောဂါပိုးသစ် တစ်မျိုး ဆရာဝန်များ ရှာဖွေ တွေ့ရှိ

 AIDS ရောဂါပိုးထက် ပို၍ ကြောက်စရာ ကောင်းသော ရောဂါပိုးသစ် တစ်မျိုး ဆရာဝန်များ ရှာဖွေ တွေ့ရှိ
ဝါရှင်တန် မေ ၇
လိင်မှတစ်ဆင့် ကူးစက်တတ်သော Gonorrhoea HO41 ပိုးသစ်တစ်မျိုးသည် ဆေးမတိုးတော့သော ရောဂါပိုးသစ် တစ်မျိုးဖြစ်ပြီး AIDS ရောဂါပိုးထက် ပို၍ ဆိုးရွားစေနိုင်သည့် အလားအလာ ရှိကြောင်း အမေရိကန်ပြည်ထောင်စုမှ ဆရာဝန်များက သတိပေးပြောကြား ထားသည်။
အဆိုပါ ရောဂါပိုးကို လွန်ခဲ့သော နှစ်နှစ်က ဂျပန်နိုင်ငံရှိ ပြည့်တန်ဆာ အမျိုးသမီး တစ်ဦးထံမှ ပထမဆုံး ရှာဖွေ တွေ့ရှိ ခဲ့ခြင်း ဖြစ်ပြီး ၎င်းရောဂါပိုးသည် ခုခံ အားကျဆင်းမှုကို ပို၍ဖြစ်ပွား နိုင်ခြေ ရှိကြောင်း အမေရိကန် အမျိုးသား လိင် ကျန်းမာရေး ဆိုင်ရာ ညွန့်ပေါင်းအဖွဲ့မှ ဝီလျံစမစ်က  သတိပေး ပြောကြားခဲ့သည်။
၎င်းရောဂါပိုးသစ်ကို ပျောက်ကင်းအောင် ကုသနိုင်မည့် ဆေးဝါးတစ်မျိုးကို ယခုထိတိုင်အောင် ဖော်ထုတ်နိုင်ခြင်း မရှိသေး သော်လည်း စမ်းသပ် စစ်ဆေးမှုများကို တိုးမြှင့်လုပ်ဆောင် သွားရန် လိုအပ်ကြောင်း မစ္စတာ စမစ်က ပြောကြား ထားသည်။
အဆိုပါ ရောဂါပိုးသစ်သည် အမေရိကန် နိုင်ငံအတွင်းသို့ ဝင်ရောက်လာနိုင်ကြောင်း၊ အကယ်၍ ရောဂါပိုးကူးစက် ပျံ့နှံ့ လာပြီးနောက် ထိရောက်စွာ ကာကွယ်နိုင်စွမ်းမရှိပါက ၎င်းရောဂါပိုးကို ကုသရန် အမေရိကန် ဒေါ်လာ သန်း ၇၈ဝ ကုန်ကျနိုင်ဖွယ်ရှိကြောင်း မစ္စတာ စမစ်က အခိုင်အမာ ပြောကြား ထားသည်။
၎င်းရောဂါပိုးသည် လူအများအပြားကို လျင်မြန်စွာ ကူးစက် နိုင်သောကြောင့်AIDS ရောဂါပိုး ထက်ပို၍ ကြောက်မက် ဖွယ်ကောင်းကြောင်း naturopathic ဆေးဝါးဌာနမှ ဆရာဝန် တစ်ဦးဖြစ်သူ အလန်ခရစ် စတင်းစန်းက CNBC သတင်း ဌာနသို့ ပြောကြားခဲ့သည်။
အဆိုပါ ရောဂါပိုးသစ် ကူးစက်ခြင်းကြောင့် သားအိမ် မျိုးဥပြွန်နှင့် မျိုးဥအိမ် လတ်တလော နာတာရှည် ရောဂါပိုးဝင် ရောက်ခြင်း၊ သားအိမ်တွင် မဟုတ်သော အခြားနေရာ တစ်ခုတွင် သန္ဓေ တည်ခြင်းနှင့် သားသမီး မရနိုင်ခြင်း စသော ရောဂါများကို ဖြစ်စေနိုင်သည်။
http://www.myawady.net.mm

အခြားဂြိုဟ်မှ သက်ရှိ အမှုန်အမွှားများ ကမ္ဘာ့အထက် လေထုအတွင်း၌ တွေ့

အခြားဂြိုဟ်မှ သက်ရှိ အမှုန်အမွှားများ ကမ္ဘာ့အထက် လေထုအတွင်း၌ တွေ့ရှိ
လန်ဒန် စက်တင်ဘာ ၂၁
ဗြိတိသျှ သိပ္ပံပညာရှင်များသည် ကမ္ဘာ့လေထု၏ အစွန်အဖျား အတွင်း၌ သက်ရှိ အမှုန်များကို တွေ့ရှိခဲ့ပြီးနောက် လေထု အထက်လွှာ၌ ဂြိုဟ်သားများ နေထိုင်သည်ဟူသော ကိစ္စရပ်နှင့် ပတ်သက်သည့် ပထမဆုံးသော သက်သေ အထောက်အထားများကို ပထမကြိမ် တွေ့ရှိခဲ့ သည်ဟု သိရသည်။
အထက်လေထု အတွင်း၌ အခြားဂြိုဟ်မှ သက်ရှိ အမှုန်အမွှားများကို တွေ့ရှိခဲ့ရခြင်းသည် ယခင်က ယူဆထားခဲ့သည့်  အယူအဆများနှင့် လုံးဝဆန့်ကျင်ဘက် ဖြစ်နေသည့် အပြင်  ဇီဝဗေဒနှင့် ဆင့်ကဲဖြစ် စဉ်များ အပေါ်တွင် ယခင်က  ယူဆထားသည့် အမြင်များကိုလည်း  ပြောင်းလဲပစ်ကြောင်း သိပ္ပံပညာရှင် တစ်ဦးဖြစ်သူ ပါမောက္ခ မီလ်တန်ဝိမ်း ရိုက်တ်က  ပြောကြားထားသည်။
လေထု အတွင်း၌  တွေ့ရှိခဲ့ရသည့် အမှုန်များသည် ထူးဆန်းသည့် မျိုးစိတ်များ ဖြစ်ကြောင်း၊ ၄င်းတို့ကို ကွန်ပျူတာပေါ်တွင် အကြီးချဲ့၍ ကြည့်ခဲ့ရာတွင် ၄င်းမျိုးစိတ်များတွင်    နှာခေါင်း ပေါက်နှစ်ေ ပါက် ပါရှိကြောင်း၊ ယင်းမျိုးစိတ်ကို ဖန်သားပြင်ပေါ်တွင် တွေ့ရှိခဲ့ချိန်တွင် မယုံကြည် လောက်အောင် ဖြစ်ခဲ့ရကြောင်း၊ ဂြိုဟ်သားများနှင့် ပတ်သက်၍ လွန်ခဲ့သော ၁၂ နှစ်အတွင်း  သုတေသန ပြုမှုများ လုပ်ဆောင် ခဲ့သော်လည်း ယခုကဲ့သို့သော တွေ့ရှိမှုကို တစ်ကြိမ် တစ်ခါမျှ မတွေ့ရှိ ခဲ့ဖူးကြောင်း  ဝိမ်းရိုက်တ်က ပြောကြားသည်။  ယင်းတွေ့ရှိမှုနှင့် စပ်လျဉ်း၍ သိပ္ပံပညာ ရှင်များက စစ်ဆေးမှုများ ဆက်လက် ပြုလုပ်လျက် ရှိကြောင်း သိရသည်။
http://www.myawady.net.mm

