
ရန်ကုန် အောက်တိုဘာ ၂၃
မြန်မာ တစ်နိုင်ငံလုံး Wi-Fi စနစ်ဖြင့်
ဝန်ဆောင်မှု ပေးခြင်းကို ၂ဝ၁၄ ခုနှစ် ပထမခြောက်လ အတွင်း အကောင်အထည်ဖော်
ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းမှ
ဒုတိယ အင်ဂျင်နီယာချုပ် ဦးရဲနိုင်မိုးက ပြောကြားခဲ့သည်။
''ယခုလို Wi-Fi စနစ်ကို ဝန်ဆောင်မှု
ပေးနိုင်ဖို့အတွက် ကျွန်တော်တို့ မြန်မာ့ဆက်သွယ်ရေး အနေနဲ့ ပြည်တွင်း၊
ပြည်ပ လုပ်ငန်းရှင်တွေနဲ့ အကျိုးတူ ပူးပေါင်းမှု ပြုလုပ်လို့ ရအောင်
ဖိတ်ခေါ်ထားပါတယ်။ ကျွန်တော်တို့ မြန်မာ့ဆက်သွယ်ရေး အနေနဲ့ ၂ဝ၁၄ ခုနှစ်
ပထမခြောက် လအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ Wi-Fi လွှတ်နိုင်အောင်
အကောင်အထည် ဖော်ဆောင်ရွက် သွားမှာပါ'' ဟု ၄င်းက ဆက်လက် ပြောကြားခဲ့သည်။
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၏ လက်အောက်ရှိ
သတင်း အချက်အလက် နည်းပညာ ဌာနများ ဖြစ်သည့် အင်တာနက် ဝန်ဆောင်မှုများကို
Broad-band Wireless (Wi-Fi) စနစ်ဖြင့် ဝန်ဆောင်မှု ပေးနိုင်ရန် အတွက်
ပြည်တွင်း၊ ပြည်ပမှ စိတ်ဝင်စားသည့် လုပ်ငန်းရှင်များနှင့် ကုမ္ပဏီများ
အနေဖြင့် အကျိုးတူပူးပေါင်း လုပ်ဆောင်ရန် လျှောက်ထားနိုင်ကြောင်း မြန်မာ့
ဆက်သွယ်ရေးမှ တရားဝင် ထုတ်ပြန်ထားသည်။
ဆက်လက်၍ ဦးရဲနိုင်မိုးက ''အကျိုးတူ
ပူးပေါင်းချင်တဲ့ လုပ်ငန်းရှင်တွေ အနေနဲ့ လုပ်ကိုင် ဆောင်ရွက်လိုတဲ့ နေရာ၊
ဒေသများတွင် ဆာဗေးလုပ်ပြီး လာရောက် လျှောက်ထားနိုင် ပါတယ်'' ဟု
ပြောကြားခဲ့သည်။
ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများသည် အကျိုးတူ
ပူးပေါင်း ဆောင်ရွက်လိုသည့် ပုံစံနှင့် ဝန်ဆောင်မှု ပေးမည့် ပြည်နယ်နှင့်
တိုင်းဒေသကြီးများကို ဆာဗေးပြုလုပ်ကာ Technical and Business Model
Proposal မူကြမ်းကို နိုဝင်ဘာ ၃ဝ ရက်တွင် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း
သတင်း အချက်အလက်နှင့် နည်းပညာ ဌာနသို့ ပေးပို့နိုင်ကြောင်း သိရသည်။
အိချယ်ရီအောင်
http://www.myawady.net.mm
No comments:
Post a Comment