
လန်ဒန် စက်တင်ဘာ ၃ဝ
ဗြိတိန်နိုင်ငံသည် ၎င်း၏စစ်ဘက်တွင် ဆိုက်ဘာ
တိုက်ခိုက်မှုများကို တန်ပြန် တိုက်ခိုက်ရန် အတွက် နည်းပညာပိုင်း ဆိုင်ရာ
နားလည် တတ်ကျွမ်းသော သူများကို စုဆောင်းသွားမည်ဖြစ်ကြောင်း ဗြိတိန်
ကာကွယ်ရေး ဝန်ကြီးဌာနက စက်တင်ဘာ ၂၉ ရက်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။
အဆိုပါ စုဆောင်းရရှိသော ဆိုက်ဘာ
အရန်တပ်သား များကို ကွန်ပျူတာ ကွန်ရက်နှင့် သတင်း အချက်အလက်များ လုံခြုံရေး
အတွက် ပူးတွဲ ဆိုက်ဘာ တပ်ရင်းအသစ်တွင် တာဝန် ပေးအပ်သွားမည် ဖြစ်ကြောင်း
သိရသည်။ ထိုကဲ့သို့ ကွန်ပျူတာ နည်းပညာ ကျွမ်းကျင်သူများကို စုဆောင်း
အသုံးပြုခြင်းသည် ဆိုက်ဘာ တိုက်ခိုက်မှုကို တန်ပြန် တိုက်ခိုက်ရန်နှင့်
လိုအပ်ပါက စစ်ဘက် အနေဖြင့်လည်း ဆိုက်ဘာ တိုက်ခိုက်မှုများ
ပြုလုပ်သွားနိုင်ရန် ရည်ရွယ်ကြောင်း ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၏
ကွန်ဆာဗေးတစ် ပါတီက ထုတ်ပြန် ပြောကြားခဲ့သည်။
ဗြိတိန်စစ်ဘက် အနေဖြင့် သတင်း အချက်အလက်
နည်းပညာ အပေါ်တွင် မှီခိုနေရမှုကြောင့် ဆိုက်ဘာ တိုက်ခိုက်မှု ခံရပါက စစ်ဘက်
ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် စနစ်များ၊ ရေဒါနှင့်ဂြိုဟ်တုများ အပြင်
တိုက်ခိုက်ရေး တပ်ရင်းများတွင် ပါဝင်သည့် လေယာဉ်များနှင့် သင်္ဘောများကို
သုံးမရအောင် ဖျက်ဆီးသွားမည် ဖြစ်ကြောင်းနှင့် ထိုကဲ့သို့သော အခြေအနေများ
အတွက် ဆိုက်ဘာတန်ပြန် တိုက်ခိုက်မှု လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း သိရသည်။
http://www.myawady.net.mm
No comments:
Post a Comment