ရှမ်းစာပေနှင့်ယဉ်ကျေးမှုခန်းမတွင် ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း၊ ဆွေးနွေးပွဲအခမ်းအနား ကျင်းပ


(၂၁)ရက်နေ့တွင် တောင်ကြီးမြို့ ၊ ကျောင်းကြီးစုရပ်ကွက်ရှိ ရှမ်းစာပေနှင့်ယဉ်ကျေးမှုခန်းမတွင် ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း၊ ဆွေးနွေးပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း၊  ယင်းအခမ်းအနားသို့  ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ပြည်ထောင်စုဝန်ကြီးများ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ၀န်ကြီးများ၊ ပါတီဝင် များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
HAK

21 September 2013

ခံတွင်းရနံ့ ဆိုးခြင်းကို ကာကွယ်နည်း

 ခံတွင်းရနံ့ ဆိုးခြင်းကို ကာကွယ်နည်း
မေးခွန်းက ရိုးရိုးလေးပါ။ သင့်လုပ်ဖော် ကိုင်ဖက် သို့မဟုတ် သင့်မိတ်ဆွေ တစ်ယောက် ယောက်မှာ ခံတွင်းက အနံ့ဆိုး ထွက်နေတယ် ဆိုရင် သင်က သူတို့ကို ပြောပြမလား။ အခြားလူတွေ အားလုံးကိုပဲ သင်ရဲ့ အဖြေဟာလည်း "မပြောပါဘူး" လို့ ဖြစ်ကောင်း ဖြစ်နိုင် ပါတယ်။
ဒီလိုဆိုရင် သင့်ခံတွင်းက အနံ့ဆိုး ထွက်နေတယ် ဆိုရင်လည်း ဘယ်သူကမှ သင့်ကို ပြောပြမှာ မဟုတ်ဘူးပေါ့။
ခံတွင်းရနံ့ ဆိုးခြင်းရဲ့ ဖြစ်စဉ်က ခံတွင်း အတွင်းမှာ စားကြွင်စားကျန်နဲ့ ကလာပ်စည်း အသေတွေကို စားသုံးတဲ့ ဗက်တီးရီးယားက ထုတ်လုပ်တဲ့ အငွေ့ ပျံလွယ်တဲ့ ဆာလဖာ ဒြပ်ပေါင်း တွေကြောင့် ဖြစ်ပါတယ်။ သာမန် ပလုတ်ကျင်း ဆေးရည်၊ သွားတိုက် ဆေးနှင့် ခံတွင်းဖြန်းဆေး တို့ဟာ ခံတွင်းရနံ့ ဆိုးကို မွှေးရနံ့နဲ့ ဖုံးလိုက် တာဖြစ်တဲ့ အတွက် ကြာရှည် မခံပါဘူး။
Closys ၊၊ ဆိုတဲ့ ဒြပ်ပေါင်းကတော့ ဆာလဖာ ဒြပ်ပေါင်း တွေကို ဖယ်ရှားလိုက်ပြီး သန့်ရှင်းတဲ့ ခံတွင်း ရနံ့ကို လျင်မြန်စွာ ဖြစ်ပေါ် စေပါတယ်။ ခံတွင်းထဲက ဗက်တီးရီးယား ကိုလည်း သေစေပါတယ်။ ဒါကြောင့် ခံတွင်းရနံ့ဆိုး ပြဿနာ ရှိသူတွေ သွားတိုက်ဆေး ဝယ်မယ်ဆိုရင် နောက် ဘက်က ပါဝင် ပစ္စည်းများကို သေချာ ဖတ်ပြီးမှ ဝယ်ပါ။
ဇင်မာမြင့်http://www.myawady.net.mm

မြို့မဈေးရှေ့ ယာဉ်တိုက်မှုဖြစ်ပွား


တောင်ကြီးမြို့၊ စက်(၂၁)
တောင်ကြီးမြို့၊ မြို့မဈေးတောင်ဘက် အေးရှားလိုက်ရှေ့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ်တွင် မြောက်မှ
တောင်သို့မောင်းနှင်လာသော ကလစ်အမျိုးအစားဆိုင်ကယ်တစ်စီးနှင့် လမ်းဖြတ်ကူးသူတို့ချိတ်မိမှုဖြစ်ပွား
ခဲ့ကြောင်း သတင်းရရှိပါသည်။ ဖြစ်စဉ်မှာ မီးပွိုင့်လွတ်၍ မြောက်မှ တောင်သို့မောင်းနှင်လာသော ယာဉ်များ
လာနေစဉ် လမ်းဖြတ်ကူးသူ (၂၉)နှစ်ဝန်းကျင်ရှိ အမျိုးသမီးမှ အတင်းပြေးဖြတ်ကူးရာ ကလစ်အမျိုးအစား ဆိုင်ကယ်မောင်းနင်လာသူမှာ အရှိန်များနေပြီး ၄င်းရှေ့သို့ဖြတ်ပြေးဝင်လာသော အမျိုးသမီးအား မြင်ပြီး
ဘရိတ်ရုတ်တရက်အုပ်လိုက်ရာဆိုင်ကယ်မှာလဲသွားခဲ့ကာ ကားလမ်းပေါ်သို့လျောပါသွားကြောင်း၊ လမ်း
ဖြတ်ပြေးသူ အမျိုးသမီးအား အနည်းငယ်ချိတ်မိကြောင်း သတင်းရရှိပါသည်။ဆိုင်ကယ်၊ ကားများချည်း မဟုတ်
ဘဲ၊ လမ်းဖြတ်ကူးသူများလည်း လမ်းစည်းကမ်းလိုက်နာသင့်ကြောင်းတင်ပြလိုက်ရပါသည်။
HAK

