
သွေးတိုးအတွက် စိတ်မသက်မသာ ဖြစ်နေတဲ့သူတွေ အတွက် သွေးကို ထိန်းပေးနိုင်မယ့် အစားအသောက် အကြောင်းပြောရရင်-
သွေးတိုးဆိုတာ သွေးဖိအားအပေါ် သွေး ၁၄ဝ
မီလီမီတာနဲ့ အောက်သွေး ၉ဝ မီလီမီတာ မာကျူရီထက် မပိုသင့်ဘူး။
သွေးတိုးဖြစ်စေတဲ့ အကြောင်းအရင်း ၁ဝ ရာခိုင်နှုန်းသာရှိပြီး ဆက်နွှယ်
စဉ်းစားရတာက ၉ဝ ရာခိုင်နှုန်းသော လူတွေရဲ့ စားသောက်မှုနဲ့ နေထိုင်မှု
ပုံစံတွေကြောင့် ဖြစ်တယ်။
လူတွေ အပျင်းကြီးလာတယ်။ ထိုင်ရာကနေ
မထနိုင် ဖြစ်လာကြတယ်။ လက်နဲ့ ကိုယ်တိုင်မလုပ်ဘဲ အိမ်အကူ ခေါ်ကြတယ်။
လှေကားအတိုင်း မတက်ဘဲ၊ စက်လှေကား၊ ဓာတ်လှေကားနဲ့ တက်တယ်။ လမ်းမလျှောက်ဘဲ
ကားနဲ့ သွားလာကြတယ်။ နေ့စဉ် နာရီဝက် အားကစားလုပ်၊ လမ်းလျှောက်၊ အပြေး၊
စက်ဘီးစီး မလုပ်ဘဲ၊ တီဗွီကြည့်၊ ဂိမ်းထိုင်နှိပ်ကြတယ်။ အသင့် အမြန်စား
အစားအစာတွေ များလာတယ်။ အချိုမှုန့်၊ ကြက်သားမှုန့်နဲ့ အငန်တို့လို
အစားအသောက်တွေ စားတော့ သွေးပေါင် တက်လာစေတယ်။
ဆီးချို ဟော်မုန်းထုတ်လုပ် ဂလင်းပုံမှန်
မဖြစ်တဲ့ ရောဂါ၊ ကျောက်ကပ်ရောဂါ၊ ကိုယ်ဝန်ဆောင်ခြင်းနဲ့ ဆေးဝါးရဲ့ ဘေးထွက်
ဆိုးကျိုးတွေကြောင့် သွေး တိုး ဖြစ်လာစေတယ်။ ပဋိသန္ဓေတားဆေး စတီးရွိုက်နဲ့
ဟော်မုန်းစားရင် သွေးတိုးစေတယ်။
သွေးတိုးကို မကုဘဲထားရင် ရေရှည်ခန္ဓာကိုယ်
အင်္ဂါအစိတ်အပိုင်း အဖွဲ့အစည်းတွေကို တိုက်ခိုက် ခံရတတ်တယ်။ သွေးကြောတွေ
ပျက်စီးစေပြီး အချိန်မတိုင်မီ နှလုံးက သွေးညှစ်အား မကောင်းခြင်း၊
လေသင်တုန်း ဖြတ်ခြင်းဖြစ်စေတယ်။
ဆီးရွှင်ဆေးဟာ အရည်နဲ့ ဆားဓာတ်
ဖယ်ထုတ်ပေးပြီး သွေးကြောတွေရဲ့ ခုခံအားကို လျော့စေတယ်။ ဘီတာဘလော့ကာတွေ က
နှလုံး ခုန်နှုန်း နှေးစေပြီး နှလုံးကြွက်သား အားလျော့စေတယ်။
ဖေဆိုဒိုင်လေတာက သွေးလွှတ်ကြော ချဲ့ပေးတယ်။ အေစီအီးအင် ဟစ်ဗစ်တာ က
သွေးကြောကျယ်တဲ့ ဆေးအနေနဲ့ရော ဆီးချိုအနေနဲ့ပါ အကျိုး သက်ရောက်စေတယ်။
သွေးဖိအား ပုံမှန်ဖြစ်သွားပေမဲ့
ရေရှည်ဆေးဝါး သောက်ရတယ်။ အနားယူခြင်း၊ စိတ်ဖိစီးမှု လျှော့ချရေး၊
ကိုယ်အလေးချိန် လျှော့ချရေး၊ နေ့စဉ် နာရီဝက် အားကစား၊ အပြေး၊ လမ်းလျှောက်၊
စက်ဘီးစီး လုပ်သင့်တယ်။
သွေးတိုးတာ ကာကွယ်ဖို့ ဓာတ်တိုး
ဆန့်ကျင်ပစ္စည်း ကြွယ်ဝတဲ့ အစာ စားသုံးသင့်တယ်။ ဘီတာကယ်ရိုတင်း၊ ဗီတာမင်စီ၊
ဗီတာမင်အီးနဲ့ ဆီလီနီယမ် သတ္တုဓာတ် ကြွယ်ဝတဲ့ အစာ စားသင့်တယ်။
ဂျုံစေ့အဆန်၊ အခွံမာသီး၊ ဗီတာမင်အီး ကြွယ်ဝတာတွေကို စားသင့်တယ်။ သည်အစာထဲက
ငါးမျိုးကို နေ့စဉ်စားသင့်တယ်။ အဆီများတဲ့ ပင်လယ်ငါးစားရင် အိုမီဂါ
သုံးနဲ့ အိုမီဂါ ခြောက်၊ ဖက်တီး အက်စစ်ပါနေတာကြောင့် သွေးတိုး သက်သာစေတဲ့
သွေးဖိအား လျော့ပြီး ခန္ဓာကိုယ်ထဲက မကောင်းတဲ့ ကိုလက်စထရောကို
သန့်စင်ပေးပြီး သွေးခဲနိုင်မယ့် အလားအလာ လျှော့ပေး တယ်။ အကောင်းဆုံး၊
အသင့်လျော်ဆုံးက အမျှင်ဓာတ်ကြွယ်တဲ့ အစားတွေပဲ။ ကွေကာ၊ ခေါက်ဆွဲကြော်၊
ထမင်းနဲ့ဟင်း၊ ပေါင်မုန့် စားပေးသင့်တယ်။ အဆီများတဲ့ အသား၊ မလိုင်ပါတဲ့
နို့နဲ့နို့ထွက်ပစ္စည်း၊ ကိတ်မုန့်၊ ဘီစကွတ်များ၊ မာဂျရင်းတို့
လျှော့စားရမယ်။ ဆားပါဝင်မှုများတဲ့ အစားအစာနဲ့ မုန့်တွေကိုအတတ်နိုင်ဆုံး
လျှော့စားပါ။ ဗီတာမင်နဲ့ သတ္တုဓာတ် မြင့်တဲ့ အားဆေးကို ဆင်ခြင်သောက်ရမယ်။
ပိုတက်စီယမ် ကြွယ်ဝတဲ့အစား (ငှက်ပျောသီး)စားပါ။ http://www.myawady.net.mm
No comments:
Post a Comment