တောင်ကြီး အောက်တိုဘာ ၁
ရှမ်းပြည်နယ် တောင်ကြီးမြို့
ကျောင်းကြီးစု ရပ်ကွက် မုံတဝ လမ်းပေါ်''ရွှေစင်'' ကဖေးရှေ့တွင် ယမန်နေ့ ညနေ ၃
နာရီခွဲက ယာဉ်တိုက်မှု တစ်ခုဖြစ်ပွား ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကျောင်းကြီးစု ရပ်ကွက်
မုံတဝလမ်းပေါ် ''ရွှေစင်'' ကဖေးရှေ့တွင် ယာဉ်မောင်း မမိုလှိုင်း ၃၇ နှစ်
(ဘ)ဦးမိုက်ခမ်း ကျောင်းကြီးစု ရပ်ကွက် တောင်ကြီးမြို့နေသူ မောင်းနှင်သည့်
၅ဂ/------ CRV အမျိုးအစား ခဲရောင်ယာဉ်သည် မုံတဝလမ်း အတိုင်း အရှေ့မှ
အနောက်သို့ မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ ရပ်ထားသော
ဆိုင်ကယ်နှင့် လမ်းလျှောက်နေသူ မောင်ဝင်းထွန်း၊ ထက်မြက်အောင်နှင့်
မဝင်းဝင်းမော်တို့ သုံးဦးအား တိုက်မိရာ မောင်ဝင်းထွန်း ၈ နှစ် (ဘ)
ဦးမြင့်အောင် ကျောင်းကြီးစု ရပ်ကွက် တောင်ကြီးမြို့ နေသူတွင်
ဦးခေါင်းထိပ် ပွန်းပဲ့ဒဏ်ရာ၊ ဝဲ/ယာ ခြေဖမိုး ပွန်းပဲဒဏ်ရာ၊ မေးစေ့နှင့်
ကျောတွင် ပွန်းပဲ့ ဒဏ်ရာ၊ ထက်မြက်အောင် ၉ နှစ် (ဘ)ဦးကျော်မင်းသန်း
ကျောင်းကြီးစု ရပ်ကွက် တောင်ကြီးမြို့ နေသူတွင် ဝဲလက် ပွန်းပဲ့ဒဏ်ရာ၊
မဝင်းဝင်းမော် ၃ဝ နှစ် (ဘ)ဦးရာဂျမ်း စပယ်လမ်း ကျောင်းကြီးစု ရပ်ကွက်
တောင်ကြီးမြို့ နေ သူတွင် ယာပေါင် ပွန်းပဲ့ဒဏ်ရာများ အသီးသီး ရရှိသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ မမိုလှိုင်းအား
တောင်ကြီးမြို့မ ရဲစခန်းမှ ယာဉ်(ပ)၁၅/၂ဝ၁၃၊ ပြစ်မှု ၂၇၉/၃၃၇/၃၃၈ အရ
အမှုဖွင့် အရေးယူ ဆောင်ရွက် ထား ရှိကြောင်း သိရသည်။
http://www.myawady.net.mm
No comments:
Post a Comment