တောင်ကြီးမထသအစည်းအဝေးကျင်းပ


တောင်ကြီးမြို့၊ စက် (၂၁)
တောင်ကြီးမြို့နယ်၊ သစ်တောရပ်ကွက်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ယနေ့ (၁၁၀၀)နာရီ အချိန်တွင် မော်တော်ယာဉ်လိုင်းပေါင်းစုံထိန်းသိမ်းကြီးကြပ်ရေးအဖွဲ့မှဦးဆောင်ပြီး တောင်ကြီးမြို့ပေါ်ရှိ
 မော်တော်ယာဉ်လိုင်းများမှ လိုင်းတာဝန်ခံများ၊ ဂိတ်မှူးများဖြင့် အစည်းအဝေးပြုလုပ်ခဲ့ကြောင်း၊ အုပ်ချုပ်ရေး
စည်းကမ်းလိုက်နာရေး၊ လိုင်းကြီးကြပ်ရေးကိစ္စရပ်များအား ဆွေးနွေးဆုံးဖြတ်ဆောင်ရွက်သွားကြကြောင်း
သတင်းရရှိပါသည်။
HAK

မြစ်ခရုများ စားသောက်သည့် တရုတ်အမျိုးသား အသားအရေ အစိမ်းရောင်သို့ ပြောင်းလဲမှု ဖြစ်ပေါ်

မြစ်ခရုများ စားသောက်သည့် တရုတ်အမျိုးသား အသားအရေ အစိမ်းရောင်သို့ ပြောင်းလဲမှု ဖြစ်ပေါ်
ပေကျင်း  စက်တင်ဘာ  ၁၂
တရုတ်နိုင်ငံတွင် အသက် ၂၄ နှစ် အရွယ်ရှိ အမျိုးသားတစ်ဦးသည် မြစ်ခရုများကို  အလွန်အကျွံ စားသုံးပြီး နောက် ၎င်း၏အသားအရေမှာ အစိမ်းရောင်သို့ ပြောင်းလဲသွားခြင်း ကြောင့်
ကွီကျိုးပြည်နယ် ဆေးရုံတွင် တက်ရောက်၍ ဆေးကုသမှု ခံယူခဲ့ရကြောင်း သိရသည်။
တရုတ်သတင်းဌာန တစ်ခု၏ ဖော်ပြချက်အရ ယင်းအမျိုးသား၏ အသည်းအတွင်းသို့ ကပ်ပါးရောဂါပိုး ဝင်ရောက်ခဲ့ခြင်းကြောင့် အသားအရေမှာ အစိမ်းရောင်သို့   ပြောင်းလဲ သွားခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ အမျိုးသားသည် ခရု၏ သန်ပြားကောင် ကပ်ပါး ပိုးများ၏ ကူးစက် ဝင်ရောက်မှုကို ခံရခြင်းဖြစ်ကြောင်း တရုတ်ရောဂါ ထိန်းချုပ်ရေးဌာနမှ အတည်ပြု ပြောကြားခဲ့သည်။ ထို့အပြင် ယင်းအမျိုးသားသည် မြစ်ခရုများကို နေ့စဉ် စားသုံး ခဲ့ခြင်းကြောင့် သန်ပြားကောင် ကပ်ပါးပိုးများသည် ၎င်း၏ အသည်းအတွင်းသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
၎င်းသည်  မြစ်ခရုများ ချက်စားရသည်ကို ကြိုက်နှစ်သက်ကြောင်း၊ အထူးသဖြင့် ပြီးခဲ့သည့် လအနည်းငယ်က ညတိုင်း ခရုတစ်ပန်းကန် စားသောက်ခဲ့ကြောင်း၊ လွန်ခဲ့သော နှစ်လခန့်က ဝမ်းဗိုက် နာကျင်မှုကို စတင်ခံစားခဲ့ရပြီး ထူးဆန်းသော ရောဂါလက္ခဏာများ စတင် ဖြစ်ပွားသည့် အချိန်ထိ ဆေးဝါး ကုသမှုခံယူခဲ့ခြင်း မရှိကြောင်း ၎င်းက ပြည်တွင်း သတင်းထောက် များကို ပြောကြားခဲ့သည်။
ဆရာဝန်များသည် ၎င်း၏ သည်းခြေရည် ပြွန်အတွင်းမှ Fasciola hepatica အမည်ရှိ သန်ကောင် လေးကောင်ကို ဖယ်ရှားနိုင်ခဲ့ကြောင်း၊ ယင်းသန်ကောင် တစ်ကောင်စီသည် ၁ဝ မီလီမီတာ ရှည်ပြီး ခန္ဓာကိုယ် လုံးပတ်မှာ ၈ မီလီမီတာရှိသည့် အပြင် ၂ မီလီမီတာ ထူကြောင်း သိရသည်။
http://www.myawady.net.mm

ပြည်တွင်းဖြစ် နျူကလီးယား ထိပ်ဖူး သယ်ဆောင်နိုင်သော Agni V ပဲ့ထိန်းဒုံး အိန္ဒိယ အောင်မြင်စွာ စမ်းသပ် ပစ်လွှတ်

