14 October 2013

လမ်းမီးများ ပြုပြင် တပ်ဆင်ခြင်း လုပ်ငန်း ဆောင်ရွက်

တောင်ကြီး     အောက်တိုဘာ     ၉
ရှမ်းပြည်နယ် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးတစ်လျှောက်၌ ယမန်နေ့ နံနက် ၉ နာရီက တောင်ကြီးမြို့နယ် စည်ပင်သာယာရေး ဌာနနှင့်
မြို့နယ် လျှပ်စစ် အင်ဂျင်နီယာရုံးတို့ ပူးပေါင်း၍ လျှပ်စစ် အန္တရာယ် ကင်းရှင်းစေရန်နှင့် မြို့တော်သာယာ လှပရေးအတွက် လမ်းမီးများ ပြုပြင် ဆောင်ရွက် လျက် ရှိသည်။
အဆိုပါ ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီး တစ်လျှောက်ရှိ လမ်းမီးတိုင် ၁၆ဝ ရှိ မာကျူရီ မီးသီးများမှ မီးမလင်းသော မီးသီးများကို အသစ်လဲလှယ် တပ်ဆင်ခြင်း၊ ဟောင်းနွမ်း ဆွေးမြည့်နေသော မီးကြိုးများ အသစ်လဲလှယ် တပ်ဆင်ခြင်း လုပ်ငန်းများကို တောင်ကြီးမြို့နယ် စည်ပင်သာယာရေး ဌာနမှ ဝန်ထမ်းများနှင့် မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ လျှပ်စစ်ဝန်ထမ်း များက ပြုပြင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
http://www.myawady.net.mm

No comments:

Post a Comment