ပေကျင်း အောက်တိုဘာ ၃
တရုတ်နိုင်ငံ အလယ်ပိုင်း ရှန်းရှီး
ပြည်နယ်တွင် အဆိပ်ပြင်း ပျားတူများ၏ တိုက်ခိုက်မှုကြောင့် ၄၁
ဦးသေဆုံးခဲ့ပြီး ၁၆၀၀ ဦးကျော် ဒဏ်ရာ ရရှိခဲ့ကြောင်း အဆိုပါ ပြည်နယ်
အစိုးရ အဖွဲ့မှ အောက်တိုဘာ ၂ ရက်က အတည်ပြု ပြောကြားခဲ့သည်။
ပျားတူများ တုပ်ခံရပြီးနောက် လူရာ
ပေါင်းများစွာသည် ကျောက်ကပ် ပျက်စီးခြင်းနှင့် ဓာတ်မတည့် ခြင်းကြောင့်
သေစေနိုင်လောက်သော အဖုအပိမ့် ထွက်ခြင်းများ ခံစား ခဲ့ရ ကြောင်း၊
ယင်းပျားတူများသည် အလျား ၆ မီလီမီတာ ရှိပြီး ၎င်းတို့၏ အဆိပ်များကို
အတုပ်ခံရသူ၏ ခန္ဓကိုယ် အတွင်းသို့ ထိုးသွင်း နိုင်စွမ်းရှိကြောင်း သိရသည်။
အဆိုပါ ပျားတူများသည် ကမ္ဘာ့ အကြီးဆုံး ပျားတူများဖြစ်ပြီး ခန့်မှန်းခြေအားဖြင့် တောင်ပံ တစ်ခုစီသည် သုံးလက်မရှိကြောင်း သိရသည်။
ယင်းပျားများသည် ရာသီဥတု
ပူနွေးလာမှုကြောင့် ယခုနှစ် စက်တင်ဘာနှင့် အောက်တိုဘာ အတွင်း၌ အဆိုပါ
ပြည်နယ် အတွင်းသို့ ၀င်ရောက်လာခဲ့ ခြင်းဖြစ်ကြောင်းနှင့် ယခုအခါ ၎င်းပျား
များ၏ တိုက်ခိုက်မှုကို ကာကွယ်နိုင်ရန် အတွက် ပြည်နယ်အစိုးရက ကြိုးပမ်းလျက်
ရှိသည်၊
http://www.myawady.net.mm
No comments:
Post a Comment