 ပြည်တွင်းဖြစ် နျူကလီးယား ထိပ်ဖူး သယ်ဆောင်နိုင်သော  Agni V ပဲ့ထိန်းဒုံး အိန္ဒိယ အောင်မြင်စွာ စမ်းသပ် ပစ်လွှတ်
နယူးဒေလီ   စက်တင်ဘာ ၁၆
အိန္ဒိယ နိုင်ငံသည် ၎င်း၏ ပြည်တွင်း၌ ထုတ်လုပ်သော နျူကလီးယား ထိပ်ဖူး သယ်ဆောင်နိုင်သည့် Agni V တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကို  စက်တင်ဘာ ၁၅ ရက်က  နိုင်ငံ အရှေ့ပိုင်း  အိုဒီရှာပြည်နယ်ရှိ  Wheeler ကျွန်း ကမ်းရိုးတန်းမှ နေ၍ အောင်မြင်စွာ စမ်းသပ် ပစ်လွှတ်နိုင်ခဲ့ကြောင်း  ဒေသတွင်း သတင်း မီဒီယာများက ပြောကြားခဲ့သည်။
အဆိုပါ ဒုံးကျည်အား ဒေသစံတော်ချိန် နံနက် ၈ နာရီ ၄၅ မိနစ်က ပစ်လွှတ်ခဲ့ခြင်း ဖြစ်ပြီး မိနစ် ၂ဝ အကြာတွင် သတ်မှတ်ထားသော ပစ်မှတ်အား ထိမှန်ခဲ့ကြောင်း သိရသည်။၎င်းဒုံးကျည်သည် အိန္ဒိယနိုင်ငံ ကာကွယ်ရေးဆိုင်ရာ သုတေသန ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့က ၂ဝ၁၂ ခုနှစ် ဧပြီလတွင် စတင်စမ်းသပ် ထုတ်လုပ်ခဲ့သည့်  ဒုတိယမြောက် တိုက်ချင်းပစ် ဒုံးကျည် တစ်စင်းလည်း ဖြစ်သည်။   အိန္ဒိယနိုင်ငံမှ ယခုကဲ့သို့ပြည်တွင်းဖြစ် တိုက်ချင်းပစ် ဒုံးကျည် ပစ်လွှတ်နိုင်ခြင်းသည်  အဆိုပါ ကိုယ်ပိုင် နည်းပညာများကို ပိုင်ဆိုင်သည့် အမေရိကန် ပြည်ထောင်စု၊ ရုရှား၊တရုတ်၊ ပြင်သစ်နှင့်  ဗြိတိန်နိုင်ငံများ နည်းတူ တန်းဝင် နိုင်ငံတစ်နိုင်ငံ အဖြစ် ရပ်တည်နိုင်မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ  မြေပြင်မှ မြေပြင်ပစ် ဒုံးကျည်သည် အရှည် ၁၇ မီတာနှင့် အကျယ်၂ မီတာရှိကာအလေးချိန် တန် ၅ဝ ရှိပြီး အကွာအဝေး ၅ဝဝဝ ကီလိုမီတာရှိ ပစ်မှတ်တို့ကို တိုက်ခိုက် ချေမှုန်းနိုင်သည့်အပြင် ပေါက်ကွဲအား အလေးချိန် ၁ ဒသမ ၅ တန်ကိုလည်း ဆောင်ကြဉ်း ပေးနိုင်ကြောင်း သိရသည်။
ထို Agni V ဒုံးကျည်သည် ဘက်စုံသုံး ပဲ့ထိန်းဒုံးများ  ဖွံ့ဖြိုး တိုးတက်ရေး အစီအစဉ်မှ ထုတ်လုပ်လျက် ရှိသည့် Agni  မျိုးဆက် ဒုံးကျည်များ အနက် တစ်ခုအပါအဝင် ဖြစ်ပြီး ၎င်းအား နောက်ထပ် စမ်းသပ်မှုများ ထပ်မံပြုလုပ်ပြီးနောက် လာမည့် နှစ်နှစ်အတွင်း ကာကွယ်ရေး တပ်ဖွဲ့များတွင် တပ်ဖြန့် ချထားပေးသွား နိုင်မည်ဟု  မျှော်လင့်ရလျက် ရှိသည်။
http://www.myawady.net.mm

အာဖဂန်ရှိ အမေရိကန် ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရ သုံးဦးသေဆုံး

 အာဖဂန်ရှိ အမေရိကန် ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရ သုံးဦးသေဆုံး
ကဘူးလ်   စက်တင်ဘာ ၁၃
အာဖဂန် နစ္စတန်နိုင်ငံ အနောက်ပိုင်း ဟားရတ်မြို့ရှိ အမေရိကန် ကောင်စစ်ဝန်ရုံးကို စစ်သွေးကြွ အဖွဲ့က တိုက်ခိုက်ခဲ့ရာ အာဖဂန် ရဲတပ်ဖွဲ့ဝင် သုံးဦး သေဆုံးပြီး ၂၄ ဦးကျော် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

စစ်သွေးကြွ များသည် စက်တင်ဘာ ၁၃ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီခန့်က ကောင်စစ်ဝန်ရုံး၏ ဝင်ပေါက်တွင် ကားတစ်စီးကို  ဗုံးထောင် ဖောက်ခွဲမှုတစ်ရပ် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်သွေးကြွများသည် ကောင်စစ်ဝန်ရုံးရှိ  လုံခြုံရေး ဝန်ထမ်းများ အား  လက်နက်ကြီးဖြင့်  ပစ်ခတ် တိုက်ခိုက်ခဲ့သည်။
ထို့နောက်  ဒဏ်ရာရရှိသူများ  အား ရဟတ်ယာဉ်များဖြင့်  သယ်ဆောင်ကာ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ပြီး  အဆိုပါ ဒဏ်ရာ ရရှိသူများထဲတွင် အမေရိကန် နိုင်ငံသားများ မပါဝင်ကြောင်း သိရသည်။
http://www.myawady.net.mm

ဦးနှောက်စား Amoeba ပိုးအား နယူးအော်လင်းရှိ ရေဖြန့်ဝေရေး စနစ်တွင် တွေ့ရှိ

ဦးနှောက်စား Amoeba ပိုးအား နယူးအော်လင်းရှိ ရေဖြန့်ဝေရေး စနစ်တွင် တွေ့ရှိ
နယူးအော်လင်း     စက်တင်ဘာ    ၂ဝ
ကြောက်မက်ဖွယ်ရာ ကောင်းသော ရောဂါပိုး တစ်မျိုးဖြစ်သည့် ဦးနှောက်များကို စားသောက်သော
Amoeba ဗိုင်းရပ်စ်ပိုးအား အမေရိကန်နိုင်ငံ နယူးအော်လင်းပြည်နယ် ဆင်ခြေဖုံး ရပ်ကွက်တစ်ခုရှိ ရေပေးဝေရေး စနစ် တစ်ခုတွင် တွေ့ရှိခဲ့ကြောင်းနှင့် ထိုကဲ့သို့ တွေ့ရှိမှုကြောင့် ဒေသခံများမှာ စိုးရိမ်ထိတ်လန့်လျက် ရှိနေကြ ကြောင်း သိရသည်။
အဏုကြည့် မှန်ပြောင်းဖြင့် ကြည့်ရှုမှသာ မြင်နိုင်စွမ်းရှိသည့် အဆိုပါ ရောဂါပိုးသည် မျက်လုံး၏ အပေါ် ဘက်ရှိ အလွန်သေးငယ်သော အရိုးကြားမှ တစ်ဆင့် ဝင်ရောက်ခြင်း ဖြစ်ကြောင်း ကူးစက်ရောဂါ ပြန့်ပွားမှု ထိန်းချုပ်ရေး ဌာနမှ ဒေါက်တာ ရော့တ်ရတ်တာ့ဒ်က ပြောကြားခဲ့သည်။ အဆိုပါ ရောဂါပိုးကြောင့် သြဂုတ်လ အတွင်းက အသက် ၄ နှစ်အရွယ်ရှိ ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီးချိန်မှ စ၍ ပြည်နယ် ကျန်းမာရေးဌာန မှတာဝန်ရှိသူများက လေ့လာ စုံစမ်းမှုများ ပြုလုပ်ခဲ့ရာမှ တွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။
http://www.myawady.net.mm

တောင်ကြီးမြို့၊ တရားလွှတ်တော်ရုံးရှေ့အန္တရာယ်ရှိသစ်ပင်ခုတ်ထွင်ရှင်းလင်း


တောင်ကြီးမြို့၊ စက် (၂၁)
တောင်ကြီးမြို့ ၊ တရားလွှတ်တော်ရုံးဝင်းအတွင်းရှိ လွန်ခဲ့သော နှစ်ပေါင်း (၆၀)ကျော်ခန့်ကစိုက်ပျိုးခဲ့သော ယူကလစ်ပင်ကြီးအား ခုတ်ထွင်ရှင်းလင်းလျှက်ရှိပါသည်။ ယင်းယူကလစ်ပင်ကြီးများသည် သက်တမ်းရင့်
ဖြစ်နေပြီဖြစ်သဖြင့်လည်းကောင်း၊ အကိုင်းအခက်များ ကျွတ်ဆတ်နေပြီးမကြာခဏ အကိုင်းအခက်များ ကျိုးကျ
တတ်ရာ လမ်းသွားလမ်းလာများအန္တရာယ်ဖြစ်နိုင်ပေသည်။ တရားလွှတ်တော်အနေဖြင့် အဆောက်အဦးများ တိုး ချဲ့ဆောက်လုပ်လျှက်ရှိပြီး၊ အုတ်တံတိုင်းအနီးရှိ ယူကလစ်ပင်အား တစ်ဖြည်းဖြည်းချင်း ထိပ်မှစတင်၍ ခုတ်ယူ ရှင်းလင်းနေခြင်းဖြစ်ပါသည်။ ကျွမ်းကျင်သူများမှ ခုတ်ထွင်လျှက်ရှိပါသည်။
HAK

20 September 2013

ဗဟို သမဝါယမအသင်း သမဝါယမ လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်း ဆွေးနွေး

ဗဟို သမဝါယမအသင်း သမဝါယမ လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်း ဆွေးနွေး
တောင်ကြီး စက်တင်ဘာ  ၁၉
ရှမ်းပြည်နယ် တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက် အနောက် မြို့ပတ်လမ်း ရှမ်းပြည်နယ် (တောင်ပိုင်း/ အရှေ့ပိုင်း) သမဝါယမ အသင်းစုချုပ်ရုံး အစည်းအဝေးခန်းမ၌
ယမန်နေ့ နံနက် ၉ နာရီက ဗဟို သမဝါယမ အသင်း သမဝါယမ လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်း ဆွေးနွေးပွဲ ကျင်းပရာ အခမ်းအနားသို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ရှမ်းပြည်နယ် စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ကျော်ညွန့်၊ နိုင်ငံတော်၏ အမျိုးသား စီးပွားရေးနှင့် လူမှုရေး အကြံပေးကောင်စီ အဖွဲ့ဝင် ဗဟို သမဝါယမ အသင်းဥက္ကဋ္ဌ ဦးခင်မောင်အေး၊ ရှမ်းပြည်နယ် (တောင်ပိုင်း/ အရှေ့ပိုင်း) သမဝါယမ အသင်းစုချုပ် ဥက္ကဋ္ဌ ဦးကျော်မြခိုင်၊ ရှမ်းပြည်နယ် သမဝါယမ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ယုယုအေး၊ မြို့နယ် သမဝါယမ အသင်း ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် အသင်းဝင်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ရှမ်းပြည်နယ် စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ကျော်ညွန့်က လမ်းညွှန် အဖွင့် အမှာစကား ပြောကြားပြီး နိုင်ငံတော်၏ အမျိုးသား စီးပွားရေးနှင့် လူမှုရေး အကြံပေးကောင်စီ အဖွဲ့ဝင် ဗဟို သမဝါယမအသင်း ဥက္ကဋ္ဌ ဦးခင်မောင်အေးက သမဝါယမ လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်း မှာကြားသည်။ ဆက်လက်၍ ရှမ်းပြည်နယ် (တောင်ပိုင်း/ အရှေ့ပိုင်း) သမဝါယမ အသင်းစုချုပ် ဥက္ကဋ္ဌ ဦးကျော်မြခိုင်က သမဝါယမ လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်း တင်ပြပြီး တက်ရောက် လာကြသူများက သမဝါယမ လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး တင်ပြသည်။
ထို့နောက် ဆွေးနွေး တင်ပြချက်များအပေါ် မူတည်၍ နိုင်ငံတော်၏ အမျိုးသား စီးပွားရေးနှင့် လူမှုရေး အကြံပေးကောင်စီ အဖွဲ့ဝင် ဗဟို သမဝါယမ အသင်းဥက္ကဋ္ဌ ဦးခင်မောင်အေးက လိုအပ်သည်များကို ပြန်လည် ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။
http://www.myawady.net.mm

တောင်ကြီးမြို့ မိုးလုံလေလုံ အားကစား ခန်းမ၌ စစ်တုရင်ပြိုင်ပွဲ ကျင်းပ

 စစ်တုရင်ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
နေပြည်တော် စက်တင်ဘာ ၁၈
၂ဝ၁၃ခုနှစ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တုရင်ပြိုင်ပွဲ ဖွင့်ပွဲကို စက်တင်ဘာ ၁၇ရက် နံနက်ပိုင်းက တောင်ကြီးမြို့ မိုးလုံလေလုံ အားကစား ခန်းမ၌ ကျင်းပရာ တပ်မတော် ကာကွယ်ရေး ဦးစီး
ချုပ် ကိုယ် စား အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးထွဋ်က အဖွင့်အမှာ စကား ပြောကြားပြီး ပထမ နေ့ပွဲစဉ် ယှဉ်ပြိုင်နေမှု များကို ကြည့်ရှု အားပေးသည်။
အဆိုပါပြိုင်ပွဲ ဖွင့်ပွဲသို့ တိုင်းမှူး ဗိုလ်ချုပ် စိုးထွဋ်၊ တိုင်းစစ်ဌာနချုပ်မှ တပ်မတော် အရာရှိကြီးများ၊ တပ်နယ်၊ တပ်ရင်း/ တပ်ဖွဲ့ မှူးများ၊ အရာရှိ/ စစ်သည်၊ မိသားစုများ တက်ရောက် ခဲ့ကြကြောင်းနှင့် ပြိုင်ပွဲကို အသင်း ၂၂သင်းဖြင့် စက်တင် ဘာ ၂၇ ရက်အထိ ကျင်းပမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
http://www.myawady.net.mm

တောင်ကြီး အထက (၁)တွင်ကျောင်းပေါင်းစုံ သင်္ချာ ဥာဏ်စမ်းပြိုင်ပွဲ ကျင်းပ

တောင်ကြီး  စက်တင်ဘာ  ၁၈
ရှမ်းပြည်နယ် တောင်ကြီးမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း ဒေါ်ခင်သိန်း ကျောင်းဆောင်၌
ယမန်နေ့ နံနက် ၉ နာရီက HORIZON ကျောင်းပေါင်းစုံ သင်္ချာ ဥာဏ်စမ်းပြိုင်ပွဲ ကျင်းပခဲ့သည်။
ပြိုင်ပွဲကို မူလတန်း အဆင့်၊ အလယ်တန်း အဆင့်၊ အထက်တန်း အဆင့်ဟူ၍ အပိုင်း သုံးပိုင်းခွဲကာ ကျင်းပခဲ့ပြီး ပြိုင်ပွဲသို့ တောင်ကြီးမြို့ပေါ်ရှိ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းများ နှင့်ပုဂ္ဂလိက ကျောင်း ၁၇ ကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူများ၊ မူလတန်းအဆင့် ပြိုင်ပွဲတွင် ၂၈ဝ ဦး၊ အလယ်တန်း အဆင့်ပြိုင်ပွဲတွင် ၂ဝ၉ ဦးနှင့် အထက်တန်းအဆင့် ပြိုင်ပွဲတွင် ၁၅၈ ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၆ဝဝ ကျော် ဝင်ရောက် ယှဉ်ပြိုင် ဖြေဆိုခဲ့ကြောင်း သိရသည်။ အဆိုပါ HORIZON ကျောင်းပေါင်း စုံသင်္ချာ ဥာဏ်စမ်းပြိုင်ပွဲကို ကျောင်း သား၊ ကျောင်းသူများ အတွက် သင်္ချာဘာသာရပ်တွင် စိတ်အားထက် သန်မှု တိုးပွားလာစေရန်နှင့် ကျောင်းသား၊ ကျောင်း သူများ၏ နက်နဲစွာ စဉ်းစားတွေးခေါ်နိုင်မှု စွမ်းရည် တိုးတက် လာစေရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
http://www.myawady.net.mm

ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေး ဆိုင်ရာ မိဘ အသိပညာပေး ဟောပြော

တောင်ကြီး  စက်တင်ဘာ ၁၇
ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီ (TCRC)မှ ကြီးမှူး၍
လူမှုဝန်ထမ်း ဦးစီးဌာနနှင့် Unicef တို့ ပူးပေါင်း ကျင်းပသော ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေး ဆိုင်ရာ မိဘ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက တောင်ကြီးမြို့ မြို့နယ် ကော်မရှင်ရုံး ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်နယ် လူမှုဝန်ထမ်းရုံး လက်ထောက် ညွှန်ကြားရေးမှူး ဦးတင်အောင်ရီက ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာတို့ကို ရှင်းလင်း၍ အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် တောင်ကြီးမြို့နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ (TCRC) ဥက္ကဋ္ဌ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သိန်း ကိုယ်စား ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်နိုင်ဦးက မြို့နယ် အချို့တွင် အသက် မပြည့်မီသေးသည့် ကလေးများ မနိုင်သည့် တာဝန်များ ထမ်းဆောင်လုပ်ကိုင် နေသည်ကို တွေ့မြင် နေရသည့် အကြောင်းနှင့် မိဘများကလည်း သားသမီးများ၏ ဝါသနာပါသည့် အလုပ်ကို မလုပ်စေဘဲ မိမိဖြစ်စေချင်သော ဆန္ဒကို သာ သားသမီးများကို လုပ်ကိုင်ခိုင်းစေမှု များကြောင့် ကလေးသူငယ်များ စိတ်အားထက်သန်မှု နည်းပါးရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်တက္ကသိုလ် စိတ်ပညာဌာန တွဲဖက်ပါမောက္ခ (ငြိမ်း) ဒေါက်တာ သက်ထားဝင်းက ကလေး သူငယ် ကာကွယ် စောင့်ရှောက်ခြင်းဆိုင်ရာ မိဘ အသိပညာပေး ဟောပြောဆွေးနွေးရာ တက်ရောက် လာကြသူများက မိမိတို့ သိလိုသည့် အချက်များ မေးမြန်းကြရာ တာဝန်ရှိသူများက အသီးသီး ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ မိဘ အသိပညာပေး ဟောပြောပွဲသို့ ပြည်နယ် လူမှုဝန်ထမ်း ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးတင်အောင်ရီနှင့် တာဝန်ရှိသူများ၊ ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်နိုင်ဦး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ် ကလေးသူငယ် အခွင့် အရေးဆိုင်ရာ ကော်မတီဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ မိဘများနှင့် ဖိတ်ကြားထားသည့် ဧည့်သည် များတက်ရောက်ကြောင်း သတင်း ရရှိသည်။
http://www.myawady.net.mm

တောင်ကြီးမြို့တွင် မဟာဒုတ်အလှူပွဲများကျင်းပ

တောင်ကြီးမြို့၊ စက်တင်ဘာလ (၂၀)
တောင်ကြီးမြို့၊ ချမ်းသာရပ်ကွက်တွင် (၁၉)ရက်နေ့ တော်သလင်းလပြည့်နေ့တွင် စာရေးတံမဲပွဲ (မဟာဒုတ်) အလှူအား စည်းကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ပြီး၊ ဘုရားမဲနှိုက်ကာ မဲပေါက်သောအိမ်သို့မြတ်စွာဘုရား
ကိုယ်စားတော်ဖြစ်သော မြတ်စွာဘုရားဆင်းတုတော်ကြွရောက်ပြီး၊ ကျန်ရပ်ကွက်အတွင်းရှိအိမ်များသို့ ဘုန်း ကြီးကျောင်းများမှ ဆရာတော်များ၊ ရဟန်းသံဃာများ မဲအစီအစဉ်အလိုက် ကြွရောက်ချီးမြှင့်ကြပြီး၊ အာရုံဆွမ်း၊
နေ့ဆွမ်းစသည်ဖြင့် ကပ်လှူကြပါသည်။ လူပရိသတ်များအား လည်း ထမင်း၊ ခေါက်ဆွဲ၊ မုန့်အမျိုးမျိုးဖြင့် တည် ခင်းဧည့်ခံကြပြီး၊ သဒ္ဓါတရားထက်သန်စွာလှူဒါန်းသောပြည်သူပွဲဖြစ်ကြောင်း၊ ယင်းသို့နည်းတူ စိန်ပန်းရပ်ကွက်၊ ချမ်းမြသာစည်ရပ်ကွက်၊ ရွှေတောင်ရပ်ကွက်တို့တွင်လည်း ပြုလုပ်ကျင်းပခဲ့ကြကြောင်းသတင်းရရှိပါသည်။
HAK

17 September 2013

တရားမဝင် သယ်ဆောင်လာသော မြွေမျိုးစုံ ဖမ်းဆီးရမိ

တောင်ကြီး  စက်တင်ဘာ  ၁၁
ရှမ်းပြည်နယ် မူဆယ်မြို့  (၁ဝ၅)မိုင် နယ်စပ် ကုန်သွယ်ရေး ဇုန်အထွက် မူဆယ် မောင်းတံဂိတ်တွင် ယမန်နေ့ မွန်းတည့် ၁၂ နာရီက တရားမဝင် သယ်ဆောင်လာသော မြွေမျိုးစုံ ဖမ်းဆီး ရမိခဲ့သည်။
ဖြစ်စဉ်မှာ မူဆယ် (၁ဝ၅) မိုင် နယ်စပ် ကုန်သွယ်ရေး ဇုန်အထွက်  မူဆယ် မောင်းတံဂိတ်တွင် လားရှိုးဘက်မှ ယာဉ်မောင်း မင်းဇော်ဦး ၂၄ နှစ်(ဘ) ဦးကျင်အောင် မူဆယ်မြို့နေသူ မောင်း နှင်လာသော ယာဉ်အမှတ် ၅ဂ/----- ဆပ်ဖ်အမျိုးအစား မော်တော်ယာဉ်သည် (၁ဝ၅) မိုင်စစ်ဆေးရေး ဂိတ်တွင် စစ်ဆေးမှု မခံယူဘဲ ဖြတ်သန်း မောင်းနှင် လာသောကြောင့် အကောက်ခွန်မှူး ဦးအောင်နိုင်ဌေး ဦးဆောင်သော အဖွဲ့က ရှာဖွေ စစ်ဆေးရာ ယာဉ်ပေါ်တွင် မြွေမျိုးစုံ အရှင်၊ အသေ ၃၆၄ ကီလိုဂရမ်ခန့်ကို ရှာဖွေ သိမ်းဆည်း ရမိခဲ့သည်။  ဖြစ်စဉ်နှင့် ပတ်သက်၍ မင်းဇော်ဦး အား မူဆယ်မြို့မရဲစခန်းမှ (ပ)၁၉၆/ ၂ဝ၁၃၊ တောရိုင်းအက် ၃၅(ဃ) အရ အမှုဖွင့်  အရေးယူ စစ်ဆေးလျက် ရှိကြောင်း သတင်း ရရှိသည်။  
ww.myawady.net.mm/

စိတ်ကြွ ရူးသွပ် ဆေးပြားများ ထပ်မံ သိမ်းဆည်း ရမိ …..

စိတ်ကြွ ရူးသွပ် ဆေးပြားများ ထပ်မံ သိမ်းဆည်း ရမိ …..
နေပြည်တော် စက်တင်ဘာ ၁၁
ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင် ရဲတပ်ဖွဲ့ ဝင်များက စက်တင်ဘာ ၅ရက်တွင် ဘန်းယဉ်မြို့နယ် အတွင်း လှည့်ကင်း တာဝန် ထမ်းဆောင်စဉ် အစိုင်း(ခ) စိုင်းစိုင်း၊ အားစီ(ခ) သက်မြင့်ထွန်းတို့အား ဟိုင်းလတ်ဖိုးဝှီး ခဲရောင်ယာဉ် နှင့် ဗွီဂို အဖြူရောင် ယာဉ် နှစ်စီး နှင့်အတူ စိတ်ကြွ ရူးသွပ်ဆေးပြားများ၊ လက်နက် ခဲယမ်းများ သိမ်းဆည်း ရမိခဲ့မှုကို စက်တင် ဘာ ၈ ရက်ထုတ် မြဝတီ သတင်းစာတွင် သတင်း ဖော်ပြခဲ့ပြီး ဖြစ်သည်။
အဆိုပါ တရားခံ နှစ်ဦးတို့အား သက်သေခံ ယာဉ်နှစ်စီး နှင့်အတူ စက်တင်ဘာ ၁ဝရက် နံနက်ပိုင်းက ဆီဆိုင်မြို့မှ တောင်ကြီး မြို့ရှိ နယ်မြေခံ ရဲစခန်းသို့ ပြောင်းရွှေ့ ထိန်းသိမ်း ထားရှိပြီး ယာဉ်/ စက်ပြင် ကျွမ်းကျင်သူများဖြင့် မော်တော် ယာဉ်နှစ်စီးအား အသေးစိတ် စစ်ဆေး ရှာဖွေရာ ဟိုင်းလတ်ဖိုးဝှီး ခဲရောင်ယာဉ်အတွင်း ယာဉ်မောင်း ထိုင်ခုံ၏ အနောက် ဘက်အခန်း ဘယ်/ညာ ဘက်ဆိုဒ် ကာဘာနှင့် ဘော်ဒီ အကြားများနှင့် ဂီယာတံ အဖုံးအောက်မှ WY စာတန်းပါ ပန်းရောင် စိတ်ကြွ ရူးသွပ်ဆေးပြား တစ်ထုတ်လျှင် ၉၈ဝဝပြားပါ အထုပ် ရှစ်ထုပ် စုစုပေါင်း ၇၈၄ဝဝပြား၊ တန်ဖိုးငွေ ၃၁၃၆ သိန်း အား ထိပ်မံ သိမ်းဆည်း ရမိခဲ့ကြောင်း သတင်း ရရှိသည်။

 http://www.myawady.net.mm

14 September 2013

ဝီလီယံ ရှိတ်စပီးယား

 ဝီလီယံ ရှိတ်စပီးယား
ဝီလီယံ ရှိတ်စပီးယား
ကမ္ဘာကို ပြောင်းလဲစေခဲ့သော ပုဂ္ဂိုလ်များတွင် ဝီလီယံ ရှိတ်စပီးယားကိုတော့ ယေဘုယျအားဖြင့် အင်္ဂလိပ် စာပေမှာအကြီးကျယ်ဆုံး ပြဇာတ် စာရေးဆရာအဖြစ် သဘောတူ လက်ခံထားကြပါတယ်။ သူဟာ သရုပ်ဆောင် တစ်ယောက် အဖြစ်
ဘဝကို စတင်ခဲ့ပြီး အချစ်ကဗျာ ၁၅၄ ပုဒ်နဲ့ ပြဇာတ် ၃၇ပုဒ် ရေးခဲ့ပါတယ်။ အဲဒီပြဇာတ်တွေထဲမှာ ဟမ်းမလက်၊ လီယာမင်းကြီး၊ ရိုမီယိုနဲ့ ဂျူးလီးယက်၊ မက္ကဘက် တို့ အပါအဝင် ဖြစ်ပါတယ်။ ရှိတ်စပီးယားဟာ အင်္ဂလိပ်ဘာသာ မှာလည်း စကားလုံး အသစ် ၁၇ဝဝ ကျော် မွေးဖွားပြုစု ပေးနိုင်ခဲ့ပါတယ်။

ကိုယ်ဝန်အတုဖြင့် ကိုကင်း သယ်ဆောင်သည့် ကနေဒါ အမျိုးသမီး တစ်ဦးအား ကိုလံဘီယာတွင် ဖမ်းဆီးရမိ

ကိုယ်ဝန်အတုဖြင့် ကိုကင်း သယ်ဆောင်သည့် ကနေဒါ အမျိုးသမီး တစ်ဦးအား ကိုလံဘီယာတွင် ဖမ်းဆီးရမိ
ဘိုကိုတာ စက်တင်ဘာ ၁၂
ကိုလံဘီယာ နိုင်ငံ ဘိုကိုတာ လေဆိပ်မှ တာဝန် ရှိသူများသည် ကိုကင်း ၂ ကီလိုဂရမ် အားကိုယ်ဝန် အတုတွင်း ထည့်၍ သယ်ဆောင်လာသည့် ကနေဒါ အမျိုးသမီးတစ်ဦးကို စက်တင်ဘာ ၁၂ရက်က ဖမ်းဆီးရမိ ခဲ့ကြောင်းသိရသည်။ အသက် ၂၈ နှစ်အရွယ်ရှိ
တာဘီသာ လိခ်ျရစ်တ်ချီဆိုသူ ကနေဒါ အမျိုးသမီးသည် အဆိုပါ ကိုကင်း ၂ ကီလိုဂရမ်အား ၎င်း၏ ဗိုက်တွင် တိပ်ဖြင့်ကပ်လျက် အပေါ်မှ ကိုယ်ဝန်အတုကို ထပ်အုပ်ကာ ကိုလံဘီယာနိုင်ငံမှ ကနေဒါနိုင်ငံသို့ ထွက်ခွာရန် ကြိုးပမ်းစဉ် လေဆိပ်၏ အကောက်ခွန်ဌာန အရောက်တွင် တာဝန်ရှိသူများက မသင်္ကာသဖြင့် ခေါ်ယူ စစ်ဆေး ရာမှ ဖမ်းဆီး ခံခဲ့ရခြင်း ဖြစ်သည်။ အဆိုပါပြစ်မှုနှင့် စပ်လျဉ်း၍ စုံစမ်းစစ် ဆေးမှုများ ပြုလုပ်လျက်ရှိပြီး ပြစ်မှု ထင်ရှားပါက ၎င်းအမျိုးသမီးသည် ထောင်ဒဏ် ၈ နှစ်အထိ ကျခံရနိုင်ဖွယ် ရှိကြောင်း၊
ထိုကဲ့သို့ နည်းလမ်းကို အသုံးပြု၍ ဘိန်းဖြူ သယ်ယူမှုမှာ ယခုအကြိမ်သည် ပထမဆုံး အကြိမ်အဖြစ် မြင်တွေ့ရခြင်း ဖြစ်ကြောင်းနှင့် ကိုလံဘီယာနိုင်ငံ အတွင်းဖမ်းဆီး ထိန်းသိမ်း ခံထားရသည့် နိုင်ငံခြားသား ၈၇၄ဦးအနက် အများစုမှာ ဘိန်းဖြူ သယ်ယူမှုများ ဖြစ်ကြောင်း ကိုလံဘီယာနိုင်ငံ မူးယစ်ဆေးဝါး တားဆီး တိုက်ဖျက်ရေး ရဲတပ်ဖွဲ့မှ ဒုတိယ ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး အက်စ်တီဘန် အေးရီးစ်ကပြောကြား ခဲ့သည်။
http://www.myawady.net.mm